Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သုံ့ပန်းကို ပစ်သတ်မှုအတွက် ရုရှားစစ်သားကို ယူကရိန်းမှာ ထောင်ဒဏ်တစ်သက်ချ

စစ်သုံ့ပန်းကို ပစ်သတ်မှုအတွက် ရုရှားစစ်သား တစ်ယောက်ကို ယူကရိန်း တရားရုံးက ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ပါတယ်။

ဓာတ်ပုံ - Reuters

စစ်သုံ့ပန်းကို ပစ်သတ်မှုအတွက် ရုရှားစစ်သား တစ်ယောက်ကို ယူကရိန်း တရားရုံးက ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ပါတယ်။

လက်ရှိ စစ်ဖြစ်ပွားနေတဲ့ နိုင်ငံရဲ့ ရန်သူစစ်သားကို ယူကရိန်း တရားရုံး တစ်ခုက ထောင်ဒဏ်တစ်သက် ချမှတ်တာဟာ အခုတစ်ကြိမ် ပထမဆုံးပါပဲ။ ၂၀၂၄ ခုနှစ်တုန်းက အသက် ၄၁ နှစ်အရွယ် ယူကရိန်း စစ်သား ဗီတာလီ ဟော့ဒ်နူခ်က လက်နက်ချခဲ့ပေမယ့် အသက် ၂၇ နှစ်အရွယ် ရုရှားစစ်သား ဒီမစ်ထရီ ကူရာရှော့ဗ်က သူ့ကို ပစ်သတ်ခဲ့ကြောင်း ယူကရိန်း တရားရုံးက စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ နိုဝင်ဘာ ၆ ရက်နေ့မှာတော့ အဲဒီ ပြစ်မှုအတွက် ကူရာရှော့ဗ်ကို ထောင်ဒဏ်တစ်သက် စီရင်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်နေ့က ဖြစ်ရပ်နဲ့ ပတ်သက်လို့ ကျွမ်းကျင် ပညာရှင်တွေရဲ့ အစီရင်ခံမှုတွေ၊ မျက်မြင်သက်သေ ထွက်ဆိုချက်တွေ၊ ဗီဒီယို မှတ်တမ်းတွေကို အထောက်အထားအဖြစ် တရားခွင်ဆီ တင်ပြခဲ့ကြောင်း အစိုးရ ရှေ့နေတွေက ပြောပါတယ်။

အဲဒီတုန်းက ကူရာရှော့ဗ်နဲ့ အပေါင်းအပါ စစ်သားတွေဟာ ယူကရိန်းရဲ့ ဇာပေါ့ရစ်ဇီရာ ဒေသထဲမှာ စစ်စခန်း တစ်ခုကို ဝင်ရောက် စီးနင်းခဲ့ပါတယ်။ ဟော့ဒ်နူခ်ဟာ လက်နက် ယူမလာဘဲ တွားသွား ထွက်လာပြီး အညံ့ခံကြောင်း ပြောပေမယ့် ကူရာရှော့ဗ်က အနီးကပ်တေ့ပြီး AK-47 ရိုင်ဖယ်နဲ့ အချက်ရေတချို့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီနောက် ကူရာရှော့ဗ်နဲ့ သူ့အဖွဲ့သားတွေဟာ ယူကရိန်းတပ်တွေ ဝိုင်းတာကို ခံခဲ့ရပြီး သုံ့ပန်းအနေနဲ့ အဖမ်းခံခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

တရားရုံး ကြားနာမှုတွေအတွင်း ကူရာရှော့ဗ်က သူ့မှာ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပေမယ့် နောက်တော့ အဲဒီ ထွက်ဆိုချက်ကို ရုပ်သိမ်းခဲ့ပါတယ်။ သူက ဖြောင့်ချက်ပေးခဲ့တယ် ဆိုတာဟာ ယူကရိန်းနဲ့ ရုရှားကြား သုံ့ပန်းချင်း အလဲအလှယ်လုပ်မှုမှာ လွတ်မြောက်ခွင့်ရမယ်လို့ ယုံကြည်ခဲ့တာကြောင့်လို့ ကူရာရှော့ဗ်က ပြောပါတယ်။

ကူရာရှော့ဗ်က ယူကရိန်း စစ်သားကို ပစ်သတ်ခဲ့သူဟာ နောက်ပိုင်းမှာ သေဆုံးသွားတဲ့ ရုရှား ဆေးတပ်သား တစ်ဦးသာ ဖြစ်တယ်လို့ ပြောပေမယ့် သူ့အဖွဲ့သားတွေ ကိုယ်တိုင်က သူ့ထွက်ချက်ကို ငြင်းဆိုခဲ့ကြပါတယ်။ တရားခွင်မှာတော့ ကူရာရှော့ဗ်ဟာ တိုက်ရိုက် ထွက်ချက်ပေးတာမျိုး လုံးဝမရှိခဲ့ဘဲ သူ့ရဲ့ ရှေ့နေကပဲ အစားထိုး လျှောက်လဲမှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေကို ကွပ်မျက်ခြင်းဟာ ရုရှားတပ်တွေက မူဝါဒ တစ်ခုလို ဆွဲကိုင်ပြီး ပုံမှန်ကျူးလွန်နေတဲ့ လုပ်ရပ်မျိုး ဖြစ်လာကြောင်း စွပ်စွဲခဲ့ပါတယ်။ ယူကရိန်း တပ်ဖွဲ့ဝင်တွေမှာလည်း ရုရှား သုံ့ပန်းတွေကို ပစ်သတ်ခဲ့တယ်လို့ စွပ်စွဲခံရမှုတွေ ရှိနေပေမယ့် ရုရှားရဲ့ လုပ်ရပ်တွေနဲ့ ယှဉ်ရင် ပမာဏအားဖြင့်တော့ အတော် နည်းပါးကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။