Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိုလံဘီယာ ငလျင်ကြောင့် သေဆုံးသူ ၂၅၀ ကျော်လာ၊ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေ

ကိုလံဘီယာ နိုင်ငံမှာ မဂ္ဂနီကျု ၇.၄ အဆင့် ငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့နောက် သေဆုံးသူ ဦးရေဟာ ၂၅၀ ကျော်ထိ မြင့်တက်လာသလို အသက်ရှင် ကျန်သူတွေကို ရှာဖွေတဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကိုလည်း အပူတပြင်း ဆက်လက် ဆောင်ရွက်နေပါတယ်။

ဓာတ်ပုံ - Reuters

ကိုလံဘီယာ နိုင်ငံမှာ မဂ္ဂနီကျု ၇.၄ အဆင့် ငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့နောက် သေဆုံးသူ ဦးရေဟာ ၂၅၀ ကျော်ထိ မြင့်တက်လာသလို အသက်ရှင် ကျန်သူတွေကို ရှာဖွေတဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကိုလည်း အပူတပြင်း ဆက်လက် ဆောင်ရွက်နေပါတယ်။

ဩဂုတ် ၁၀ ရက်နေ့က ကိုလံဘီယာနိုင်ငံ အနောက်ပိုင်းမှာ ဆယ်စုနှစ်တွေအတွင်း အပြင်းထန်ဆုံး ငလျင်ကြီး လှုပ်ခဲ့လို့ အဆောက်အအုံတွေ အများအပြား ပြိုကျကုန်သလို အပျက်အစီးပုံတွေအောက် ပိတ်မိနေသူတွေလည်း ရှိနေပါတယ်။ ထိခိုက်သေဆုံးမှု အများစုကတော့ ကာလီနဲ့ ပါရိုင်ရာ မြို့တွေထဲမှာ ဖြစ်ပါတယ်။

ငလျင်ကြီးအပြီး ကယ်ဆယ်ရေး အဖွဲ့တွေဟာ အပျက်အစီးတွေကို ဖယ်ရှားရင်း အသက်ရှင် ကျန်ရစ်သူတွေကို ရှာဖွေနေပေမယ့် နောက်ဆက်တွဲ ငလျင်ငယ်တွေရဲ့ ခြိမ်းခြောက်မှုကိုလည်း ကြုံနေပါတယ်။ အဲဒီ ငလျင်တွေဟာ ဩဂုတ် ၁၁ ရက် ညပိုင်းထိ မကြာမကြာ လှုပ်ခတ်နေဆဲပါ။

ကိုလံဘီယာ သမ္မတ အဘီလာဒါ ဒီလာ အက်စ်ပရဲလားက ငလျင်ကြောင့် နိုင်ငံတော်အဆင့် အရေးပေါ် အခြေအနေ သတ်မှတ် ကြေညာထားပြီး အစိုးရရဲ့ အရင်းအမြစ်တွေကို ကယ်ဆယ်ရေးအတွက် အစွမ်းကုန် အသုံးချဖို့ ခွင့်ပြုပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ငလျင်ဘေးသင့် ဇုန်တွေမှာတော့ အပျက်အစီးပုံကြီးတွေကို စက်ယန္တရားတွေရော၊ လက်ချည်းသက်သက်ပါ အသုံးပြုပြီး ရှင်းလင်းနေသူတွေကို တွေ့ရပါတယ်။ ငလျင်ကြောင့် သေဆုံးသူဟာ ၂၅၀ ကျော်လွန်လာပြီး ဒဏ်ရာရသူ ၂၆၀၀ ကျော်၊ ပျောက်ဆုံးနေသူ ၂၀၀ ကျော် စာရင်းရထားကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

သမ္မတရဲ့ အဆိုအရ ငလျင်ကြောင့် အိမ်နဲ့ အဆောက်အအုံပေါင်း ၁၁၀၀ ကျော် လုံးဝဥဿုံ ပျက်စီးသွားပြီး ၈၀၀၀ ကျော်မှာ ထိခိုက်မှုတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

