Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းကိုထရမ့်က Tomahawk ဒုံးကျည်တွေ ထောက်ပံ့ရင် အကျိုးဆက်တွေ ကောင်းမှာမဟုတ်ဘူးလို့ ရုရှားသတိပေး

ယူကရိန်းကို Tomahawk ဒုံးကျည်တွေသာ အမှန်တကယ် ထောက်ပံ့ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကဆုံးဖြတ်ခဲ့ရင်အဲဒီအတွက်အကျိုးဆက်တွေက ကောင်းမှာမဟုတ်ဘူးလို့ ရုရှားဖက်က သတိပေးခဲ့ပါတယ်။

ဓာတ်ပုံ - US Navy/Getty Images

​အောက်တိုဘာ-၁၄၊၂၀၂၅။People’s Spring

ယူကရိန်းကို Tomahawk ဒုံးကျည်တွေသာ အမှန်တကယ် ထောက်ပံ့ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကဆုံးဖြတ်ခဲ့ရင်အဲဒီအတွက်အကျိုးဆက်တွေက ကောင်းမှာမဟုတ်ဘူးလို့ ရုရှားဖက်က သတိပေးခဲ့ပါတယ်။

ရုရှားသမ္မတဟောင်းလည်းဖြစ်၊ရုရှားလုံခြုံရေးကောင်စီရဲ့ဒုတိယအကြီးအကဲ တာဝန်ယူထားသူလည်းဖြစ်တဲ့ ဒီမစ်ထရီ မက်ဗီဒက်ဗ်က အမေရိကန်သာ Tomahawk ခရုစ်ဒုံးကျည်တွေကိုယူကရိန်းဆီ လက်လွတ်စပယ် ပေးအပ်လိုက်မယ်ဆိုရင် အားလုံးအတွက်၊အထူးသဖြင့်ထရမ့်အတွက် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်ကုန်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့အနီးကပ်ဆုံး လက်ရုံးတစ်ဦးလည်းဖြစ်တဲ့ မက်ဗီဒက်ဗ်ဟာ အရင်ကလည်း ထရမ့်ကို လူမှုကွန်ရက်ပေါ်မှာ မကြာခဏ ဝေဖန်ခဲ့၊ လှောင်ပြောင်ခဲ့သူ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ကရုရှားသာယူကရိန်းစစ်ပွဲကို ရပ်တန့်ဖို့ ဆန္ဒမရှိဘူးဆိုရင်သူ့အနေနဲ့ ယူကရိန်းဆီ တာဝေးပစ် Tomahawk ဒုံးကျည်တွေ ထောက်ပံ့ပေးတာမျိုးကို အလေးအနက် စဉ်းစားရလိမ့်မယ်လို့ သတိပေးခဲ့တဲ့နောက် မက်ဗီဒက်ဗ်က အခုလို တုံ့ပြန်လာတာပါ။

အဲဒီ ဒုံးကျည်တွေဟာ ကီလိုမီတာ ၂၅၀၀ လောက်ထိပျံသန်းနိုင်ပြီးရုရှားရဲ့ မြို့တော်မော်စကိုထိယူကရိန်းကလက်လှမ်းမီအောင်တိုက်ခိုက်လာနိုင်မယ့်သဘောပါ။

Telegramမှာ ရေးသားထားရမှာတော့ မက်ဗီဒက်ဗ်က Tomahawkတွေကို ပစ်လွှတ်လိုက်ပြီ ဆိုတာနဲ့ တပ်ဆင်ထားတဲ့ ထိပ်ဖူးက သမာရိုးကျအမျိုးအစားလား၊ နျူကလီးယားလက်နက်လား ဆိုတာကို ခွဲခြားနိုင်ဖို့ မဖြစ်နိုင်တော့ကြောင်း ထောက်ပြထားပါတယ်။ဒီတော့ယူကရိန်းကသာ Tomahawkတွေ စတင်ပစ်ခတ်ပြီဆိုရင် ရုရှားအနေနဲ့ ဘယ်လို စဉ်းစားပြီး တုံ့ပြန်သင့်သလဲလို့လည်း သူကမေးခွန်းထုတ်ထားပါတယ်။

သူကထရမ့်ဟာအရင်ကလည်းရုရှားနိုင်ငံနားကို နျူကလီးယား ရေငုပ်သင်္ဘောတွေ စေလွှတ်မယ် ဆိုတာမျိုးခြိမ်းလားခြောက်လားလုပ်ခဲ့ဖူးကြောင်း၊ အခုတစ်ကြိမ်မှာလည်း အဲဒီလိုပဲ တကယ်မဟုတ်တဲ့ ခြိမ်းခြောက်မှုသက်သက်ဖြစ်ဖို့ မျှော်လင့်ကြောင်း၊ အဲဒီအစား Tomahawkတွေ ယူကရိန်းဆီ တကယ်ပို့မယ်ဆိုရင် အားလုံးအတွက်၊ အထူးသဖြင့်ထရမ့်အတွက်အကျိုးဆက်တွေက ကောင်းမွန်မှာ မဟုတ်ကြောင်း မက်ဗီဒက်ဗ်က ဆိုပါတယ်။

ထရမ့်ကတော့ Tomahawk ဒုံးကျည်တွေရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးထားပြီး ရုရှားအနေနဲ့ အဲဒီစစ်လက်နက်တွေ သူတို့ဆီ ပျံသန်းရောက်ရှိလာမှာကိုလိုလားမှာမဟုတ်ကြောင်းသတိ​ပေးထားပါတယ်။

လတ်တလောမှာတော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကသူဟာTomahawkတွေအပါအဝင် တာဝေးပစ် စစ်လက်နက်တွေ အမေရိကန်ဆီက အကူအညီ ရရှိနိုင်ရေးအတွက် ထရမ့်နဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားကြောင်း ပြောကြားထားပါတယ်။

ကိုးကား- The Hill

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။