Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပိုလန်ကို ရုရှား ဒရုန်းတွေ ကျူးကျော်ခဲ့မှုအပြီး ဥရောပ အရှေ့ပိုင်းမှာ လုံခြုံရေး အစီအမံတွေ NATO အားဖြည့်

အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ ပိုလန်ရဲ့ လေပိုင်နက်ထဲ ရုရှားဒရုန်းတွေ ကျူးကျော် ဝင်ရောက်ခဲ့တဲ့ ဖြစ်စဉ်အပြီး NATO စစ်မဟာမိတ် အဖွဲ့ဟာ ဥရောပ အရှေ့ပိုင်းမှာ လုံခြုံရေး အစီအမံတွေကို တိုးမြှင့်လာခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ ပိုလန်ရဲ့ လေပိုင်နက်ထဲ ရုရှားဒရုန်းတွေ ကျူးကျော် ဝင်ရောက်ခဲ့တဲ့ ဖြစ်စဉ်အပြီး NATO စစ်မဟာမိတ် အဖွဲ့ဟာ ဥရောပ အရှေ့ပိုင်းမှာ လုံခြုံရေး အစီအမံတွေကို တိုးမြှင့်လာခဲ့ပါတယ်။

စက်တင်ဘာ ၁၀ ရက်နေ့ မနက်အစောပိုင်းက ပိုလန် လေပိုင်နက်ထဲကို ရုရှား ဒရုန်းတချို့ ကျူးကျော် ဝင်ရောက်ခဲ့ပြီး အနည်းဆုံး ၃ စင်းကို ပိုလန်နဲ့ NATO တိုက်လေယာဉ်တွေက ပစ်ချခဲ့ရပါတယ်။ ဒါဟာ ရုရှား-ယူကရိန်း စစ်ပွဲကာလ တလျှောက်မှာ NATO အဖွဲ့ဝင် နိုင်ငံတစ်ခုရဲ့ လေပိုင်နက်ထဲ ရောက်လာတဲ့ ရုရှားစစ်လက်နက်တွေကို ပထမဆုံး ကြားဖြတ် ပစ်ချမှု ဖြစ်လာခဲ့ပါတယ်။

နောက်ထပ် ရုရှား ဒရုန်းတွေကိုလည်း ပိုလန် အရှေ့ပိုင်း နယ်မြေတချို့မှာ ပျက်ကျနေတာကို နောက်ပိုင်းမှာ ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။ အဲဒီဖြစ်ရပ်နောက်ပိုင်း NATO အဖွဲ့ဝင် နိုင်ငံတွေ စက်တင်ဘာ ၁၂ ရက်နေ့မှာ စုဝေးပြီး ဆွေးနွေးကြဖို့လည်း ပိုလန်က တောင်းဆိုထားပါတယ်။

ရုရှားဒရုန်းတွေ နယ်ကျော်ခဲ့တဲ့ ဖြစ်စဉ်အပြီး နယ်သာလန်နဲ့ ချက်နိုင်ငံတွေက ပိုလန်ကို ကာကွယ်ရေး အစီအမံတွေ ကူညီ ဖြည့်တင်း ပေးပို့သွားမယ်လို့ ကြေညာခဲ့ပါတယ်။ အလားတူ လစ်သူယေးနီးယားမှာလည်း ဂျာမန် တပ်မဟာတစ်ခု သွားရောက် ဖြန့်ကျက်မှာဖြစ်ပြီး ပိုမို ခေတ်မီတဲ့ လေကြောင်း ကာကွယ်ရေး ကြိုတင် သတိပေး စနစ်တွေ လက်ခံ ရရှိမယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဂျာမနီ အစိုးရက NATOရဲ့ အရှေ့ဖျား နယ်နိမိတ်မှာ အကျုံးဝင်တဲ့ အဖွဲ့ဝင် နိုင်ငံတွေနဲ့ ထိတွေ့ ညှိနှိုင်းမှုတွေကို တိုးမြှင့် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်ကလည်း ပိုလန် လေပိုင်နက်ကို ကာကွယ်ဖို့ Rafale တိုက်လေယာဉ် ၃ စီးကို ဖြန့်ကျက်ထားစေမယ်လို့ ကြေညာခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ ရုရှားရဲ့ ဒရုန်းတွေ NATO လေပိုင်နက်ထဲ ဝင်ရောက်ခဲ့တယ် ဆိုတာက မတော်တဆ အမှားတစ်ခုလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ လက်ရှိ ဖြစ်ပျက်နေတဲ့ ကိစ္စအားလုံးအတွက် သူသဘောမကျကြောင်း၊ ဒါပေမဲ့ ခပ်မြန်မြန် အဆုံးသတ်နိုင်ဖို့လည်း မျှော်လင့်ကြောင်း ထရမ့်က ဆိုပါတယ်။

