Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အကျဉ်းထောင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့မှုတွေဟာ အကြမ်းဖက်မှုမြောက်ကြောင်း ပြင်သစ်ပြော

ပြင်သစ်မှာ အကျဉ်းထောင်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်တွေဟာ အကြမ်းဖက်မှုမြောက်တယ်လို့ တရားရေး ဝန်ကြီးက ပြောကြားလိုက်ပါတယ်။

ပြင်သစ်မှာ အကျဉ်းထောင်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်တွေဟာ အကြမ်းဖက်မှုမြောက်တယ်လို့ တရားရေး ဝန်ကြီးက ပြောကြားလိုက်ပါတယ်။

ဧပြီ ၁၄ ရက် ညပိုင်းက ပြင်သစ်မှာရှိတဲ့ အကျဉ်းထောင် တချို့ရှေ့မှာ ရပ်ထားတဲ့ ကားတွေ မီးရှို့ဖျက်ဆီးတာ ခံရပြီး ထောင်တစ်ခုကတော့ သေနတ်နဲ့ ပစ်ခတ်တာကိုပါ ကြုံတွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ဝန်ကြီး ဂါရဲလ် ဒါမာနင်ကတော့ အဲဒီ လုပ်ရပ်တွေဟာ အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်ပြီး ပြင်သစ်ဟာ ခြိမ်းလားခြောက်လား ကိစ္စတိုင်းကို လုံးဝ လက်သင့်ခံမှာ မဟုတ်ဘူးလို့ သတိပေးသွားပါတယ်။

တူလွန်၊ အိတ်ဇ်အန်း၊ မာဆေးလ်၊ ဗဲလန့်စ်၊ နိုင်းမက်စ်၊ ဗီလီပင်တီ၊ နန်တယ်ရီတို့လို မြို့တွေမှာရှိတဲ့ အကျဉ်းထောင်တွေဟာ ညပိုင်းအချိန် တိုက်ခိုက်မှုတွေ ကြုံခဲ့တာ ဖြစ်ပါတယ်။ ဒါမာနင်က အဲဒီ ကိစ္စဟာ အစိုးရက မူးယစ်မှောင်ခိုဂိုဏ်းတွေကို ဖိအားပေး တိုက်ဖျက်လာတဲ့ လှုပ်ရှားမှု တစ်ခုကို လက်တုံ့ပြန်မှုလို့ ယုံကြည်ကြောင်း ပြောပါတယ်။

အကျဉ်းထောင်တွေကို ပစ်မှတ်ထားခဲ့တဲ့ တိုက်ခိုက်မှု ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ ပြင်သစ် အကြမ်းဖက်မှု အထူးစုံစမ်းရေး အမှုစစ်ရုံးကလည်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဧပြီ ၁၅ ရက်နေ့မှာတော့ ဒါမာနင်ဟာ တူလွန်မှာရှိပြီး အဝင်ဂိတ်ကို AK-47 သေနတ်နဲ့ လှမ်းပစ်တာ ကြုံခဲ့ရတဲ့ လာဖာလိဒ် အကျဉ်းထောင်ကို ကိုယ်တိုင် သွားရောက် စစ်ဆေးခဲ့ပါတယ်။ အခုကိစ္စမျိုးဟာ အရမ်း အလေးအနက်ထားဖို့ လိုအပ်ကြောင်း၊ အကြမ်းဖက် တိုက်ဖျက်ရေး ဌာနကိုယ်တိုင် တာဝန်ယူပြီး စုံစမ်းမှုတွေ လုပ်နေတဲ့အတွက် သူ့အနေနဲ့ ဝမ်းသာမိကြောင်း ဝန်ကြီးက ဆိုပါတယ်။

ဒီလို တိုက်ခိုက်မှုတွေဟာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ အစိုးရ မူဝါဒတွေကို ဆက်စပ် အကောင်အထည် ဖော်ပေးနေတဲ့ အကျဉ်းထောင် ဝန်ထမ်းတွေကို ခြိမ်းခြောက်တဲ့ အဓိပ္ပါယ်လို့ သူယုံကြည်ကြောင်းလည်း ဒါမာနင်က ပြောကြားသွားပါတယ်။ 

