Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းကို Tomahawk ခရုစ်ဒုံးကျည်တွေ ထောက်ပံ့ပေးဖို့ ထရမ့် အလေးအနက် စဉ်းစားနေ

အမေရိကန်လုပ် တာဝေးပစ် Tomahawk ခရုစ် ဒုံးကျည်တွေ ထောက်ပံ့ပေးဖို့ ယူကရိန်းရဲ့ တောင်းဆိုမှုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က အလေးအနက် စဉ်းစားနေကြောင်း အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ် ဒေးဗစ် ဗန့်စ်က ပြောပါတယ်။

ဓာတ်ပုံ - US Navy/AP

အမေရိကန်လုပ် တာဝေးပစ် Tomahawk ခရုစ် ဒုံးကျည်တွေ ထောက်ပံ့ပေးဖို့ ယူကရိန်းရဲ့ တောင်းဆိုမှုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က အလေးအနက် စဉ်းစားနေကြောင်း အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ် ဒေးဗစ် ဗန့်စ်က ပြောပါတယ်။

ယူကရိန်းက Tomahawk ဒုံးကျည်တွေဟာ ရုရှားပိုင်နက် အတွင်းပိုင်းက မြို့တွေထဲထိ တိုက်ခိုက်ရာမှာ အသုံးဝင်နိုင်တဲ့အတွက် ရုရှားရဲ့ စစ်လက်နက် ထုတ်လုပ်မှုကို ထိထိရောက်ရောက် လျှော့ချနိုင်ဖို့ အကူအညီ ဖြစ်စေမယ်လို့ ယူကရိန်းက အကြောင်းပြထားပါတယ်။

ဗန့်စ်က သမ္မတ ထရမ့်ဟာ အခုကိစ္စနဲ့ ပတ်သက်ပြီး အလေးအနက် စဉ်းစားနေပေမယ့် အပြီးသတ် ဆုံးဖြတ်ချက်တော့ မချရသေးဘူးလို့ ဆိုပါတယ်။

ယူကရိန်း ဒုတိယ ကာကွယ်ရေးဝန်ကြီး အိုင်ဗန် ဟက်ဗရီလုခ်က တကယ်လို့ ရုရှားအတွက် စရိတ်စက အရမ်းအကုန်အကျများအောင် ယူကရိန်းက ထိုးနှက်နိုင်မယ်ဆိုရင် စစ်ရပ်စဲရေး ညှိနှိုင်းမှုတွေ အမြန်ဆုံး အကောင်အထည် ပေါ်လာဖို့ တွန်းအား ဖြစ်စေလိမ့်မယ်လို့ ထောက်ပြခဲ့ပါတယ်။ ထရမ့်ဟာ ရုရှားနဲ့ ယူကရိန်းကြားက စစ်ပွဲကို ရပ်စဲစေဖို့ နှစ်ဖက်စလုံးကို ဖိအားပေးနေပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ရုရှားအစိုးရ ရုံးစိုက်ရာ ကရင်မလင် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ ယူကရိန်းအပေါ် ရုရှားရဲ့ စစ်ဆင်ရေး လမ်းကြောင်းကို ပြောင်းလဲသွားစေမယ့် ဘယ်လိုလမ်းကြောင်းမျိုးမှ ရှိနိုင်မှာ မဟုတ်ကြောင်း ပြောကြားထားပါတယ်။

အဆင့်အမြင့်ဆုံး Tomahawk ဒုံးကျည်တွေဟာ ကီလိုမီတာ ၂၅၀၀ လောက်ထိ ခရီးပေါက်အောင် ပျံသန်းနိုင်ပါတယ်။ အဓိပ္ပါယ်ကတော့ အဲဒီဒုံးကျည်တွေသာ ရှိနေရင် ယူကရိန်းဟာ မော်စကို မြို့တော်ထိ လက်လှမ်းမီတဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်မှာပါ။

ဗန့်စ်က ထရမ့်ဟာ ယူကရိန်းအတွက် အဲဒီဒုံးကျည်တွေ ပေးမပေး ဆိုတာကို တိတိကျကျ ထုတ်မပြောပေမယ့် ယူကရိန်း နိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ကိသ်ကာလော့ဂ်ကတော့ သမ္မတဟာ အမေရိကန် စစ်လက်နက်တွေ အသုံးပြုပြီး ရုရှားပိုင်နက် အတွင်းပိုင်းထိ ယူကရိန်းကို တိုက်ခိုက်ဖို့ ခွင့်ပြုထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ သမ္မတ ထရမ့် ပေးခဲ့တဲ့ အဖြေကတော့ yes ဆိုတာဖြစ်ကြောင်း၊ အဲဒီလို တာဝေး ပစ်မှတ်တွေကို ချေမှုန်းနိုင်တဲ့ စစ်လက်နက်တွေရဲ့ ရန်ကနေ ပုန်းကွယ်နိုင်မယ့်အရာ မရှိကြောင်း ကာလော့ဂ်က ပြောကြားခဲ့ပါတယ်။

ဗန့်စ်နဲ့ ကာလော့ဂ်တို့ဆီက မှတ်ချက်စကားတွေက ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရရဲ့ မူဝါဒပိုင်းမှာ သိသာတဲ့ ပြောင်းလဲမှုတွေ ရှိလာကြောင်း ပိုပြီး ပီပြင်လာစေပါတယ်။ သမ္မတ ထရမ့်ဟာ ယူကရိန်း အနေနဲ့ စစ်ပွဲကို ရပ်ဆိုင်းနိုင်ဖို့အတွက် နယ်မြေတချို့ကို လက်လွှတ် ဆုံးရှုံးခံရလိမ့်မယ်လို့ အစဉ်တစိုက် ပြောဆိုနေခဲ့ရာကနေ ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ ယူကရိန်းဟာ စစ်ပွဲမတိုင်ခင်က ပိုင်ဆိုင်ထားတဲ့ ဧရိယာ အားလုံးကို ပြန်လည်ရရှိပြီး စစ်ကို အဆုံးသတ်နိုင်ခြေမျိုး ရှိလာကြောင်း ပြောင်းလဲ မှတ်ချက်ပေးလာခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ကသာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံရတဲ့ နစ်နာသူ ဖြစ်နေတာလို့ အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းက ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားသွားပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တုံ့ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ဒေါ်နယ်လ်ထရမ့်နဲ့ လူချင်းတွေ့ဆုံခဲ့တာဟာ သမိုင်းဝင် ဆွေးနွေးမှု တစ်ခုလို့ ဗင်နီဇွဲလား ယာယီ သမ္မတက ပြောကြားခဲ့ပါတယ်။

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ဟာ ဆိုးယုတ်တဲ့ အဖွဲ့အစည်း တစ်ခုလို့ သူ့ရဲ့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ထည့်သွင်း စွပ်စွဲခဲ့ပါတယ်။

Facebook