ငလျင်ဘေးသင့် ပြည်သူတွေအတွက် ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ဖို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)အပါအဝင် ကုလသမဂ္ဂ (UN) အဖွဲ့အစည်းတွေက ကိုလံဘီယာ အစိုးရကို ချိတ်ဆက်ပြီး အကူအညီတွေ ပေးနေပါတယ်။ အမေရိကန်၊ မက္ကဆီကို၊ ဘရာဇီး၊ အယ်လ်ဆာဗေးဒိုးစတဲ့ နိုင်ငံတွေကလည်း ငွေအား၊ လူအားနဲ့ ကူညီတာ၊ ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ဆောင်တာမျိုးတွေ ရှိနေပါတယ်။

ငလျင်ကြီး မလှုပ်ခင် ၃ ရက်အလိုကမှ ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့ ကိုလံဘီယာ သမ္မတ သမ္မတသစ် အက်စ်ပရဲလားကို အတိအလင်း ထောက်ခံခဲ့တဲ့ အမေရိကန် အစိုးရက ငလျင်ဘေးသင့် ကယ်ဆယ်ရေး အလှူငွေ ဒေါ်လာ ၁၅.၅ သန်း ပေးပို့မယ့်အကြောင်း ကြေညာခဲ့ပါတယ်။ အယ်လ်ဆာဗေးဒိုးကလည်း ကိုလံဘီယာဖက်က အကူအညီတောင်းတဲ့ လူသားချင်း စာနာမှု ပစ္စည်း တန် ၁၀၀ လောက်ကို ကုန်တင်လေယာဉ် နှစ်စီးနဲ့ ပေးပို့သွားမယ်လို့ ပြောကြားထားပါတယ်။ မက္ကဆီကို အစိုးရကတော့ အစားအသောက်တွေ၊ မရှိမဖြစ် လိုအပ်မယ့် နေ့စဉ်သုံး ပစ္စည်းတွေအပြင် ဆေးဝါးပမာဏ ၄ တန်လောက်ကို ပေးပို့သွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် မက္ကဆီကို ကယ်ဆယ်ရေး အဖွဲ့ဝင် ၂၅၅ ဦးနဲ့ အထူးလေ့ကျင့်ပေးထားတဲ့ ရှာဖွေရေးခွေးကိုလည်း စေလွှတ်ပေးသွားမယ်လို့ ကတိပြုထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုလံဘီယာ နိုင်ငံမှာ ငလျင်ကြီး လှုပ်ခတ်ပြီး ပြိုကျနေတဲ့ အဆောက်အအုံ အပျက်အစီးတွေ အောက်ကနေ ကလေးငယ်လေး တစ်ဦးကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ကိုလံဘီယာ နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၄ အဆင့် ဖျက်အားပြင်း ငလျင်ကြီးကြောင့် သေဆုံးသူ အရေအတွက်ဟာ ၁၃၀ ကျော်ထိ ဆက်တိုက် မြင့်တက်လာနေသလို ထိခိုက်ပျက်စီးမှု အများအပြားလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

နိုင်ငံတကာ

မဂ္ဂနီကျု့ ၇.၄ အဆင့်ရှိတဲ့ဖျက်အားပြင်းငလျင်ကြီးဒီနေ့ (သြဂုတ်လ ၁၀ ရက်)မနက်ပိုင်းကကိုလံဘီယာနိုင်ငံအနောက်ပိုင်းမှာလှုပ်ခတ်ရာ အနည်း ဆုံး လူ ၂၉ ဦးသေဆုံးထားပါတယ်။

သတင်း

မန္တလေး‌‌မြို့ ၊ဈေးချိုတော်က ငလျင်ကြောင့်ပျက်စီးသွားတဲ့ တိုက်တန်းဖြိုချနေတုန်းမှာ ပြိုကျသွားပြီး လူနဲ့ ကျန်အဆောက်အဦးတွေထိခိုက်မှုမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။