ပြည်ထဲရေး ဝန်ကြီး ဘရူနို ရီတိုင်လူကလည်း အကျဉ်းထောင်တွေ တိုက်ခိုက်ခံရမှုနဲ့ ဆက်စပ်ပြီး အစိုးရဟာ ကျားကုတ်ကျားခဲ တုံ့ပြန်သွားဖို့ လိုတယ်လို့ မှတ်ချက်ပြုထားပါတယ်။ သူက ပြည်ထဲရေး ဝန်ကြီးဌာန အနေနဲ့ အကျဉ်းထောင်တွေမှာ လုံခြုံရေး အစီအမံတွေ ချဲ့ထွင် ဖြန့်ကျက်ဖို့လည်း ချက်ချင်း ညွှန်ကြားခဲ့ကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။  

ခြိမ်းခြောက်မှုတွေ ရှိပေမယ့်လည်း ပြင်သစ် အစိုးရဟာ မူးယစ်မှောင်ခို လုပ်ငန်းတွေကို ဖိဖိစီစီး ဖြိုခွင်းတဲ့ အားထုတ်မှုတွေကို ပိုမို အရှိန်မြှင့်တင်သွားမှာ ဖြစ်တယ်လို့ ဝန်ကြီးနှစ်ဦးစလုံးက ဆိုပါတယ်။ ပြင်သစ်ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း မူးယစ်ဆေးဝါး၊ မူးယစ်မှောင်ခိုဂိုဏ်းတွေနဲ့ ဆက်စပ်တဲ့ မှုခင်းတွေ မြင့်တက်လာတာကို ကြုံနေရပါတယ်။

၂၀၂၄ ခုနှစ်ရဲ့ ပထမ ၁၁ လတာအတွင်း ပြင်သစ်ဟာ ကိုကင်း ၅၃.၅ တန်ထိ ဖမ်းဆီးရမိခဲ့ပြီး ဒါဟာ တစ်နှစ်တာ စံချိန်တင် ဖမ်းဆီးရမိမှုလည်း ဖြစ်လာသလို ၂၀၂၃ ခုနှစ်နဲ့ ယှဉ်ရင် ၁၃၀ ရာခိုင်နှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။ ရီတိုင်လူကတော့ ကိုကင်းမှောင်ခို တင်သွင်းမှုတွေ မြင့်တက်နေခြင်းနဲ့ ပတ်သက်ပြီး ပြင်သစ်ဟာ အဖြူရောင် ဆူနာမီလှိုင်းတွေ ရိုက်ခတ်မှုနဲ့ ရင်ဆိုင် ကြုံတွေ့နေရပြီလို့ ခိုင်းနှိုင်း ပြောဆိုသွားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြင်သစ်နိုင်ငံရဲ့ မြို့ကြီးတစ်မြို့နဲ့ အရမ်းနီးကပ်တဲ့ နေရာထိ တောမီးတွေ ကူးစက်လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြင်သစ်နဲ့ စပိန်နိုင်ငံတွေမှာ တောမီး လောင်ကျွမ်းမှုတွေကြောင့် လူပေါင်း ၂ သိန်းကျော် အရေးပေါ် ရွှေ့ပြောင်းထားရကြောင်း သိရပါတယ်။

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး တတိယနေရာ လုပွဲမှာ အင်္ဂလန်က ပြင်သစ်ကို ခြောက်ဂိုး-လေးဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒါ့အပြင် အခုပွဲမှာ နှစ်ဂိုးသွင်းခဲ့တဲ့ ပြင်သစ် တိုက်စစ်မှူး ကီလီယမ် အမ်ဘာပေကလည်း လက်ရှိ ကမ္ဘာ့ဖလားရဲ့ ဂိုးသွင်းဘုရင် နေရာမှာရော၊ ကမ္ဘာ့ဖလား သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး...

Facebook