Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားက စစ်ပွဲကို မရပ်ရင် ယူကရိန်းဆီ Tomahawk ဒုံးကျည်တွေ ထရမ့် ထောက်ပံ့ပေးဖွယ်ရှိ

ရုရှားက စစ်ပွဲကို မရပ်ဘဲ ဆက်တိုက်ခိုက်နေမယ်ဆိုရင် ယူကရိန်းဆီ Tomahawk ဒုံးကျည်တွေ ပေးပို့ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဆုံးဖြတ်ဖွယ် ရှိနေကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

ရုရှားက စစ်ပွဲကို မရပ်ဘဲ ဆက်တိုက်ခိုက်နေမယ်ဆိုရင် ယူကရိန်းဆီ Tomahawk ဒုံးကျည်တွေ ပေးပို့ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဆုံးဖြတ်ဖွယ် ရှိနေကြောင်း သိရပါတယ်။

ရုရှားနဲ့ ယူကရိန်းကြား ၃ နှစ်ခွဲကျော် ကြာမြင့်လာတဲ့ စစ်ပွဲကို ရပ်စဲစေဖို့ အမေရိကန် အစိုးရက ကြားဝင် ညှိနှိုင်းနေပေမယ့် ရုရှားက အမျိုးမျိုး အကြောင်းပြ ရှောင်လွှဲပြီး စစ်ပွဲ သက်တမ်းကို ဆွဲဆန့်နေတယ်လို့ ထရမ့်က ယူဆနေပါတယ်။

အစောပိုင်းတုန်းက ထရမ့်ဟာ စစ်ရပ်စဲရေးအတွက် ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ အနီးကပ် ထိတွေ့ ဆွေးနွေးတဲ့ နည်းလမ်းတွေကို သုံးခဲ့ပေမယ့်လည်း အခုအခါမှာတော့ ရုရှားရဲ့ အမျိုးမျိုး လှည့်ပတ်နေမှုတွေကို စိတ်ကုန်လာဟန်ရှိပြီး ယူကရိန်းကို ပိုပြီး တိုက်ရိုက်ကျကျ ထောက်ခံလာနေတာ ဖြစ်ပါတယ်။

အောက်တိုဘာ ၁၂ ရက်နေ့မှာတော့ ထရမ့်က ရုရှားသာ စစ်ပွဲကို မရပ်ဘူးဆိုရင် သူကလည်း အမေရိကန်ရဲ့ တာဝေးပစ် Tomahawk ဒုံးကျည်တွေ ယူကရိန်းအတွက် အသုံးပြုခွင့် ပေးသွားဖွယ် ရှိတယ်လို့ ပြောပါတယ်။ ထရမ့်ဟာ ယူကရိန်းဆီ အဲဒီ နည်းပညာမြင့် ဒုံးကျည်တွေ ထောက်ပံ့ပေးဖို့ စဉ်းစားနေကြောင်း အရင်ကတည်းက သတင်းတွေ ထွက်ပေါ်နေခဲ့ပြီး အခုတော့ သူကိုယ်တိုင်ကပါ ဒီကိစ္စအပေါ် မှတ်ချက်ပေးလာတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၁၂ ရက်နေ့တုန်းက အစ္စရေးဆီ မထွက်ခွာခင် Air Force One လေယာဉ်ပေါ် အတက်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အခါ ထရမ့်က သူဟာ အစ္စရေး သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ လက်နက် ထောက်ပံ့ရေးကိစ္စ ဆွေးနွေးဖြစ်ခဲ့တယ်လို့ ပြောပြပါတယ်။ အောက်တိုဘာ ၁၁ နဲ့ ၁၂ နှစ်ရက်စလုံး ဖုန်းဆက် ဆွေးနွေးခဲ့ကြရာမှာ ဇီလန်စကီးက Tomahawkတွေ ရရှိရေး တောင်းဆိုခဲ့တယ်လို့လည်း ထရမ့်က အတည်ပြုသွားပါတယ်။

