Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိန်းမနိုင်သိမ်းမရ အဆင့်မရောက်သေးခင် အစ္စရေး-အီရန် ပဋိပက္ခကို သံတမန်ရေးအရ အဖြေရှာဖို့ ကုလသမဂ္ဂ အကြီးအကဲ တိုက်တွန်း

ထိန်းမနိုင် သိမ်းမရ အဆင့်ထိ ကျယ်ပြန့်မသွားခင် အစ္စရေးနဲ့ အီရန် ပဋိပက္ခကို သံတမန်ရေး နည်းလမ်းတွေနဲ့ အားထုတ် ဖြေရှင်းကြဖို့ ကုလသမဂ္ဂ အကြီးအကဲက တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

Secretary-General António Guterres speaks at a meeting with Permanent Representatives of the European Union Political and Security Committee.

ထိန်းမနိုင် သိမ်းမရ အဆင့်ထိ ကျယ်ပြန့်မသွားခင် အစ္စရေးနဲ့ အီရန် ပဋိပက္ခကို သံတမန်ရေး နည်းလမ်းတွေနဲ့ အားထုတ် ဖြေရှင်းကြဖို့ ကုလသမဂ္ဂ အကြီးအကဲက တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

နိုင်ငံတကာ အရေးအခင်းကြီးတွေမှာ ထိထိရောက်ရောက် ကြားဝင်ဖြေရှင်းနိုင်စွမ်း ကင်းမဲ့နေတဲ့ ကုလသမဂ္ဂရဲ့ စွမ်းဆောင်ရည်ပိုင်းဟာ လက်ရှိ ဖြစ်ပွားနေတဲ့ အီရန်-အစ္စရေး စစ်ရေးပဋိပက္ခမှာလည်း နောက်ထပ် ဝေဖန် မေးခွန်းထုတ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဇွန်လ ၂၀ ရက်နေ့မှာတော့ လက်ရှိ အရှေ့အလယ်ပိုင်းဒေသ စစ်ရေး အခြေအနေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) အရေးပေါ် အစည်းအဝေး ကျင်းပခဲ့ရာမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အခြေအနေတွေ ထိန်းသိမ်းလို့ မရနိုင်တော့တဲ့ အဆင့်ထိ ရောက်မသွားခင် စေ့စပ်ဆွေးနွေးမှုတွေနဲ့ ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ပေးကြဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

တစ်ခါတလေမှာ ကိုယ်ရွေးချယ် ဆုံးဖြတ်ရတဲ့ ကိစ္စတွေက အရေးကြီးတယ်ဆိုတဲ့ အဆင့်ထက် မကဘဲ ကိုယ်က ဘယ်လိုလူစားလဲ ဆိုတာကို သတ်မှတ်ပေးတဲ့ အခိုက်အတန့်တွေ ရှိကြောင်း၊ အဲဒီ အခိုက်အတန့်တွေဟာ နိုင်ငံတစ်ခုလုံးစီရဲ့ အနာဂတ်တွေ၊ ဒါမှမဟုတ် လူသားအားလုံးရဲ့ အနာဂတ်တွေကို သက်ရောက်နိုင်ကြောင်း၊ လက်ရှိဟာ အဲဒီလို အခိုက်အတန့်တွေထဲက တစ်ခုဖြစ်ကြောင်း ဂူတာရက်စ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေး-အီရန် စစ်ရေးပဋိပက္ခဟာ ဆက်ပြီး ကျယ်ပြန့်နေမယ်ဆိုရင် ဘယ်သူမှ ငြှိမ်းသတ်လို့ မရတော့တဲ့ စစ်မီးကို မွှေးလိုက်တာမျိုး ဖြစ်သွားနိုင်ကြောင်း၊ ဒီအခြေအနေထိ မရောက်အောင် တားကြဖို့လိုကြောင်း သူက ဆက်ပြောပါတယ်။

