Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗီယက်နမ် ကမ်းရိုးတန်းကို ဖြတ်ကျော်ပြီး တိုင်ဖွန်း ကာဂျီကီ ကုန်းတွင်းဝင်ရောက်၊ မိုးကြီးပြီး ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်

တိုင်ဖွန်းမုန်တိုင်း ကာဂျီကီ ဖြတ်သန်း တိုက်ခတ်မှုကြောင့် ဗီယက်နမ်ရဲ့ မြောက်ပိုင်းနဲ့ အလယ်ပိုင်း ကမ်းရိုးတန်း ဧရိယာတွေမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ရေလွှမ်းမိုးမှုတွေလည်း ကြုံခဲ့ရပါတယ်။

တိုင်ဖွန်းမုန်တိုင်း ကာဂျီကီ ဖြတ်သန်း တိုက်ခတ်မှုကြောင့် ဗီယက်နမ်ရဲ့ မြောက်ပိုင်းနဲ့ အလယ်ပိုင်း ကမ်းရိုးတန်း ဧရိယာတွေမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ရေလွှမ်းမိုးမှုတွေလည်း ကြုံခဲ့ရပါတယ်။

တောင်တရုတ် ပင်လယ်ထဲကနေ အနောက်ဖက်ကို ရွေ့လျားရင်း ဗီယက်နမ်ရဲ့ အရှေ့ဖက် ကမ်းခြေကနေတဆင့် ကုန်းတွင်း ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းဟာ လေတိုက်နှုန်း တစ်နာရီ ၁၃၃ ကီလိုမီတာကနေ ၁၆၆ ကီလိုမီတာထိ ပြင်းထန်ခဲ့ပါတယ်။ ဒါပေမဲ့ ကာဂျီကီဟာ ကုန်းတွင်းပိုင်းမှာ ဆက်လက်ရွေ့လျားရင်း အားပျော့ ပျက်ပြယ်သွားမယ်လို့ မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

ဩဂုတ် ၂၅ ရက်နေ့မှာ အဲဒီမုန်တိုင်းဟာ တရုတ်ရဲ့ ဟိုင်နန်ကျွန်း တောင်ဖက်စွန်းကို ဖြတ်ပြီး ဗီယက်နမ်နိုင်ငံကို ဝင်ရောက်ခဲ့တာပါ။ အဲဒီကမှတဆင့် ကုန်းတွင်းပိုင်းက လာအိုနိုင်ငံကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံ မြောက်ပိုင်းထိ ဆက်လက် ရွေ့လျားမယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းကြောင့် ဗီယက်နမ်မှာ သစ်ပင်တွေကျိုးတာ၊ ဓာတ်တိုင်တွေ ပြိုလဲတာ၊ အိမ်တွေနဲ့ လမ်းတွေ ရေလွှမ်းသွားတာမျိုး အခြေအနေတွေ ကြုံထားရပြီး ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ကမ်းရိုးတန်း ဒေသတွေမှာ နေထိုင်သူတွေကတော့ ၇ ပေလောက်ရှိတဲ့ လှိုင်းလုံးတွေ ရိုက်ခတ်တာကို တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဟာတင်န်ပြည်နယ်ထဲမှာတော့ နေရာတော်တော်များများ ဓာတ်အား ပြတ်တောက်ကုန်ပြီး ငါးမွေးကန်တွေလည်း ပျက်စီးကုန်ပါတယ်။ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုကြောင့် မြေပြိုမှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

ဗီယက်နမ်မှာတော့ မုန်တိုင်း မဝင်ရောက်မီ ကတည်းက အဓိက အန္တရာယ် ရှိနိုင်တဲ့ ဇုန်နေရာတွေက ဒေသခံ ၆ သိန်း နီးပါးလောက်ကို ကြိုတင် ရွှေ့ပြောင်းပေးထားသလို လေဆိပ်တွေ၊ ဘူတာတွေ၊ ရုံးတွေ၊ ကျောင်းတွေကိုလည်း ပိတ်ထားခဲ့ပါတယ်။

ကာဂျီကီဟာ အခုနှစ်မှာ ဗီယက်နမ်ကို ဖြတ်သန်းတဲ့ အားအပြင်းဆုံး မုန်တိုင်းလည်း ဖြစ်လာပါတယ်။ အစိုးရက မုန်တိုင်းကြောင့် ဖြစ်လာနိုင်တဲ့ ရာသီဥတုဆိုင်ရာ နောက်ဆက်တွဲ အန္တရာယ်တွေက အထူး ဂရုစိုက်သင့်တဲ့ အခြေအနေမျိုးလို့ နှိုးဆော်ထားပါတယ်။

ဗီယက်နမ် မြောက်ပိုင်း ဒေသတချို့မှာတော့ ဩဂုတ် ၂၅ ရက် ညနေပိုင်းကနေ ၂၆ ရက် မနက်ပိုင်းထိ အတောအတွင်း မိုးရေချိန် ၅၀၀ မီလီမီတာလောက်ထိ သည်းကြီးမည်းကြီး ရွာချနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဗီယက်နမ် အစိုးရဟာ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် စစ်သား ၁၆၅၀၀ ကျော်နဲ့ အရန်တပ်ဖွဲ့ဝင် ၁၀၇၀၀၀ ကျော်ကိုလည်း အရေးပေါ် တပ်လှန့်ထားပြီးဖြစ်ကြောင်း သိရှိရပါတယ်။

ကိုးကား: CNA
https://www.channelnewsasia.com/asia/vietnam-typhoon-kajiki-mass-evacuations-shuts-airports-5312046

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွန်လွန်ကဲကဲ မိုးဆက်တိုက် ရွာသွန်းမှုတွေကြောင့် ဗီယက်နမ် နိုင်ငံမှာ သေဆုံးခဲ့သူ ဦးရေဟာ ရာဂဏန်းထိ ကပ်လာခဲ့ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဗီယက်နမ်မှာ သည်းသည်းထန်ထန် ဆက်တိုက်ရွာသွန်းတဲ့မိုးကြောင့် ရေကြီးမှု၊ မြေပြိုမှုတွေ ဖြစ်ပွားပြီး လူ ၄၀ ကျော် သေဆုံးခဲ့ပါတယ်။

သတင်း

ဗီယက်နမ်မှာ တိုက်ခတ်သွားတဲ့ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းကြောင့် ရာစုနှစ်တွေနဲ့ချီ သက်တမ်းကြာညောင်းပြီး နစ်မြုပ်နေတဲ့ သင်္ဘောဟောင်းကြီးတစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။

နိုင်ငံတကာ

ဗီယက်နမ် နိုင်ငံမှာ တိုင်ဖွန်းမုန်တိုင်း ဘူအာလွိုင် ဝင်ရောက် တိုက်ခတ်မှုကြောင့် လူ ၈ ဦး သေဆုံးပြီး ၁၇ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။