Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

နယ်စပ်က တပ်တွေ ပြန်ရုပ်ဖို့ ထိုင်းနဲ့ ကမ္ဘောဒီးယား သဘောတူ

ကမ္ဘောဒီးယားနဲ့ ထိုင်းတို့ဟာ နယ်စပ်နဲ့ နီးနီးကပ်ကပ်ထိ တပ်တွေ ဖြန့်ထားတာကို ပြန်ရုပ်သိမ်းပြီး မူလ စခန်းချတဲ့ နေရာတွေဆီ ပြန်ဆုတ်ခွာကြဖို့ သဘောတူခဲ့ပါတယ်။

Reuters

ကမ္ဘောဒီးယားနဲ့ ထိုင်းတို့ဟာ နယ်စပ်နဲ့ နီးနီးကပ်ကပ်ထိ တပ်တွေ ဖြန့်ထားတာကို ပြန်ရုပ်သိမ်းပြီး မူလ စခန်းချတဲ့ နေရာတွေဆီ ပြန်ဆုတ်ခွာကြဖို့ သဘောတူခဲ့ပါတယ်။

ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီးဌာနက တပ်တွေကို မူလစခန်းတွေဆီ ပြန်လည် ရုပ်သိမ်းမယ့် ကိစ္စကို ဇွန်လ ၈ ရက်နေ့မှာ အတည်ပြု ကြေညာခဲ့ပါတယ်။ အစောပိုင်းမှာ ထိုင်းကာကွယ်ရေး ဝန်ကြီးဌာနကလည်း နယ်စပ်ကို အပိုဆောင်း ဖြည့်တင်းထားတဲ့ တပ်တွေကို နှစ်နိုင်ငံလုံးက ပြန်ခေါ်ယူကြမှာ ဖြစ်တယ်လို့ အသိပေး ပြောကြားထားပါတယ်။

မူလက ကမ္ဘောဒီးယားဟာ ထိုင်းနဲ့ နယ်စပ်တလျှောက်မှာ တပ်အင်အား ၁၂၀၀၀ လောက်အပြင် လက်နက်ကြီးတွေ၊ လေယာဉ်ပစ် အမြောက်တွေကိုပါ ဖြန့်ကျက်ခဲ့ပါတယ်။ အလားတူ ထိုင်းစစ်တပ်ကလည်း ကမ္ဘောဒီးယား နယ်စပ်မှာ လုံခြုံရေး တိုးမြှင့်ထားခဲ့ပါတယ်။

ပြီးခဲ့တဲ့လက နယ်စပ်မှာ နှစ်ဖက်စစ်တပ်တွေ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့ပြီး ကမ္ဘောဒီးယား စစ်သားတစ်ယောက် သေဆုံးခဲ့တဲ့ ဖြစ်ရပ်အပြီး နှစ်ဖက်ကြားမှာ တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။ မေလ ၂၈ ရက်နေ့ ပြဿနာနဲ့ ပတ်သက်လို့ ကမ္ဘောဒီးယားက ခက်ခက်ထန်ထန် တုံ့ပြန်လိုတဲ့ သဘောထား တချို့ကို ပြသခဲ့ပြီး ထိုင်းကလည်း နိုင်ငံရဲ့ အချုပ်အခြာ အာဏာကိုသာ ထိပါးခံရရင် စစ်တိုက်ဖို့ အသင့်ပဲလို့ ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အရှေ့တောင်အာရှ ဒေသတွင်း အိမ်နီးချင်း နှစ်နိုင်ငံဟာ နယ်စပ်မှာ စစ်အင်အား အပြိုင်တိုးမြှင့်ပြီး ဖြစ်နိုင်ခြေ အားလုံးအတွက် ပြင်ဆင်ထားခဲ့ကြသလို နောက်ကွယ်မှာလည်း ပဋိပက္ခကို ပိုကြီးထွားမလာအောင် နှစ်ဖက် အကျေအလည် ညှိနှိုင်းနေခဲ့ကြပါတယ်။ အခုတော့ နှစ်ဖက်စလုံးက တပ်တွေ ပြန်ရုပ်သိမ်းကြဖို့ သဘောတူညီမှု ရရှိသွားတာ ဖြစ်ပါတယ်။ စစ်ဖြစ်မှာကို တအုံနွေးနွေး စိတ်ပူနေကြတဲ့ နှစ်နိုင်ငံ နယ်စပ် ဒေသခံတွေ အတွက်တော့ ဒါဟာ အသက်ရှူ ချောင်စရာ သတင်းကောင်းလို့ ဆိုနိုင်ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ ၈၁၇ ကီလိုမီတာ ရှည်လျားတဲ့ နယ်စပ် ထိစပ်နေပြီး အဲဒီ နယ်စပ်တလျှောက် နေရာ ၄ ခုမှာ ပိုင်နက် အငြင်းပွားမှု ပြဿနာတွေ ရှိနေတာ ဖြစ်ပါတယ်။

ထိုင်းကာကွယ်ရေး ဝန်ကြီး ဖုန်သမ် ဝီချာရာချိုင်က ထိုင်းနဲ့ ကမ္ဘောဒီးယား အစိုးရတွေဟာ နယ်စပ် အငြင်းအခုံတွေနဲ့ တိတိကျကျ ပြေလည်မှု ရတဲ့ထိ ဆက်လက် ဆွေးနွေးသွားဖို့ ဆန္ဒရှိကြကြောင်း ပြောပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ နယ်စပ်ပြဿနာနဲ့ ပတ်သက်ပြီး ဇွန်လ ၁၄ ရက်မှာ နှစ်နိုင်ငံ ပူးတွဲ ပါဝင်တဲ့ ကော်မတီ အစည်းအဝေး ကျင်းပဖို့လည်း စီစဉ်ထားပါတယ်။ ဒီအတောအတွင်း ကမ္ဘောဒီးယား အစိုးရကတော့ နယ်စပ် အငြင်းပွားမှုကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)ဆီ တင်ပြပြီး အဆုံးအဖြတ် ခံယူလိုတယ်ဆိုတဲ့ သဘောထားကို ထပ်လောင်း အတည်ပြုထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် စာရွက်စာတမ်း (work permit)တွေ မှန်မှန်ကန်ကန် ကိုင်ဆောင်ထားရင်တောင်မှ ဥပဒေအရ နိုင်ငံခြားသားတွေ ပါဝင် လုပ်ကိုင်ခွင့် မရတဲ့ အလုပ်အမျိုးအစားတွေ ရှိပါတယ်။

နိုင်ငံတကာ

ဆိုက်ဘာခြိမ်းခြောက်မှုတွေနဲ့ နယ်စပ်ဖြတ်ကျော် ဒုစရိုက် လုပ်ငန်းတွေကို တိုက်ဖျက်ရေးအတွက် အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရိုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်သွားမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

နိုင်ငံတကာ

သုံးနှစ်ကျော်ကြာ ကိုမာဝင်ပြီး သတိလစ် မေ့မြောနေခဲ့တဲ့ ထိုင်းတော်ဝင် မင်းသမီးဟာ အသက် ၄၇ နှစ် အရွယ်မှာ ကွယ်လွန်သွားပါတယ်။