Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်-ဇီလန်စကီး ဆွေးနွေးပြီး မကြာခင် ယူကရိန်း ရေနံချက်စက်ရုံကို ရုရှားတိုက်ခိုက်

စစ်ပွဲ ရပ်ဆိုင်းရေးကိစ္စ အမေရိကန်မှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အရေးတကြီး အစည်းအဝေးတစ်ခု တက်ခဲ့ပြီး မကြာခင်မှာပဲ ရုရှားက ယူကရိန်း အလယ်ပိုင်းမှာရှိတဲ့ ရေနံချက်စက်ရုံကို တိုက်ခိုက်ခဲ့ပါတယ်။

Reuters

စစ်ပွဲ ရပ်ဆိုင်းရေးကိစ္စ အမေရိကန်မှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အရေးတကြီး အစည်းအဝေးတစ်ခု တက်ခဲ့ပြီး မကြာခင်မှာပဲ ရုရှားက ယူကရိန်း အလယ်ပိုင်းမှာရှိတဲ့ ရေနံချက်စက်ရုံကို တိုက်ခိုက်ခဲ့ပါတယ်။

ဇီလန်စကီးက အိမ်ဖြူတော်မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်၊ အနောက်ဥရောပ မဟာမိတ် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ရုရှားနဲ့ ယူကရိန်းကြားက စစ်ပွဲ ရပ်ဆိုင်းစေရေး ကိစ္စကို ဆွေးနွေးခဲ့ပြီး ၂၄ နာရီ မပြည့်ခင် ဩဂုတ် ၁၉ ရက်နေ့ ညပိုင်းမှာ ရုရှားဟာ ပိုလ်တာဗာ ဒေသက စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံ တစ်ခုကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ယူကရိန်းက ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ထိခိုက်ပျက်စီးမှုတွေလည်း ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ ကျူးကျော်သူ ရုရှားတပ်တွေဟာ ပိုလ်တာဗာ ဒေသထဲက စွမ်းအင်ဆိုင်ရာ အဆောက်အအုံ တစ်ခုကို ခရုစ်ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ် ဖျက်ဆီးခဲ့တဲ့အတွက် အကြီးအကျယ် မီးလောင်မှုတွေ ဖြစ်ခဲ့တယ်လို့ ယူကရိန်း စွမ်းအင် ဝန်ကြီးဌာနက Instagramမှာ ရေးသား ဖော်ပြထားခဲ့ပါတယ်။

ထိခိုက်ပျက်စီးခဲ့တဲ့ အဆောက်အအုံ အမျိုးအစားနဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ဝန်ကြီးဌာနက မထုတ်ပြန်ခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ရုရှားရဲ့ Interfax သတင်းဌာနကတော့ ကာကွယ်ရေး ဝန်ကြီးဌာန အရာရှိ တချို့ကို ကိုးကားပြီး အဲဒီ တိုက်ခိုက်မှုဟာ ယူကရိန်းရဲ့ ရေနံချက် စက်ရုံကို ပစ်မှတ်ထားခဲ့တာ ဖြစ်တယ်လို့ ရေးသားထားခဲ့ပါတယ်။ ပိုလ်တာဗာ ဒေသခံ တချို့ကလည်း ရေနံချက်စက်ရုံဖက်ကနေ မီးခိုးလုံးတွေ အူထွက်လာတာကို မြင်ခဲ့ရတယ်လို့ ပြောပါတယ်။

ယူကရိန်းရဲ့ တစ်ခုတည်းသော ရေနံချက် စက်ရုံဖြစ်တဲ့ ကာမန်ချက်ခ်ဟာ ပိုလ်တာဗာမှာ တည်ရှိနေတာပါ။ အဲဒီစက်ရုံဟာ အရင်ကလည်း ရုရှားရဲ့ ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုကို အကြိမ်ကြိမ် ခံခဲ့ရဖူးပြီး ဖြစ်ပါတယ်။

ယူကရိန်း စွမ်းအင် ဝန်ကြီးဌာနကတော့ ၂၀၂၅ ခုနှစ် မတ်လနောက်ပိုင်း ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ရုရှားက ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှု အကြိမ်ပေါင်း ၂၉၀၀ လောက်ရှိခဲ့ပြီးပြီလို့ ဆိုပါတယ်။ ရုရှားကတော့ အရပ်ဖက်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထားနေတယ်ဆိုတဲ့ စွပ်စွဲချက် မှန်သမျှကို ငြင်းဆန်ထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် သမ္မတ ရှီကျင့်ဖျင်ကို ကြိုဆိုဖို့ အမေရိကန် စစ်တပ် အရာရှိတွေက ပြာပြာသလဲ ကော်ဇောနီ ခင်းနေတဲ့ ဗီဒီယို တစ်ခုဟာ အမေရိကန်က လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ အတော်လေး ဝေဖန်စရာ ဖြစ်နေပါတယ်။

နိုင်ငံတကာ

သတင်းဌာန သုံးခုကို အိမ်ဖြူတော်မှာ ဝင်ရောက် သတင်းယူခွင့် ပိတ်ခဲ့တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်ကို တရားရုံး တစ်ခုက ကြားဝင် တားမြစ်လိုက်ပါတယ်။

နိုင်ငံတကာ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ စစ်ပွဲတွေကို စတင်ဖြန့်ဝေ ဖန်တီးနေသူ တစ်ဦးဖြစ်တယ်လို့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောကြားသွားပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

Facebook