Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယမှာ ဆေးဝါးစက်ရုံ ပေါက်ကွဲမှုဖြစ်ပြီး ၃၀ ကျော်သေဆုံး

အိန္ဒိယ နိုင်ငံက ဆေးဝါးစက်ရုံ တစ်ခုမှာ အပြင်းအထန် ပေါက်ကွဲမှု ဖြစ်ပွားရာက သေဆုံးသူ ၃၀ ကျော်ထိ မြင့်တက်လာကြောင်း သိရပါတယ်။

Press Trust of India

အိန္ဒိယ နိုင်ငံက ဆေးဝါးစက်ရုံ တစ်ခုမှာ အပြင်းအထန် ပေါက်ကွဲမှု ဖြစ်ပွားရာက သေဆုံးသူ ၃၀ ကျော်ထိ မြင့်တက်လာကြောင်း သိရပါတယ်။

အိန္ဒိယတောင်ပိုင်းမှာရှိတဲ့ တီလန်ဂါနာ ပြည်နယ်ထဲက ဆေးဝါးစက်ရုံမှာ ဇွန်လ ၃၀ ရက်နေ့က ပေါက်ကွဲမှု တစ်ခုဖြစ်ပြီး မီးတွေပါ လောင်ကျွမ်းခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ဇူလိုင် ၁ ရက် မနက်အစောပိုင်းထိ အခြေအနေအရ အသေအပျောက် ၃၄ ဦးထိ မြင့်တက်လာပြီး ဒဏ်ရာရသူလည်း ဒါဇင်တွေနဲ့ချီ များပြားလာကြောင်း နီးစပ်သူတွေက ပြောပါတယ်။

ဒေသခံ ရဲတပ်ဖွဲ့ အရာရှိ တစ်ဦးဖြစ်တဲ့ ပါရီတော့ရှ် ပန်ကက်ဂျ်က အခင်းဖြစ်ရာ နေရာမှာ အလောင်း ၃၁ ခုကို ရှာတွေ့ခဲ့ပြီး ဆေးရုံမှာတော့ လူနာ ၃ ဦး ဆုံးပါးသွားခဲ့ကြောင်း ဆိုပါတယ်။ ရဲတွေက စက်ရုံကို ထိန်းချုပ်တဲ့ ဆီဂါချီ စက်မှုလုပ်ငန်းကို အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဆီဂါချီကတော့ အဲဒီ စက်ရုံမှာ စက်ပစ္စည်း အစိတ်အပိုင်းတစ်ခု ပျက်စီးမှုကြောင့် လည်ပတ်မှု ရပ်နားထားတာ ရက် ၉၀ လောက် ရှိနှင့်ပြီးပြီလို့ ဆိုပါတယ်။ ဒါပေမဲ့ အခုလို ပြဿနာဖြစ်ပြီး လူတွေ ထိခိုက်သေကြေခဲ့ရတဲ့အတွက် ကြီးစွာ စိတ်မကောင်း ဖြစ်ရကြောင်း ကုမ္ပဏီဖက်က ကြေညာပါတယ်။

Public Service Announcement

Public Service Announcement

စက်ရုံထဲမှာ ပေါက်ကွဲမှုကြောင့် အဆောက်အအုံက လုံးဝ ပြိုကျသွားခဲ့တယ်လို့ မီးသတ်တွေက ပြောပါတယ်။ အခင်းဖြစ်ချိန်က အဲဒီနေရာမှာ လူ ၆၀ လောက် ရှိနေခဲ့တယ်လို့ သိရပါတယ်။

စက်ရုံအလုပ်သမား အများစုက ဂျာခန်း၊ ဩရိသ၊ ဘီဟာ၊ ယူတာပရာဒက်ရှ်နဲ့ အနောက်ဘင်္ဂလား ပြည်နယ်တွေကနေ လာရောက်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေလို့ သတင်းတွေက ဖော်ပြထားပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပေမယ့် စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှု တစ်ခုခုကြောင့် ဖိအားတွေ စုစည်းမိပြီး ကန်ထွက်လာတာ ဖြစ်နိုင်တယ်လို့ စုံစမ်းရေး အရာရှိတွေက ကနဦး ယူဆထားပါတယ်။

ဆေးရုံရောက်နေတဲ့ လူနာတွေထဲမှာ နှစ်ဒါဇင်လောက်ဟာ မီးလောင်ဒဏ်ရာတွေ အပြင်းအထန် ရရှိထားသလို အဆိပ်အတောက် ဓာတ်ငွေ့တွေကိုလည်း ရှူရှိုက်မိထားတယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ တချို့ရုပ်အလောင်းတွေက အခြေအနေ အရမ်းဆိုးရွားပြီး ဘယ်သူဘယ်ဝါ ခွဲခြားနိုင်ဖို့အတွက် DNA စစ်ဆေးမှုတွေပါ လိုအပ်နေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီကတော့ အစိုးရက သေဆုံးသူ တစ်ဦးစီအတွက် နစ်နာကြေး ရူပီး ၂ သိန်းနဲ့ ဒဏ်ရာရသူတွေအတွက် ရူပီး ၅ သောင်းစီ ထောက်ပံ့ ပေးအပ်သွားမယ်လို့ ကြေညာထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

Facebook