Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လက်ရှိ တောင်ကိုရီးယား သမ္မတ လက်ထက်မှာ မြောက်ကိုရီးယားက ပထမဆုံးအကြိမ် ဒုံးကျည်စမ်းသပ်

မြောက်ကိုရီးယားဟာ အရှေ့ဖက် ကမ်းလွန်ပင်လယ်ပြင်ဆီ ဒုံးကျည်တစ်စင်း စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - AP

မြောက်ကိုရီးယားဟာ အရှေ့ဖက် ကမ်းလွန်ပင်လယ်ပြင်ဆီ ဒုံးကျည်တစ်စင်း စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောကြားခဲ့ပါတယ်။

အောက်တိုဘာ ၂၂ ရက်နေ့ မနက်ပိုင်းတုန်းက မြောက်ကိုရီးယားရဲ့ ဒုံးကျည်တစ်စင်းဟာ ပင်လယ်ပြင်ဖက် ပျံသန်းသွားခဲ့တာ ထောက်လှမ်း တွေ့ရှိရကြောင်း၊ အသေးစိတ် အချက်အလက်တွေကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း တောင်ကိုရီးယားက ဆိုပါတယ်။

ဒါဟာ လပေါင်းအတော်ကြာအောင် ဒုံးကျည် စမ်းသပ်မှုတွေ မလုပ်ဘဲ ငြိမ်သက်နေခဲ့ရာ မြောက်ကိုရီးယားက ဒုံးကျည် ပစ်ခတ်မှုတစ်ခု ပြန်လည် စတင်လာတာပါ။ ပြီးတော့ နှစ်နိုင်ငံ ပြန်လည်သင့်မြတ်ရေး မူဝါဒကို ဆွဲကိုင်ထားတဲ့ တောင်ကိုရီးယား သမ္မတ လီဂျေမြောင် လက်ထက်မှာ မြောက်ကိုရီးယားရဲ့ ပထမဆုံး ဒုံးကျည် ပစ်ခတ်မှုလည်း ဖြစ်လာခဲ့ပါတယ်။ အခုတစ်ကြိမ် မတိုင်ခင် မြောက်ကိုရီးယားက နောက်ဆုံးအကြိမ် ဒုံးကျည် စမ်းသပ်ခဲ့တာဟာ မေလ ၈ ရက်နေ့မှာဖြစ်ပြီး တာတိုဒုံးကျည် တော်တော်များများကို ပစ်ခတ်ခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည်နည်းပညာ အဆင့်မြှင့်မှု၊ စမ်းသပ်ပစ်ခတ်မှုတွေကို နိုင်ငံတကာက တားဆီး ပိတ်ပင်ထားပေမယ့် မြောက်ကိုရီးယားကတော့ လက်နက်စမ်းသပ်မှုတွေကို ဆက်လက် လုပ်ဆောင်နေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လာမယ့် သီတင်းပတ်ကျရင် တောင်ကိုရီးယားမှာ အာရှ-ပစိဖိတ် စီးပွားရေးဖိုရမ် (အေပက်) ထိပ်သီးညီလာခံ ကျင်းပဖို့ စီစဉ်ထားပြီး အဲဒီမတိုင်ခင်မှာ မြောက်ကိုရီးယားက ဒုံးကျည် စမ်းသပ်ခဲ့တာပါ။ အေပက် အစည်းအဝေးကိုတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်၊ တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ အပါအဝင် နိုင်ငံတကာ ခေါင်းဆောင်တွေ တက်ရောက်ကြမှာပါ။

မြောက်ကိုရီးယားဟာ မကြာသေးခင်ကလည်း နိုင်ငံရဲ့ အစွမ်းအထက်ဆုံး၊ ခေတ်အမီဆုံးလို့ ယူဆရတဲ့ ဧရာမ တိုက်ချင်းပစ် ဒုံးကျည် (ICBM) အသစ်ကြီးကိုလည်း စစ်ရေးပြပွဲ အခမ်းအနား တစ်ခုမှာ ထုတ်ပြသွားခဲ့ပါတယ်။ မြောက်ကိုရီးယား အစိုးရ မီဒီယာတွေက Hwasong-20 ဒုံးကျည်ရဲ့ တိုက်ခိုက်နိုင်စွမ်းဟာ အကန့်အသတ် မရှိဘူးလို့ ကြုံးဝါးထားပါတယ်။

စက်တင်ဘာလတုန်းကတော့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ လောင်စာခဲ နည်းပညာ အသုံးပြုပြီး နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်တွေကို တွန်းကန်ပေးနိုင်မယ့် မျိုးဆက်သစ် ဒုံးကျည်အင်ဂျင် စမ်းသပ်မှု တစ်ခုကို ကိုယ်တိုင် ကွပ်ကဲ ကြည့်ရှုခဲ့ကြောင်း သိရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့က လူလုပ်တူးမြောင်း တစ်ခုထဲ ရောက်နေတဲ့ ငါးမန်းတစ်ကောင်ကို လူပေါင်း သိန်းနဲ့ချီပြီး လာရောက် ကြည့်ရှုနေကြပါတယ်။

နိုင်ငံတကာ

နျူကလီးယားလက်နက်တွေ ဖောက်ခွဲစမ်းသပ်တာမျိုး မလုပ်ဖို့ နိုင်ငံတကာ တောင်းဆိုမှု တစ်ခုကို မြောက်ကိုရီးယားက ပြတ်ပြတ်သားသား ငြင်းဆန် ပယ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားဟာ နိုင်ငံရဲ့ နျူကလီးယား လက်နက်တွေကို ထာဝရ ထိန်းသိမ်းထားဖို့ သံန္နိဋ္ဌာန် ချထားကြောင်း နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယားရဲ့ ပထမဆုံး ပြည်တွင်းဖြစ် တိုက်လေယာဉ်ဖြစ်တဲ့ KF-21 Boramaeရဲ့ ပထမဆုံး တစ်စီးကို အောင်အောင်မြင်မြင် ထုတ်လုပ်ပြီး လေတပ်ဆီ လွှဲအပ်ပေးခဲ့ကြောင်း သိရပါတယ်။

Facebook