Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်ရဲ့ နျူကလီးယား ရည်မှန်းချက်တွေ ၂ နှစ်စာလောက် နောက်ပြန်ဆုတ်သွားပြီလို့ အမေရိကန်ပြော

အီရန်ရဲ့ နျူကလီးယား နည်းပညာ အဆင့်မြှင့်တင်မှုတွေဟာ ရှိရင်းစွဲ အခြေအနေထိ ပြန်ရောက်နိုင်ဖို့ ၂ နှစ်လောက်ထိ အချိန်ယူရတော့မယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနဖြစ်တဲ့ ပင်တဂွန် စစ်ဌာနချုပ်က ကြေညာခဲ့ပါတယ်။

AP

အီရန်ရဲ့ နျူကလီးယား နည်းပညာ အဆင့်မြှင့်တင်မှုတွေဟာ ရှိရင်းစွဲ အခြေအနေထိ ပြန်ရောက်နိုင်ဖို့ ၂ နှစ်လောက်ထိ အချိန်ယူရတော့မယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနဖြစ်တဲ့ ပင်တဂွန် စစ်ဌာနချုပ်က ကြေညာခဲ့ပါတယ်။

အီရန်ရဲ့ ယူရေနီယမ် ဓာတ်သတ္တု သန့်စင်နိုင်မှုဟာ နျူကလီးယားဗုံးတွေ ထုတ်လုပ်နိုင်ခြေနဲ့ နီးစပ်လာနေပြီလို့ စွပ်စွဲပြီး ဇွန်လ ၁၃ ရက်နေ့မှာ အစ္စရေးက အီရန်ရဲ့ စစ်ဘက်နဲ့ နျူကလီးယား ပစ်မှတ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ ဇွန်လ ၂၂ ရက်နေ့မှာတော့ အစ္စရေးရဲ့ မဟာမိတ် အမေရိကန်က အဲဒီစစ်ဆင်ရေးမှာ ပူးပေါင်းခဲ့ပြီး အီရန်ရဲ့ နျူကလီးယား စခန်းကြီး ၃ ခုကို မဟာဗျူဟာမြောက် မစ်ရှင်တစ်ခု ရေးဆွဲပြီး ဗုံးကြဲခဲ့ပါတယ်။ ဇွန်လ ၂၅ ရက်နေ့မှာတော့ အမေရိကန်ရဲ့ ဖိအားပေးမှုအရ အီရန်နဲ့ အစ္စရေးတို့ကြား အပစ်အခတ် ရပ်စဲသွားပါတယ်။

အစောပိုင်း ထွက်ပေါ်လာတဲ့ ကနဦး ထောက်လှမ်းရေး အစီရင်ခံစာ တစ်စောင်မှာတော့ အမေရိကန်ရဲ့ ဗုံးကြဲ တိုက်ခိုက်မှုဟာ အီရန် နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေကို ကြီးကြီးမားမား ထိခိုက်စေခဲ့ဟန် မရှိဘူးလို့ သုံးသပ်ထားတာကြောင့် အမေရိကန်ရဲ့ စစ်ဆင်ရေး အောင်မြင်မှုအပေါ် မေးခွန်းထုတ်စရာတွေ ဖြစ်ခဲ့ပါတယ်။

ဇူလိုင် ၂ ရက်နေ့မှာတော့ ပင်တဂွန်က အီရန်ရဲ့ နျူကလီးယား ရည်မှန်းချက်တွေ အကောင်အထည် ဖော်မှုဟာ ၂ နှစ်စာလောက် နောက်ပြန်ဆုတ်သွားပြီလို့ ကြေညာခဲ့ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၁၀ ရက်လောက်က B-2 မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတွေ အသုံးပြုပြီး ဆောင်ရွက်ခဲ့တဲ့ စစ်ဆင်ရေးက မျှော်မှန်းထားတဲ့အတိုင်း အောင်မြင်ခဲ့တယ်ဆိုတဲ့ သဘောမျိုးလို့လည်း ယူဆနိုင်ပါတယ်။

Public Service Announcement

Public Service Announcement

ပင်တဂွန် ပြောရေးဆိုခွင့်ရ အရာရှိ ရှောင်ပါနဲလ်က တရားဝင် ဆုံးဖြတ် လိုက်ခံလိုက်တဲ့ ခန့်မှန်းမှု ရလဒ်ကတော့ အီရန်ရဲ့ နျူကလီးယား နည်းပညာ ရည်မှန်းချက်တွေ အထမြောက်ရေးကို ၂ နှစ် ဝန်းကျင်လောက် ဟန့်တားထားလိုက်နိုင်တယ် ဆိုတာပဲ ဖြစ်တယ်လို့ ပြောပါတယ်။

အမေရိကန်ဟာ နိုင်ငံရဲ့ လက်နက်တိုက်ထဲမှာရှိတဲ့ အစွမ်းအထက်ဆုံး ခဲယမ်းတစ်မျိုးလို့ ယူဆရနိုင်ပြီး တစ်လုံးကို ပေါင် ၃၀၀၀၀ လေးတဲ့ မြေအောက် ဘန်ကာဖျက်ဗုံး ၁၄ လုံး၊ နှစ်ဒါဇင်ကျော်တဲ့ Tomahawk ခရုစ်ဒုံးကျည်တွေကို အသုံးပြုပြီး ဇွန်လ ၂၂ ရက်နေ့ စစ်ဆင်ရေးကို အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။

အီရန်ဖက်ကတော့ အမေရိကန်ရဲ့ ဗုံးကြဲမှုဟာ အပျက်အစီးတွေ အရမ်းဆိုးရွားတာမျိုး မရှိခဲ့ဘူးလို့ အစောပိုင်းမှာ မှတ်ချက် ပေးခဲ့ပေမယ့် အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီက အမေရိကန် အဓိက ပစ်မှတ်ထား ဗုံးကြဲတာ ခံခဲ့ရတဲ့ ဖော့ဒို ယူရေနီယမ် သန့်စင်စခန်းမှာ အပျက်အစီး အတော်လေး ကြမ်းခဲ့တယ်လို့ ဝန်ခံသွားပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ ဗုံးကြဲမစ်ရှင် ပြီးဆုံးတဲ့အချိန် ကမ္ဘာကို အသိပေး ကြေညာကတည်းက ပစ်မှတ် အီရန် နျူကလီးယား စခန်းတွေကို အကြီးအကျယ် ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကြွေးကြော်ထားခဲ့ပါတယ်။ အမေရိကန်ရဲ့ စစ်ဆင်ရေးဟာ ထင်ထားသလောက် မအောင်မြင်ခဲ့ဘူးဆိုတဲ့ အစောပိုင်း ထောက်လှမ်းရေး အစီရင်ခံစာ ပေါက်ကြားမှုကို အိမ်ဖြူတော်က ပယ်ချခဲ့သလို အဲဒီပေါက်ကြားမှုနဲ့ ပတ်သက်လို့ ထောက်လှမ်းရေး အသိုင်းအဝန်းထဲက စည်းမစောင့်သူတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။