Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗီယက်နမ်မှာ ရေကြီးမှုတွေကြောင့် သေဆုံးသူ ရာဂဏန်းနားထိ နီးကပ်လာ

လွန်လွန်ကဲကဲ မိုးဆက်တိုက် ရွာသွန်းမှုတွေကြောင့် ဗီယက်နမ် နိုင်ငံမှာ သေဆုံးခဲ့သူ ဦးရေဟာ ရာဂဏန်းထိ ကပ်လာခဲ့ပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ - Getty Images

လွန်လွန်ကဲကဲ မိုးဆက်တိုက် ရွာသွန်းမှုတွေကြောင့် ဗီယက်နမ် နိုင်ငံမှာ သေဆုံးခဲ့သူ ဦးရေဟာ ရာဂဏန်းထိ ကပ်လာခဲ့ပြီ ဖြစ်ပါတယ်။

နိုဝင်ဘာ ၂၃ ရက် ညပိုင်းထိ အခြေအနေအရ ဗီယက်နမ် တောင်ပိုင်းနဲ့ အလယ်ပိုင်း ဒေသတွေမှာ မိုးရွာသွန်းမှု နောက်ဆက်တွဲ ရေကြီး၊ မြေပြိုတာတွေကြောင့် သေဆုံးသူ ၉၀ ကျော်လွန်သွားပြီ ဖြစ်ပါတယ်။

ဗီယက်နမ်မှာ အောက်တိုဘာ လလယ်ကစလို့ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ ကြုံနေခဲ့ရတာပါ။ တချို့ဧရိယာတွေမှာဆို သုံးလေးရက်ဆက်တိုက် မနားမနေ သည်းသည်းမည်းမည်း မိုးရွာတာမျိုးတွေတောင် ရှိခဲ့ပါတယ်။

မိုးရွာသွန်းမှုတွေကြောင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရာ အပန်းဖြေ ဇုန်တွေအပါအဝင် နေရာအများအပြားမှာ ရေကြီးတာ၊ မြေပြိုတာတွေ ကြုံခဲ့ရပါတယ်။ တချို့ မြို့ရွာတွေမှာ ရေတွေက အိမ်တွေထဲကို လျင်လျင်မြန်မြန် ဝင်ရောက် ဖုံးလွှမ်းသွားတာကြောင့် ဒေသခံတွေဟာ အိမ်ခေါင်မိုးတွေပေါ်ထိ တက်နေပြီး ကယ်ဆယ်ရေးတွေ အလာကို စောင့်ခဲ့ကြရပါတယ်။

Public Service Announcement

Public Service Announcement

ဗီယက်နမ် အာဏာပိုင်တွေကတော့ ပြည်နယ် ၅ ခုထဲက ထိခိုက်ပျက်စီးမှု တန်ဖိုးတွေဟာ ဒေါ်လာ ၃၄၃ သန်းလောက်ထိ များပြားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဥပမာ ကမ်းရိုးတန်း မြို့တစ်မြို့ဖြစ်တဲ့ နာထရန်မှာဆိုရင် အစိတ်အပိုင်း အတော်များများဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက လုံးဝဥဿုံ ရေအောက် ရောက်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်တုန်းက တချို့နေရာတွေမှာ ရေပြန်ကျစ ပြုလာပေမယ့် ရွှံ့နဲ့ အညစ်အကြေး အလိမ်းလိမ်း ကပ်ငြိကျန်နေပြီး သိုလှောင်ထားတဲ့ ရိက္ခာတွေနဲ့ ကုန်ပစ္စည်းတွေ အများကြီး ပျက်စီးကုန်ကြောင်း ဒေသခံတွေက ညည်းညူကြပါတယ်။

ဒက်ခ်လက်ခ်နဲ့ အနီးတဝိုက် ဒေသ ၄ ခုမှာတော့ စုစုပေါင်း စပါးစိုက်ပျိုးဧရိယာ ဟက်တာပေါင်း ၈၀၀၀၀ ကျော် ပျက်စီးသွားခဲ့ပါတယ်။ ကျွဲနွားနဲ့ ကြက်ဘဲတွေ အပါအဝင် မွေးမြူရေး တိရစ္ဆာန် ကောင်ရေ ၃.၂ သန်းလောက် သေဆုံးတာ၊ ရေစီးနဲ့အတူ မျောပါသွားတာတွေ ကြုံခဲ့ရပါတယ်။

ဗီယက်နမ်မှာ အခုနှစ် ပထမဆုံး ၁၀ လတာအတွင်း သဘာဝ ဘေးအန္တရာယ်တွေကြောင့် လူပေါင်း ၂၇၉ ဦးထက်မနည်း သေဆုံးပြီး အပျက်အစီးတန်ဖိုး ဒေါ်လာ ၂ ဘီလီယံကျော်ထိ များပြားခဲ့ကြောင်း သိရပါတယ်။

အရှေ့တောင်အာရှ ဒေသတွင်းက ဗီယက်နမ် နိုင်ငံဟာ နှစ်စဉ် ဇွန်လနဲ့ စက်တင်ဘာလတွေ အတွင်းမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ ကြုံရလေ့ ရှိပါတယ်။ ဒါပေမဲ့ လူသားတွေကြောင့် ဖြစ်ပေါ်တဲ့ ရာသီဥတု ပြောင်းလဲ ဖောက်ပြန်မှုတွေဟာ ရာသီဥတု အပြောင်းအလဲတွေကို ပိုဆိုးရွားစေပြီး ဖျက်ဆီးအားလည်း ပိုမို ပြင်းထန်လာစေကြောင်း သတိပေးထားကြပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

စစ်အုပ်စုကို ကူညီ​နေတဲ့ ကုမ္ပဏီနဲ့ ပုဂ္ဂိုလ်​တွေဟာ စစ်ရာဇဝတ်မှုအား​ပေးသူ​တွေဖြစ်တာ​ကြောင့်အ​ရေးယူ​ပေးဖို့တိုက်တွန်း

နိုင်ငံတကာ

ရေကြီးပြီး ခါးလောက်နီးပါးထိ ရေမြုပ်နေတဲ့ နေရာမှာ ကျင်းပခဲ့တဲ့ ဖိလစ်ပိုင် မင်္ဂလာပွဲ တစ်ခုဟာ လူမှုကွန်ရက်ပေါ်မှာ လူပြောများနေပါတယ်။

သတင်း

နီပေါနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုမှာ ကလေးနှစ်ဦးကို လက်တွဲပြီး ပြေးလာရင်း အသက်ဘေးကနေ ကပ်လွတ်ခဲ့တဲ့ မိခင်တစ်ဦးရဲ့ ရင်ထိတ်စရာ အခြေအနေကို ဗီဒီယိုနဲ့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံက နာမည်ကျော် ဂရန်းကန်ညွန် (Grand Canyon) ချောက်ကြီးထဲမှာ ရုတ်တရက် ရေကြီးမှု တစ်ခုကြောင့် တောတောင် ခြေလျင်ခရီးသွား ၁၅ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။