Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယား အစိုးရ ဆန့်ကျင်ရေး ရေဒီယို ထုတ်လွှင့်မှုကို တောင်ကိုရီးယား ရပ်နား

မြောက်ကိုရီးယား အစိုးရ ဆန့်ကျင်ရေး ဝါဒဖြန့်မှုတွေ ထုတ်လွှင့်နေတဲ့ ရေဒီယို အစီအစဉ်ကို တောင်ကိုရီးယားက ရပ်နားထားလိုက်ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

မြောက်ကိုရီးယား အစိုးရ ဆန့်ကျင်ရေး ဝါဒဖြန့်မှုတွေ ထုတ်လွှင့်နေတဲ့ ရေဒီယို အစီအစဉ်ကို တောင်ကိုရီးယားက ရပ်နားထားလိုက်ကြောင်း သိရပါတယ်။

တောင်ကိုရီးယားမှာ လီဂျေမြောင် သမ္မတ ဖြစ်လာချိန် ကတည်းက မြောက်ပိုင်း ကွန်မြူနစ် နိုင်ငံနဲ့ ဆက်ဆံရေးကို ပြန်လည် ကုစားဖို့ ကြိုးစားနေခဲ့ပြီး အဲဒီရည်ရွယ်ချက်ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ အခုလို ရေဒီယို ထုတ်လွှင့်မှုကို ဆိုင်းငံ့လိုက်တာ ဖြစ်ပါတယ်။

စက်တင်ဘာ ၁ ရက်နေ့ကစလို့ Voice of Freedom ရေဒီယို အသံလွှင့်မှုကို ရပ်တန့်ထားမှာဖြစ်ပြီး ဒါဟာ ကိုရီးယား နှစ်နိုင်ငံကြား တင်းမာမှုကို လျှော့ချဖို့ အားထုတ်မှု တစ်ခုလို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက တောင်ကိုရီးယား စစ်သင်္ဘော တစ်စီးကို မြောက်ကိုရီးယားက နှစ်မြှုပ်ခဲ့တဲ့ ဖြစ်ရပ်နောက်ပိုင်း Voice of Freedomကို နေ့စဉ် ထုတ်လွှင့်နေရာက ပထမဆုံးအကြိမ် ရပ်နားမှုလည်း ဖြစ်လာပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ရေဒီယိုလိုင်းဟာ မြောက်ကိုရီးယားက နားဆင်သူတွေအတွက် အဓိက ရည်ရွယ် တည်ထောင်ထားပြီး မြောက်ကိုရီးယား အစိုးရ ဆန့်ကျင်ရေး သဘောထားတွေ၊ တောင်ကိုရီးယားရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု အကြောင်းတွေနဲ့ K-Pop သီချင်းတွေကို ထုတ်လွှင့်လေ့ ရှိခဲ့ပါတယ်။ တောင်ကိုရီးယား အစိုးရဟာ Voice of Freedomကို မြောက်ကိုရီးယား အစိုးရကို ထိုးနှက်တဲ့ စိတ်ဓာတ်စစ်ဆင်ရေး ကိရိယာ တစ်ခုလို အသုံးချခဲ့ပါတယ်။

အခုတော့ တောင်နဲ့မြောက် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာမှုတွေကို ဖြေလျှော့ဖို့ အားထုတ်မှုတွေရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ Voice of Freedom ထုတ်လွှင့်မှုကို ရပ်နားထားလိုက်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် လီကျုံဟိုက ပြောကြားသွားပါတယ်။

တောင်ကိုရီးယားမှာ အစိုးရ အပြောင်းအလဲ ဖြစ်လာတဲ့ ဇွန်လကစလို့ ကိုရီးယား နှစ်နိုင်ငံ ပြန်လည် သင့်မြတ်ရေးကို သိသိသာသာ ဦးတည် ခြေလှမ်းပြင်လာခဲ့ပေမယ့် မြောက်ကိုရီးယား အစိုးရကတော့ တောင်ပိုင်းက ပြိုင်ဘက်နဲ့ တင်းမာမှုတွေကို လျှော့ချဖို့ စိတ်ကူးမရှိဘူးလို့ အတိအလင်း တုံ့ပြန်ထားပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံ ရင်ကြားစေ့ရေးဆိုတဲ့ တောင်ကိုရီးယား သမ္မတလီရဲ့ အားထုတ်မှုတွေကလည်း လူမြင်ကောင်းရုံ ကြောင်သူတော် လုပ်ရပ်မျိုးတွေလို့ မြောက်ကိုရီးယားက ဝေဖန်ထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေကြီးရာကနေ မြောက်ကိုရီးယားဖက်ကနေ မျောပါလာတယ်လို့ ယုံကြည်ရတဲ့ မြေမြှုပ်မိုင်းတွေကို တောင်ကိုရီးယားက လိုက်လံ သိမ်းဆည်း ဖယ်ရှားနေရပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ရှစ်လေးလုံးအရေးတော်ပုံ (၃၈) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဒီကနေ့(သြဂုတ် ၇)မှာ တောင်ကိုရီးယား-အာဆီယံစင်တာနဲ့ အာဆီယံသံရုံးအပါအဝင် နေရာ ၁၂ ခုမှာ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ​ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး (၃၈)နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့အကြို လှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အခုနှစ် နွေရာသီမှာ လွန်လွန်ကဲကဲ ပူပြင်းမှုတွေကြောင့် သေဆုံးသူ ၁၉ ဦးထိ ရှိလာကြောင်း တောင်ကိုရီးယား အစိုးရက ထုတ်ပြန်ပါတယ်။