Tomahawkတွေဟာ အမေရိကန်ရဲ့ လက်နက်တိုက်ထဲမှာ စွမ်းဆောင်ရည် အမြင့်ဆုံး၊ လက်တွေ့ တိုက်ပွဲဝင် မှတ်တမ်းကောင်းတွေ အများဆုံး ပိုင်ဆိုင်ထားတဲ့ ဒုံးကျည်တွေပါ။ Tomahawkတွေဟာ အကွာအဝေး ကီလိုမီတာ ၂၅၀၀ လောက်က ပစ်မှတ်တွေကိုတောင် ထိထိရောက်ရောက် ချေမှုန်းနိုင်တဲ့အတွက် ယူကရိန်းဟာ မော်စကိုမြို့တော်ထိ လက်လှမ်းမီအောင် တိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ်။

ရုရှားဖက်ကတော့ ယူကရိန်းဆီ Tomahawk ဒုံးကျည်တွေ ထောက်ပံ့တာမျိုး မလုပ်ဖို့ အမေရိကန်ကို ရည်ရွယ် သတိပေးထားပြီး အဲဒီလုပ်ရပ်ဟာ စစ်ပွဲမှာ ပိုပြီး တင်းမာကြမ်းတမ်းတဲ့ ရန်လိုမှုတွေ စတင်လာဖို့ ခြေလှမ်းသစ် ဖြစ်သွားလိမ့်မယ်လို့ ပြောပါတယ်။

ထရမ့်ကတော့ အမေရိကန်ဟာ ယူကရိန်းဆီ Tomahawkတွေ တိုက်ရိုက် ထောက်ပံ့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အဲဒီအစား ဒုံးကျည်တွေကို NATO မဟာမိတ် နိုင်ငံတွေဆီ ရောင်းချပေးမှာဖြစ်ပြီး NATOက ယူကရိန်းဆီ လက်လွှဲပေးတာကို အမေရိကန်က ခွင့်ပြုပေးတာမျိုး ဖြစ်လိမ့်မယ်လို့လည်း သူက ရှင်းပြခဲ့ပါတယ်။

စစ်ပွဲက မရပ်သေးဘူးဆိုရင် ဒီကိစ္စကို လုပ်ဖြစ်အောင် လုပ်ဖို့ စဉ်းစားထားတယ်ဆိုတာ သူက ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဆီ အသိပေးမယ်လို့ ထရမ့်က ပြောပါတယ်။ ယူကရိန်းဆီ ဒုံးကျည်တွေ ကျိန်းသေပေါက် ထောက်ပံ့မယ်လို့တော့ မပြောလိုကြောင်း၊ ဒါပေမဲ့ ဖြစ်နိုင်ခြေတွေ ရှိတယ် ဆိုတာကိုတော့ နားလည်ထားဖို့ လိုကြောင်း ထရမ့်က ဆိုပါတယ်။

ဇီလန်စကီးကတော့ အမေရိကန်ကသာ Tomahawk ဒုံးကျည်တွေ ထောက်ပံ့မယ်ဆိုရင် ယူကရိန်း အနေနဲ့ အဲဒီလက်နက်တွေကို ရုရှားရဲ့ စစ်ရေးပစ်မှတ်တွေကိုသာ ဖျက်ဆီးဖို့ အသုံးပြုမှာဖြစ်ပြီး အရပ်သား ပစ်မှတ်တွေကို လုံးဝ မတိုက်ခိုက်ဘူးလို့ အာမခံထားပါတယ်။ အရင်ကလည်း ယူကရိန်းဟာ ရုရှားရဲ့ အရပ်သား အဆောက်အအုံတွေကို မတိုက်ခိုက်ခဲ့ကြောင်း၊ ဒီအချက်နဲ့တင် ရုရှားနဲ့ ယူကရိန်းကြား စံတန်ဖိုးတွေ ဘယ်လောက်ကွာသလဲ ဆိုတာကို မြင်သာစေနိုင်ကြောင်း ဇီလန်စကီးက ပြောကြားသွားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။