Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နယ်စပ်က ဝါဒဖြန့် စပီကာတွေ ဖြုတ်သိမ်းနေတယ် ဆိုတာကို မြောက်ကိုရီးယား ငြင်းဆို

တောင်ကိုရီးယားနဲ့ နယ်စပ်တလျှောက်မှာ ထားရှိတဲ့ ဝါဒဖြန့် စပီကာတချို့ကို ဖြုတ်သိမ်းနေတယ်ဆိုတဲ့ သတင်းတွေကို မြောက်ကိုရီးယားက ငြင်းဆိုခဲ့ပါတယ်။

AP

တောင်ကိုရီးယားနဲ့ နယ်စပ်တလျှောက်မှာ ထားရှိတဲ့ ဝါဒဖြန့် စပီကာတချို့ကို ဖြုတ်သိမ်းနေတယ်ဆိုတဲ့ သတင်းတွေကို မြောက်ကိုရီးယားက ငြင်းဆိုခဲ့ပါတယ်။

တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံဟာ နယ်စပ်မှာ တစ်ဖက်ကိုတစ်ဖက် ပုတ်ခတ် ဝါဒဖြန့်တဲ့ အကြီးစား စပီကာတွေကို အပြိုင်အဆိုင် ဖြန့်ကျက်ထားကြပါတယ်။ ဒါပေမဲ့ တောင်ကိုရီးယားမှာ လီဂျေမြောင် သမ္မတ ဖြစ်လာတဲ့နောက် မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို ပြန်လည် ကုစားလိုကြောင်း ပြသတဲ့ ခြေလှမ်းတစ်ရပ်အဖြစ် အဲဒီ စပီကာတွေကို ဖြုတ်ယူ သိမ်းဆည်းခဲ့ပါတယ်။

အဲဒီနောက် မြောက်ကိုရီးယားဖက်ကလည်း အလားတူပဲ စပီကာတွေ ဖြုတ်သိမ်းနေတယ်လို့ တောင်ကိုရီးယားက ပြောပေမယ့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းရဲ့ နိုင်ငံရေး ဩဇာ ကြီးမားတဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျောင်က ငြင်းဆိုသွားပါတယ်။ သူက မြောက်ကိုရီးယားဟာ နယ်စပ်က စပီကာတွေကို ဖြုတ်သိမ်းနေတယ်ဆိုတာ လုံးဝမဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် အရင် တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ယော လက်ထက်တုန်းက ဆိုးဆိုးရွားရွား ဖြစ်သွားခဲ့တဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်လည် မြှင့်တင်ဖို့ လောလောဆယ် မြောက်ကိုရီးယားမှာ ဆန္ဒမရှိဘူးလို့လည်း သူက အတိအလင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တောင်ကိုရီးယားက စပီကာတွေ ဖြုတ်သိမ်းခဲ့ပြီးတဲ့နောက် အပြန်အလှန် သဘောမျိုးအဖြစ် မြောက်ကိုရီးယားဟာလည်း နယ်စပ်တလျှောက်မှာ စပီကာတချို့ကို ဖြုတ်သိမ်းနေကြောင်း အစိုးရအဖွဲ့ အစည်းအဝေး တစ်ခုမှာ သမ္မတလီက ပြောကြားခဲ့ပြီးတဲ့နောက် ကင်မ်က အဲဒီကိစ္စ မမှန်ကြောင်း တုံ့ပြန်ခဲ့တာပါ။

မြောက်ကိုရီးယားက နယ်စပ်မှာရှိတဲ့ စပီကာတွေ ဖြုတ်သိမ်းနေတယ် ဆိုတဲ့ လီရဲ့ စကားကို တောင်ကိုရီးယား စစ်တပ်ကလည်း အတည်ပြု ထောက်ခံထားတာ မရှိပါဘူး။

ကင်မ်ကတော့ လီရဲ့ အစိုးရဟာ လူတွေ ထင်ယောင်ထင်မှား ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတာလို့ စွပ်စွဲပြီး မြောက်ကိုရီးယားဟာ နယ်စပ်က စပီကာတွေကို ဘယ်တုန်းကမှ မဖြုတ်သိမ်းခဲ့သလို အဲဒီလို လုပ်ဖို့လည်း ဆန္ဒမရှိဘူးလို့ အပြတ်ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် အစ်ကိုဖြစ်သူရဲ့ မြောက်ကိုရီးယား အစိုးရဟာ တောင်ကိုရီးယားရဲ့ မဟာမိတ် အမေရိကန်နဲ့လည်း ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ လုံးဝ စိတ်မဝင်စားကြောင်း ကင်မ်က ဆက်ပြီး ပြောကြားသွားပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။