ဇွန်လ ၁၃ ရက်နေ့မှာ အစ္စရေးက အီရန်ရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေနဲ့ စစ်စခန်းတွေကို လေကြောင်းကနေ စတင် တိုက်ခိုက်ခဲ့ပြီး အစ္စရေးကလည်း ဒုံးကျည်တွေ အလုံးအရင်း ပစ်ခတ်ရင်း လက်တုံ့ပြန်ခဲ့ပါတယ်။ အဲဒီ ပဋိပက္ခကြောင့် နှစ်ဖက်စလုံးမှာ အရပ်သား အများအပြား အပါအဝင် ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

ဂူတာရက်စ်က UNSC အနေနဲ့ လက်ရှိ ပဋိပက္ခကို စေ့စပ်ညှိနှိုင်းမှု နည်းလမ်းတွေနဲ့ ဖြေရှင်းပေးဖို့ အဖွဲ့ဝင် နိုင်ငံတွေကြား စည်းစည်းလုံးလုံးနဲ့ အမြန်ဆုံး လုပ်ဆောင်ပေးကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ နောက်ပြီး နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ ကုလသမဂ္ဂ ကြေညာစာတမ်း အပါအဝင် နိုင်ငံတကာ ဥပဒေတွေနဲ့ ကိုက်ညီတဲ့ သံတမန်ရေး နည်းလမ်းတွေကို အခြေပြုပြီး အရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးမျိုး ဆောင်ကြဉ်းယူပေးနိုင်အောင် ဝိုင်းဝန်းထောက်ခံ ကူညီဖို့လည်း ကုလသမဂ္ဂ အကြီးအကဲက တောင်းဆိုသွားပါတယ်။

လက်ရှိ အခြေအနေမှာတော့ အီရန်နဲ့ အစ္စရေးကြားက စစ်ရေးပဋိပက္ခဟာ တစ်ပတ်ကျော် ကြာလာတဲ့ထိ အရှိန်တက်နေဆဲ ဖြစ်သလို အစ္စရေးရဲ့ မဟာမိတ် အမေရိကန် အစိုးရကလည်း စစ်ရေးအရ ပါဝင်လာပြီး အီရန် နျူကလီးယား အဆောက်အအုံတွေကို တိုက်ခိုက်တာမျိုး ရှိကောင်း ရှိလာနိုင်ကြောင်း အရိပ်အမြွက် ပြောကြားထားပါတယ်။ အီရန်ကတော့ အမေရိကန်ပါ ဝင်ပါလာရင် ပြန်ပြင်ဆင်လို့ မရနိုင်တော့တဲ့ထိ နောက်ဆက်တွဲ အကျိုးဆက်တွေ ကြုံလာလိမ့်မယ်လို့ သတိပေးထားပါတယ်။

ကိုးကား: UN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ အစ္စရေးဟာ လူနေအိမ်တွေနဲ့ တခြားအဆောက်အအုံ ထောင်ပေါင်းများစွာကို ဖောက်ခွဲပြီး ဖြိုချ ဖျက်ဆီးပစ်ခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးက စစ်ရေးအရ ထဲထဲဝင်ဝင် စွက်ဖက်လာတဲ့နောက် ဆီးရီးယား အစိုးရဟာ တိုင်းရင်းသား မျိုးနွယ်စု တပ်ဖွဲ့တစ်ခုနဲ့ စစ်ခင်းနေရာကနေ တပ်တွေကို ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ လူတစ်ယောက်ကို ဖောက်ခွဲရေး ဒရုန်းနဲ့ လိုက်သတ်တဲ့ ဖြစ်ရပ်ကို အစ္စရေး လက်နက် ကုမ္ပဏီ တစ်ခုက အရောင်းမြှင့်တင်ရေး ကြော်ငြာ ဗီဒီယိုအဖြစ် အသုံးပြုထားပါတယ်။

နိုင်ငံတကာ

ကလေးတွေ အပါအဝင် ရေဝေငှတာကို တန်းစီစောင့်နေတဲ့ ပါလက်စတိုင်းတွေ သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုဟာ လက်နက်စနစ် အမှားအယွင်းကြောင့်လို့ အစ္စရေးက အကြောင်းပြချက် ပေးခဲ့ပါတယ်။

Facebook