Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကစားသမား စာချုပ်သစ်တွေ ပြင်ဆင်ရာမှာ AIကို အသုံးပြုမယ့် ဗြိတိန် ဘောလုံးကလပ်

ဗြိတိန်က ဘောလုံးကလပ် တစ်ခုဟာ ကစားသမားတွေကို စာချုပ်ဖို့ ပြင်ဆင်မှုတွေအတွက် ဉာဏ်ရည်တု နည်းပညာ (AI)ကို စတင် အသုံးပြုတော့မယ်လို့ သိရပါတယ်။

ဗြိတိန်က ဘောလုံးကလပ် တစ်ခုဟာ ကစားသမားတွေကို စာချုပ်ဖို့ ပြင်ဆင်မှုတွေအတွက် ဉာဏ်ရည်တု နည်းပညာ (AI)ကို စတင် အသုံးပြုတော့မယ်လို့ သိရပါတယ်။

စာချုပ်အတွက် ပြင်ဆင်ရတဲ့ အဆင့်တွေမှာ AIကို အစားထိုးခြင်းဟာ အသင်းအတွက် အချိန်နဲ့ ဝန်ဆောင်ခ ကုန်ကျမှုတွေကို အများကြီး သက်သာစေမယ်လို့ ယုံကြည်ကြောင်း ကင်းဘရစ်ဂျ် ယူနိုက်တက် အသင်းက မှတ်ချက် ပေးထားပါတယ်။

အင်္ဂလန်ရဲ့ စတုတ္ထတန်း ပြိုင်ပွဲလို့ ဆိုနိုင်တဲ့ လိဂ်တူးမှာ ယှဉ်ပြိုင်နေတဲ့ ကမ်းဘရစ်ဂျ် ယူနိုက်တက်ဟာ အဲဒီ အစီအစဉ်အတွက် ကမ်းဘရစ်ဂျ်မြို့ အခြေစိုက် AI ကုမ္ပဏီ Genie AIနဲ့ ပူးပေါင်းခဲ့ပါတယ်။

ကစားသမားသစ်တွေ ခေါ်ယူခွင့် ကာလဖြစ်တဲ့ စက်တင်ဘာ ၁ ရက်နေ့ အပြောင်းအရွှေ့ ပိတ်ရက် မတိုင်ခင် အသင်းက လူသစ် တချို့ကို စာချုပ် ခေါ်ယူဖို့ ပြင်ဆင်ထားပြီး အဲဒီအတွက် AIက အဆိုပြု စီစဉ်ပေးထားတဲ့ စာချုပ်တွေကို အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

AIက ပြင်ဆင် ရေးဆွဲပေးတဲ့ စာချုပ် အချက်အလက်တွေဟာ ကစားသမားတွေရဲ့ စွမ်းဆောင်ရည် သုံးသပ်ချက်တွေကိုပါ အခြေခံ တွက်ချက်လေ့ရှိကြောင်း၊ AIဟာ စာချုပ်တွေ ပြင်ဆင်ရာမှာ အထောက်အကူ ဖြစ်စေဖို့ အသုံးဝင်ပေမယ့် စာချုပ်ကိစ္စ စီမံခန့်ခွဲမှု အဝဝကိုတော့ AIဆီ လုံးလုံးလျားလျား လွှဲအပ်မှာ မဟုတ်ကြောင်း အသင်း အမှုဆောင်ချုပ် အဲလက်စ် တန်ဘရစ်ဂျ်က ဆိုပါတယ်။

AIနဲ့ ပတ်သက်လို့ အမြင်ကွဲပြားမှုနဲ့ အငြင်းအခုံတွေဟာ ဘောလုံးလောကမှာတင် မကဘဲ ကမ္ဘာအနှံ့ နယ်ပယ်စုံမှာ ဖြစ်ပေါ်နေကြောင်း၊ မြို့ခံ AI ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Genie AIနဲ့ ပူးပေါင်းပြီး AIရဲ့ ကောင်းကျိုးတွေကို ထုတ်နုတ် သုံးစွဲယူနိုင်ခြင်းက ကင်းဘရစ်ဂျ် ယူနိုက်တက်ကို တိုးတက်စေမယ့် တွန်းအားတစ်ခုလို့ ယူဆကြောင်း သူက ဆက်ပြောပါတယ်။

Genie AIရဲ့ အမှုဆောင်ချုပ် ရာဖီ ဖာရက်ကတော့ ကင်းဘရစ်ဂျ် မြို့သား တစ်ဦးဖြစ်တဲ့ သူ့အတွက်တော့ မြို့ခံကလပ်ကို ဘောလုံးအဖွဲ့ချုပ်ရဲ့ စည်းမျဉ်း စံနှုန်းတွေနဲ့အညီ ကစားသမားသစ်တွေ ခေါ်ယူနိုင်ရေး စာချုပ်စာတမ်းတွေ ပြင်ဆင်ပြီး အကူအညီပေးခွင့် ရတဲ့အပေါ် အရမ်းပျော်ရွှင်မိကြောင်း မှတ်ချက်ပေးသွားပါတယ်။

ကမ္ဘာတလွှားမှာတော့ AIနဲ့ ပတ်သက်တဲ့ သဘောထား အမြင်တွေက ကြီးကြီးမားမား ကွဲပြားနေဆဲပါ။ AIဟာ လူသားတွေရဲ့ အလုပ်နေရာတွေကို အစားထိုး လက်လွှဲယူလိမ့်မယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေသလို AI နည်းပညာ ကုမ္ပဏီတွေကတော့ AIဟာ လူသားတွေ နေရာမှာ အစားထိုးဖို့ မဟုတ်ဘဲ လူသားတွေရဲ့ အလုပ်ကို အကူအညီပေးဖို့သာ ဖြစ်တယ်လို့ တုံ့ပြန်ထားကြပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယ သမုဒ္ဒရာ အလယ်မှာ တည်ရှိပြီး ဗြိတိန် အစိုးရက လက်လွှတ်ဖို့ စီစဉ်နေတဲ့ ကျွန်းစုတစ်ခုကို အမေရိကန် အစိုးရက ဝယ်ယူဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

လေ့ကျင့်ပျံသန်းရင်း ဗြိတိန် တော်ဝင်ရေတပ် ရဟတ်ယာဉ် ပျက်ကျခဲ့တာကြောင့် ၃ ဦး သေဆုံးခဲ့ပါတယ်။

အတွေးအမြင်

တစ်ချိန်ကစောင့်ကြည့်ထောက်လှမ်းရေစနစ် (Surveillance)ဆိုတာကိုပြောလိုက်ရင် လူအများစုရဲ့စိတ်ထဲမှာ CCTV ကင်မရာတွေ၊ လမ်းထောင့်မှာ ရဲကားရပ်ထားတာတွေ၊ ဒါမှမဟုတ် ဖုန်လိုင်းကြားဖြတ်နားထောင်တာ မျိုးတွေကိုပဲ မြင်ကြပါတယ်။

နိုင်ငံတကာ

ဝန်ထမ်းတွေကို အလုပ်ဖြုတ်ပြီး ဉာဏ်ရည်တု နည်းပညာ (AI)နဲ့ အစားထိုးလိုက်တာကြောင့် ဆိုတာမျိုးက ငပျင်းတွေပေးတဲ့ ဆင်ခြေလို့ Nvidia အမှုဆောင်ချုပ် ဂျန်ဆန်ဟွမ်က ပြောကြားလိုက်ပါတယ်။