Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ပွဲရပ်ဖို့ ယူကရိန်းက နယ်မြေတွေနဲ့ အလဲအလှယ် လုပ်သင့်တယ်ဆိုတဲ့ ထရမ့်အဆိုပြုချက်ကို ဇီလန်စကီး ပယ်ချ

စစ်ပွဲရပ်ဆိုင်းဖို့အတွက် ယူကရိန်းဟာ နယ်မြေတချို့ကို ရုရှားဆီ တရားဝင် ပေးအပ်သင့်တယ်ဆိုတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အဆိုပြုချက်ကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပယ်ချသွားခဲ့ပါတယ်။

စစ်ပွဲရပ်ဆိုင်းဖို့အတွက် ယူကရိန်းဟာ နယ်မြေတချို့ကို ရုရှားဆီ တရားဝင် ပေးအပ်သင့်တယ်ဆိုတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အဆိုပြုချက်ကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပယ်ချသွားခဲ့ပါတယ်။

ယူကရိန်းဟာ ရန်လို ကျူးကျော်သူတွေဆီ ဘာအကြောင်းနဲ့မှ နယ်မြေတွေ မပေးနိုင်ဘူးလို့ သူက ဆိုပါတယ်။ အခု သီတင်းပတ်ထဲမှာတော့ ထရမ့်က သူဟာ ဩဂုတ် ၁၅ ရက်ကျရင် ရုရှား-ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေးကိစ္စ ဆွေးနွေးဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံမယ်လို့ ကြေညာခဲ့ပါတယ်။

အမေရိကန်က စစ်ရပ်ဆိုင်းရေး ကြားဝင် စေ့စပ်ပေးရာမှာ ရုရှား သိမ်းပိုက်ထားတဲ့ ယူကရိန်း နယ်မြေတချို့ကို ရုရှားဆီ အပြီးတိုင် လက်လွှဲပေးရေး ဆိုတာမျိုး နည်းလမ်းနဲ့ သဘောတူညီမှု ယူပေးဖို့ စီစဉ်နေတယ် ဆိုတာမျိုးလည်း ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။

သူက အသေးစိတ်ကို မပြောပေမယ့်လည်း နီးစပ်သူတွေရဲ့ အဆိုအရ ယူကရိန်း အနေနဲ့ ဒွန်းဘက်စ် ပြည်နယ် တစ်ခုလုံး၊ ပြီးတော့ ၂၀၁၄ ကတည်းက ရုရှားတပ်တွေ ဝင်ရောက် သိမ်းယူထားတဲ့ ခရိုင်းမီးယား ကျွန်းဆွယ်တို့ကို ရုရှားပိုင်နက်အဖြစ် အသိအမှတ် ပြုဖို့ အမေရိကန်က တွန်းအားပေးဖွယ် ရှိတယ်လို့သိရပါတယ်။ တစ်ဖက်မှာတော့ ရုရှားတပ်တွေဟာ အစိတ်အပိုင်းတချို့ ထိန်းချုပ်ထားရာ ယူကရိန်း ပြည်နယ် နှစ်ခုဖြစ်တဲ့ ဇာပေါ့ရစ်ဇီယာ၊ ခါဆွန်တို့ကနေ ပြန်လည် ဆုတ်ခွာပေးရမှာပါ။

Public Service Announcement

Public Service Announcement

ဇီလန်စကီးကတော့ ယူကရိန်း နယ်မြေတွေ စွန့်လွှတ်ရေး ကိစ္စနဲ့ ပတ်သက်လို့ ယူကရိန်း အခြေခံ ဥပဒေမှာ ရှင်းရှင်းလင်းလင်း ပြဋ္ဌာန်းထားပြီးသား ဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီ ပြဋ္ဌာန်းချက်ကို ဘယ်သူကမှ သွေဖယ်လို့ မရကြောင်း၊ ယူကရိန်းဟာ ကျူးကျော် သိမ်းပိုက်ထားတဲ့ သူတွေဆီ နိုင်ငံရဲ့ နယ်မြေတွေကို လွှဲပေးနိုင်မှာ မဟုတ်ကြောင်း ဇီလန်စကီးက Telegramမှာ ရေးသားထားခဲ့ပါတယ်။

ဇီလန်စကီးဟာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိဖို့အတွက် ယူကရိန်းက နယ်မြေတွေ အဆုံးရှုံး ခံပေးရမယ်ဆိုတဲ့ စိတ်ကူးမျိုးကို အစဉ်တစိုက် ငြင်းပယ်ခဲ့သူပါ။ ထရမ့်က သူနဲ့ ပူတင်တို့ အလာစကာမှာ တွေ့ဆုံမယ့် ကိစ္စမှာ ဇီလန်စကီးရဲ့ အခန်းကဏ္ဍကိုတော့ ထည့်ကြေညာခဲ့တာမျိုး မရှိပါဘူး။

အစောပိုင်းမှာတော့ အိမ်ဖြူတော်က အပစ်အခတ် ရပ်စဲရေး အထမြောက်စေဖို့ ရုရှားနဲ့ ယူကရိန်းကြား နယ်မြေတွေ အလဲအလှယ် လုပ်ပြီး သဘောတူညီမှု ရယူနိုင်အောင် ကြားဝင် ညှိနှိုင်းပေးဖို့ အလေးအနက် စဉ်းစားနေကြောင်း ထုတ်ပြန်ထားပါတယ်။

ဇီလန်စကီးကတော့ အဲဒီအပေးအယူမျိုးဟာ ငြိမ်းချမ်းရေး ဆုံးဖြတ်ချက်တွေကို ဆန့်ကျင်နေပြီး ဘယ်လို အကျိုးကျေးဇူးမှလည်း မရှိနိုင်ကြောင်း ပြောပါတယ်။ ဇီလန်စကီးရဲ့ တုံ့ပြန်မှုနဲ့ ပတ်သက်လို့ အိမ်ဖြူတော်ဖက်ကတော့ သီးခြား မှတ်ချက် မပေးသေးဘူးလို့လည်း သိရပါတယ်။

ကိုးကား: New York Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ ပြတ်လပ်မှုနဲ့အတူ ယူကရိန်းအတွက် ရက်စက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ ဆောင်းရာသီကို မျှော်လင့်ထားရလိမ့်မယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝန်ခံ ပြောကြားခဲ့ပါတယ်။

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ သွေးစည်းညီညွတ်မှုကို အကဲစမ်းဖို့ ရုရှားက အကန့်အသတ်နဲ့ ရန်စ တိုက်ခိုက်တာမျိုးတွေ ရှိလာနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။