ပိုလန် လွှတ်တော်မှာ တင်ပြ ဆွေးနွေးမှုမှာတော့ ကာကွယ်ရေး ဝန်ကြီး ဝလက်ဒီဆလော် ကိုဆီနီယက်ခ် ကမ်မစ်ဇ်က မိတ်ဖက် နိုင်ငံတွေဆီက အားဖြည့်ပေးဖို့ ကမ်းလှမ်းထားတဲ့ထဲမှာ နယ်သာလန်က လေကြောင်းကာကွယ်ရေး စနစ်တွေ၊ လက်နက်ကြီးတွေနဲ့ တပ်အင်အား ၃၀၀ ပေးပို့ဖို့၊ ချက်က ရဟတ်ယာဉ်တွေနဲ့ စစ်သည် ၁၀၀ ပေးပို့ဖို့ ပါရှိနေတယ်လို့ ပြောပါတယ်။ နောက်ပြီး ဗြိတိန်နဲ့ ပြင်သစ်တို့ကလည်း NATO အရှေ့ဖျား နယ်နိမိတ်ကို ကာကွယ်ဖို့ ပိုလန်မှာ လေယာဉ်တွေ လာရောက် အခြေစိုက်စေဖွယ် ရှိတယ်လို့ သူက အတည်ပြုသွားပါတယ်။

၂၀၂၂ နှစ်ဆန်းပိုင်းမှာ စတင်ခဲ့တဲ့ ရုရှား-ယူကရိန်း စစ်ပွဲတလျှောက် ယူကရိန်းဆီ ပစ်ခတ်တဲ့ ရုရှား ဒရုန်းနဲ့ ဒုံးကျည်တွေဟာ ဒေသတွင်း NATO အဖွဲ့ဝင် နိုင်ငံတွေရဲ့ လေပိုင်နက်တွေထဲက မတော်တဆ ဖြတ်သန်းသွားတာတွေ ကြုံခဲ့ဖူးပေမယ့်လည်း NATOဖက်က ကြားဖြတ်ပစ်ချတဲ့ထိ တုံ့ပြန်တာမျိုးကတော့ အခုတစ်ကြိမ် ပထမဆုံး ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားရဲ့ ဂျက်အင်ဂျင် တပ်ထားတဲ့ ဒရုန်းတွေကို ကြားဖြတ် ဟန့်တားနိုင်တဲ့ ဒရုန်းခွင်းဒရုန်း အသစ်တွေကို ယူကရိန်းက စတင် အသုံးပြုနေပြီလို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

NATO လေပိုင်နက်ထဲ ဝင်ရောက်လာတဲ့ ဒရုန်းတစ်စီးကို NATO တိုက်လေယာဉ်တွေက ပစ်ချခဲ့ပါတယ်။

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆန်နဲ့ ဥရောပ လုံခြုံရေး အရာရှိတွေ နယ်စပ်ဖြတ်သန်းပြီး မကြာခင်မှာပဲ ယူကရိန်း-ပိုလန် နယ်စပ်မှာ ရထားတစ်စီးကို ရုရှားက တိုက်ခိုက်ခဲ့ပါတယ်။

နိုင်ငံတကာ

မော်လ်ဒိုဗာ လေပိုင်နက်ထဲ ရုရှားဒရုန်းတစ်စီး ကျူးကျော် ဝင်ရောက်လာမှုကြောင့် ယူကရိန်း သမ္မတရဲ့ လေယာဉ် ခရီးစဉ် နှောင့်နှေးမှုတွေ ကြုံခဲ့ကြောင်း သိရပါတယ်။

Facebook