Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အပ်စတိန်းနဲ့ သမ္မတဟောင်း ကလင်တန် ဆက်နွှယ်မှုကို စုံစမ်းပေးဖို့ တရားရေးဌာနကို ထရမ့် တောင်းဆိုထား

လိင်အမြတ်ထုတ်မှုတွေနဲ့ လူကုန်ကူးမှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ စီးပွားရေး လုပ်ငန်းရှင် ဂျက်ဖရီ အပ်စတိန်းနဲ့ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်တို့ကြား ဆက်စပ်မှုတွေကို စုံစမ်းပေးဖို့ တရားရေး ဝန်ကြီးဌာနဆီ တောင်းဆိုမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

လိင်အမြတ်ထုတ်မှုတွေနဲ့ လူကုန်ကူးမှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ စီးပွားရေး လုပ်ငန်းရှင် ဂျက်ဖရီ အပ်စတိန်းနဲ့ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်တို့ကြား ဆက်စပ်မှုတွေကို စုံစမ်းပေးဖို့ တရားရေး ဝန်ကြီးဌာနဆီ တောင်းဆိုမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ထရမ့်ကိုယ်တိုင်က အတိတ်မှာ အပ်စတိန်းနဲ့ ရင်းနှီးခဲ့ တစ်ဦးပါ။ ၂၀၁၉ တုန်းက အကျဉ်းခန်းထဲမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ အပ်စတိန်းဟာ တခြား ထင်ရှားကျော်ကြား နိုင်ငံရေးသမားတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ အနုပညာ ကြယ်ပွင့်တွေနဲ့လည်း သိကျွမ်းခဲ့သူ ဖြစ်ပါတယ်။

အသက်မပြည့်သေးတဲ့ မိန်းကလေးတွေအပေါ် လိင်အမြတ်ထုတ်တာ၊ လူကုန်ကူးတာတွေနဲ့ ပတ်သက်လို့ အပ်စတိန်းကို တရားစီရင် စစ်ဆေးထားတဲ့ မှတ်တမ်းတွေကို အပ်စတိန်းဖိုင်တွေလို့ ခေါ်ဝေါ်ပါတယ်။ အားလုံးကို အပြည့်အဝ မထုတ်ပြန်သေးဘဲ ကန့်သတ် ထိန်းသိမ်းထားတဲ့ အဲဒီ မှတ်တမ်းတွေထဲမှာ ထရမ့်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ထရမ့်ဟာ သမ္မတ မဖြစ်ခင်က အပ်စတိန်းရဲ့ မကောင်းမှုတွေမှာ ဆက်နွှယ် ပါဝင်ခဲ့တယ်ဆိုတဲ့ အထောက်အထားမျိုးတွေကိုတော့ မတွေ့ရသေးပါဘူး။

ထရမ့်ကတော့ အပ်စတိန်းဖိုင်တွေနဲ့ ဆက်စပ်ပြီး သူ့ကို နာမည်ဖျက်ဖို့ ကြိုးစားနေတာ မှန်သမျှဟာ အတိုက်အခံ ဒီမိုကရက်တစ် ပါတီရဲ့ နိုင်ငံရေး ထိုးနှက်ချက် တစ်ခုသာဖြစ်ပြီး သူက ဘာအမှားမှ မရှိခဲ့ဘူးလို့ အကြိမ်ကြိမ် ပြောထားဖူးပါတယ်။ အခုတော့ ထရမ့်က ဒီမိုကရက်တစ် ပါတီ ကိုယ်စားပြု သမ္မတဟောင်း ကလင်တန်နဲ့ တခြား ဒီမိုကရက်တစ် ပါတီဝင် တချို့က အပ်စတိန်းနဲ့ ဆက်နွှယ်ပတ်သက်ခဲ့တာတွေကို စုံစမ်း ဖော်ထုတ်ပေးဖို့ တရားရေး ဝန်ကြီးဌာနနဲ့ ဖက်ဒရယ် ထောက်လှမ်းရေးဗျူရို (FBI)ကို တောင်းဆိုထားကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တရားရေး ဝန်ကြီးဌာနကလည်း ဘဏ်တချို့နဲ့ ထင်ရှားတဲ့ ဒီမိုကရက်တစ် နိုင်ငံရေးသမား တချို့က သက်ငယ်မုဒိမ်းသမား စီးပွားရေး လုပ်ငန်းရှင် အပ်စတိန်းနဲ့ ဆက်စပ်နိုင်ခြေတွေကို စုံစမ်း ရှာဖွေသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။ တရားရေး ဝန်ကြီးလည်းဖြစ်တဲ့ ရှေ့နေချုပ် ပမ်ဘွန်ဒီက သူ့ရဲ့ ဝန်ကြီးဌာနဟာ စုံစမ်းမှုတွေကို ထိထိရောက်ရောက်၊ မြန်မြန်ဆန်ဆန်၊ မှန်မှန်ကန်ကန် လုပ်ဆောင်မယ်လို့ ပြောပါတယ်။

