Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယားအတွက် နျူကလီးယား ရေငုပ်သင်္ဘော တည်ဆောက်ဖို့ ထရမ့်ခွင့်ပြု

တောင်ကိုရီးယားအတွက် နျူကလီးယား စွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတစ်စီး တည်ဆောက်ပေးဖို့ ခွင့်ပြုလိုက်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဆိုပါတယ်။

ဓာတ်ပုံ - The New York Times

တောင်ကိုရီးယားအတွက် နျူကလီးယား စွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတစ်စီး တည်ဆောက်ပေးဖို့ ခွင့်ပြုလိုက်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဆိုပါတယ်။

ဒါဟာ ကမ္ဘာတလွှားမှာ နျူကလီးယား ရေငုပ်သင်္ဘောတွေ ပိုင်ဆိုင်ထားတဲ့ နိုင်ငံ အနည်းအကျဉ်း စာရင်းထဲ တောင်ကိုရီးယားကို ပါဝင်ခွင့် ပြုလိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ရေးသားထားရာမှာတော့ ထရမ့်က တောင်ကိုရီးယားရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ထားတဲ့ ဖီလာဒဲလ်ဖီးယား သင်္ဘောကျင်း တစ်ခုမှာ အဲဒီ ရေယာဉ် အသစ်ကို တည်ဆောက်စေမယ်လို့ ဖော်ပြထားပါတယ်။

ထရမ့်ဟာ အောက်တိုဘာ ၂၉ ရက်နေ့မှာ သူ့ရဲ့ အာရှခရီးစဉ် နောက်ဆုံးအဆင့်အဖြစ် တောင်ကိုရီးယားကို ရောက်ရှိနေပြီး အိမ်ရှင်နိုင်ငံရဲ့ သမ္မတ လီဂျေမြောင်နဲ့လည်း တွေ့ဆူံခဲ့ပါတယ်။ တောင်ကိုရီးယားဟာ အမေရိကန်ဆီက ရေနံနဲ့ ဓာတ်ငွေ့ ပမာဏ အမြောက်အမြား ဝယ်ယူရေးကိုလည်း လက်ခံ ကတိပြုခဲ့တယ်လို့ ထရမ့်က ဆိုပါတယ်။

ဒါ့အပြင် ထရမ့်နဲ့ လီတို့ဟာ နှစ်နိုင်ငံ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှု စာချုပ်ရဲ့ အပြီးသတ် ညှိနှိုင်းမှု အဆင့်တွေကိုလည်း အောက်တိုဘာ ၂၉ ရက်နေ့ ဆွေးနွေးပွဲမှာ အတူလက်မှတ်ရေးထိုးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လီဟာ ပြည်တွင်းမှာ နျူကလီးယား လောင်စာကို ကိုယ်တိုင် သန့်စင် ထုတ်လုပ်ခွင့်ရရေး ထရမ့်ဆီကနေ ခွင့်ပြုချက်ရဖို့ တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။ နှစ်နိုင်ငံ သဘောတူထားတဲ့ စာချုပ်အရ တောင်ကိုရီးယားဟာ အမေရိကန် သဘောမတူဘဲ နျူကလီးယားလောင်စာ သန့်စင် ထုတ်လုပ်ခွင့် မရှိပါဘူး။

ထရမ့်က တောင်ကိုရီးယားအတွက် လက်ရှိ အသုံးပြုနေတဲ့ ဟောင်းနွမ်းပြီး အရမ်း ထက်ထက်မြက်မြက် မဟုတ်တော့တဲ့ ဒီဇယ်အင်ဂျင်သုံး ရေငုပ်သင်္ဘောတွေအစား နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စီး တည်ဆောက်နိုင်အောင် ခွင့်ပြုပေးခဲ့ကြောင်း သူကိုယ်တိုင် ထူထောင်ထားတဲ့ လူမှုကွန်ရက် ပလက်ဖောင်း Truthမှာ ရေးသားထားခဲ့ပါတယ်။

တောင်ကိုရီးယားဟာ ကမ္ဘာပေါ်မှာ ခေတ်အမီဆုံး သင်္ဘောတည်ဆောက်မှု စွမ်းရည်တွေကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ နျူကလီးယား စွမ်းအင်နဲ့ ခုတ်မောင်းတဲ့ စနစ်မျိုးကို ကိုင်တွယ်တည်ဆောက်နိုင်တဲ့ နိုင်ငံတွေကတော့ ကမ္ဘာပေါ်မှာ အရမ်း နည်းနည်းလေးပဲ ရှိပါတယ်။

ထရမ့်ဟာ ဗြိတိန်နဲ့လည်း ပူးပေါင်းပြီး ဩစတြေးလျအတွက် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ တည်ဆောက်ပေးရေး ကိစ္စကို မီးစိမ်းပြထားပါတယ်။ အဲဒီ သဘောတူညီမှုအရ အမေရိကန်ရဲ့ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော တည်ဆောက်မှု နည်းပညာကို ဩစတြေးလျဆီလည်း ဝေမျှပေးရမှာ ဖြစ်ပါတယ်။ အမေရိကန်ဟာ အဲဒီ နည်းပညာကို ၁၉၅၀ ပြည့်လွန်နှစ်တွေတုန်းက ဗြိတိန် တစ်နိုင်ငံတည်းဆီကိုသာ မျှဝေပေးခဲ့ဖူးပါတယ်။

ထရမ့်နဲ့လီတို့ တွေ့ဆုံကြချိန်မှာတော့ လီက တောင်ကိုရီးယားရဲ့ ကာကွယ်ရေး ကဏ္ဍကို အမေရိကန်က အများအပြား တာဝန်ယူထားရာကနေ လျှော့ပေါ့စေနိုင်ရေးအတွက် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောတချို့ တည်ဆောက်နိုင်ရေးအတွက် တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ ထရမ့်က ရေငုပ်သင်္ဘော တစ်စီးကိုပဲ ကနဦး တည်ဆောက်ဖို့ လက်ခံထားတဲ့ သဘောပါ။

လီမတိုင်ခင်က တောင်ကိုရီးယား သမ္မတ အဆက်ဆက်ကလည်း နျူကလီးယား ရေငုပ်သင်္ဘောတွေ ပိုင်ဆိုင်နိုင်ရေး မျှော်လင့်ခဲ့ပေမယ့် အမေရိကန်က သမ္မတ အသီးသီးကလည်း အဲဒီ ကိစ္စကို ဆယ်စုနှစ်တွေနဲ့ချီ တောက်လျှောက် ဆန့်ကျင် ငြင်းပယ်ခဲ့ကြပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။