Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှား-ယူကရိန်း ထိပ်သီးဆွေးနွေးပွဲ ခပ်မြန်မြန် ဖြစ်မြောက်လာနိုင်ခြေကို ရုရှားပယ်ချ

ရုရှားနဲ့ ယူကရိန်း သမ္မတတွေကြား မျက်နှာစုံညီ အစည်းအဝေးတစ်ခု ခပ်မြန်မြန် ဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့ ထင်ကြေးတွေကို ရုရှားဖက်က ပယ်ချသွားပါတယ်။

The New York Times

ရုရှားနဲ့ ယူကရိန်း သမ္မတတွေကြား မျက်နှာစုံညီ အစည်းအဝေးတစ်ခု ခပ်မြန်မြန် ဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့ ထင်ကြေးတွေကို ရုရှားဖက်က ပယ်ချသွားပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သူဟာ ရုရှား သမ္မတ ဗလာဒီမာပူတင်၊ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးတို့ကို သီးခြားစီ တွေ့ဆုံပြီးတဲ့နောက် သူရယ်၊ ပူတင်ရယ်၊ ဇီလန်စကီးရယ် သုံးပွင့်ဆိုင် တွေ့ဆုံရေးအတွက် ညှိနှိုင်း ပြင်ဆင်နေပြီလို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဒါကြောင့် ၃ နှစ်ခွဲကြာ စစ်ခင်းတိုက်ခိုက်နေတဲ့ ရုရှားနဲ့ ယူကရိန်းတို့ကြား နှစ်နိုင်ငံ ခေါင်းဆောင်တွေ မကြာခင် တွေ့ဆုံ ဆွေးနွေးဖြစ်တော့မယ်ဆိုတဲ့ ထင်ကြေးတွေ ထွက်ပေါ်လာတာပါ။ ဒါပေမဲ့ ရုရှား နိုင်ငံခြားရေး ဆာဂျီ လက်ဗ်ရော့ဗ်ကတော့ အဲဒီကိစ္စက ချက်ချင်းလက်ငင်း ဖြစ်လာနိုင်တယ် ဆိုတာကို ငြင်းပယ်သွားခဲ့ပါတယ်။

ပူတင်ဟာ ထရမ့်နဲ့ တွေ့ဆုံချိန်မှာ ယူကရိန်းနဲ့ တိုက်ရိုက် ဆွေးနွေးဖို့ဆိုတဲ့ စိတ်ကူးအတွက် လမ်းဖွင့်ပေးထားမယ်လို့ ပြောခဲ့ပေမယ့် လက်ဗ်ရော့ဗ်ကတော့ ဒီလို နက်ရှိုင်းတဲ့ ဆွေးနွေးမှုတွေဟာ ဖြည်းဖြည်းနဲ့ မှန်မှန်သာ ရှေ့တိုးရင်း လိုအပ်တဲ့ အဆင့်တိုင်းကို ဖြတ်ကျော်ဖို့ လိုတယ်လို့ ဩဂုတ် ၂၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ အစောဆုံး အဆင့်မှာတော့ နှစ်နိုင်ငံကြားက သံတမန်ရေးနဲ့ နိုင်ငံခြားရေးဆိုင်ရာ ကျွမ်းကျင်သူတွေ တွေ့ဆုံမှုနဲ့ စတင်သင့်တယ်လို့လည်း သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

Reuters

ထရမ့်ကတော့ ရုရှား-ယူကရိန်း ပဋိပက္ခဟာ ကိုင်တွယ်ရ ခက်ခဲလွန်းတဲ့ စိန်ခေါ်မှု တစ်ခုအဖြစ် ဝန်ခံခဲ့ပြီး ပူတင်က စစ်ပွဲကို တကယ်ပဲ ရပ်တန့်ချင်စိတ် ရှိရဲ့လားဆိုတာ မသေချာဘူးလို့လည်း မှတ်ချက်ပေးသွားပါတယ်။ နောက်ထပ် သီတင်းပတ်တချို့ ကြာပြီးရင်တော့ သမ္မတပူတင်ရဲ့ သဘောထားနဲ့ ပတ်သက်လို့ ပိုပြီး ရှင်းရှင်းလင်းလင်း သိလာနိုင်ခြေ ရှိကြောင်း၊ သူက သဘောတူညီမှု တစ်ခုခု ရယူချင်စိတ် မရှိတာမျိုးလည်း ဖြစ်နိုင်ကြောင်း ထရမ့်က ပြောကြားထားပါတယ်။

ဒါပေမဲ့ အဲဒီအတိုင်းသာ မှန်တယ်ဆိုရင် ပူတင်ဟာ တကယ့်ကို အကျပ်ရိုက်တဲ့ အခြေအနေ ကြုံသွားမှာ ဖြစ်တယ်လို့လည်း ထရမ့်က သတိပေးခဲ့ပါတယ်။ ထရမ့်ဟာ စစ်ပွဲကို ရပ်ဆိုင်းစေဖို့အတွက် ရုရှားရော၊ ယူကရိန်းကိုပါ ဖိအားပေးနေတာ ဖြစ်ပါတယ်။

နောက်ပြီး ကနဦးတုန်းက သုံးပွင့်ဆိုင် တွေ့ဆုံရေး စိတ်ကူးကို ထရမ့်က အတော်လေး အသားပေးခဲ့ပေမယ့် အခုအခါမှာတော့ သူမပါဘဲ ရုရှားနဲ့ ယူကရိန်း ခေါင်းဆောင်တွေချင်း အရင်တွေ့ဖြစ်ရင် ပိုကောင်းမယ်လို့ လေသံပြောင်းသွားခဲ့ပါတယ်။

ရုရှားရဲ့ ကုလသမဂ္ဂဆိုင်ရာ ဒုတိယ သံအမတ်ကြီး ဒီမစ်ထရီ ပိုလီယန်စကီးကတော့ ထိပ်တိုက်တွေ့ဆုံ ဆွေးနွေးမှုတွေကို ဘယ်ဖက်ကမှ ငြင်းဆိုမထားပေမယ့် အစည်းအဝေး ဖြစ်ရင်ပြီးရောဆိုတဲ့ သဘောထားမျိုးနဲ့တော့ အတင်းအကျပ် မစီစဉ်သင့်ဘူးလို့ ပြောကြားထားပါတယ်။

ပူတင်နဲ့ ဇီလန်စကီးတို့ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့တာဟာ ၂၀၁၉ တုန်းကဖြစ်ပြီး တစ်နည်းအားဖြင့် လက်ရှိ စစ်ပွဲ မတိုင်ခင် ၃ နှစ်ဝန်းကျင် ကာလလည်း ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။