အပ်စတိန်း ဖိုင်တွေထဲက ထောင်နဲ့ချီတဲ့ အီးမေးလ်တွေကို အမေရိကန် လွှတ်တော်က ထုတ်ပြန်ခဲ့တဲ့နောက် ထရမ့်ဖက်က အခုလို တုံ့ပြန်လာတာပါ။ အဲဒီထဲက အီးမေးလ်တချို့မှာ ထရမ့်ကို ရည်ညွှန်းထားတာတွေ ပါဝင်ခဲ့ပေမယ့် တစ်ခုခု အပြစ်ရှိပါတယ်လို့ လက်ဆုပ်လက်ကိုင် သက်သေပြလို့ရတဲ့ အချက်အလက်တွေတော့ မပါဝင်ခဲ့ပါဘူး။ ဒီမိုကရက်တစ် ပါတီဝင်တွေကတော့ ထရမ့်ဟာ သူနဲ့ အပ်စတိန်းကြားက ဆက်ဆံရေးအကြောင်း နှိုက်နှိုက်ချွတ်ချွတ် မေးခွန်းထုတ်တိုင်း ရှောင်လွှဲနေတယ်လို့ စွပ်စွဲထားပါတယ်။

ထရမ့်ကတော့ သူဟာ ကလင်တန်သာ မကဘဲ JPMorgan Chase ဘဏ်၊ ဘဏ္ဍာရေး ဝန်ကြီးဟောင်း လယ်ရီဆမ်းမားစ်၊ LinkedIn ထူထောင်သူ ရိဒ်ဟော့ဖ်မန်းတို့ကိုလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ဆေးပေးဖို့ ဘွန်ဒီဆီ တောင်းဆိုထားပါတယ်။ ဟော့ဖ်မန်းက ဒီမိုကရက်တစ် ပါတီရဲ့ အဓိက အလှူရှင် တစ်ဦးပါ။

ထရမ့်က အပ်စတိန်း ကိုယ်တိုင်ဟာ ဒီမိုကရက်တစ် ထောက်ခံသူ တစ်ဦးဖြစ်ပြီး လက်ရှိ ကိစ္စဟာ ဒီမိုကရက်တွေရဲ့ ပြဿနာ ဖြစ်ကြောင်း၊ ရီပတ်ဘလစ်ကန် ပါတီနဲ့ မဆိုင်ကြောင်း လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ ဒီမိုကရက်တွေ အားလုံးက အပ်စတိန်း အကြောင်းကို သိကြကြောင်း၊ ဒီတော့ မဆီမဆိုင် သူ့အပေါ် လာပြီး အာရုံစိုက်ရင်း အချိန်မဖြုန်းသင့်ကြောင်း၊ သူ့မှာ နိုင်ငံတစ်ခုကို စီမံအုပ်ချုပ်ရမယ့် တာဝန်တွေ ရှိနေကြောင်းလည်း ထရမ့်က ဆိုပါတယ်။

JPMorgan Chase ဘဏ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးကတော့ အပ်စတိန်းနဲ့ စီးပွားရေး အတူတွဲလုပ်ခဲ့ဖူးတာတွေအတွက် နောင်တရကြောင်း၊ ဒါပေမဲ့ သူ့ရဲ့ ဆိုးယုတ်တဲ့ လုပ်ရပ်တွေမှာတော့ ဘယ်လို ပါဝင်ပတ်သက်မှုမှ မရှိခဲ့ကြောင်း ဖြေရှင်း ကြေညာထားပါတယ်။

ကိုးကား: Al Jazeera

ဆက်စပ်သတင်းများ

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနဲ့ စစ်တိုက်နေတာကို ရပ်တန့်လိုက်မှာ မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်က ပြောကြားခဲ့ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

နယ်စပ်မှာ တိုက်ခိုက်နေတာတွေကို ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ ရပ်ကြလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ လက်က ပလာစတာဟာ လက်ဆွဲနှုတ်ဆက်ရလွန်းတဲ့ ဒဏ်ရာတွေကြောင့် ဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

နိုင်ငံတကာ

ချမ်းသာကြွယ်ဝတဲ့ နိုင်ငံခြားသားတွေအတွက် သီးသန့်ဖြစ်လာမယ့် ဗီဇာအသစ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စတင် ခွင့်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။