Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိမ်ဖြူတော်မှာ ထားရှိမယ့် ခရစ္စမတ် ထင်းရှူးပင်ကို သမ္မတကတော် လက်ခံယူ

အခုနှစ်အတွက် အိမ်ဖြူတော်မှာ ထားရှိမယ့် ခရစ္စမတ် သစ်ပင်တွေကို အမေရိကန် သမ္မတကတော် မယ်လာနီယာ ထရမ့်က လက်ခံယူခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

အခုနှစ်အတွက် အိမ်ဖြူတော်မှာ ထားရှိမယ့် ခရစ္စမတ် သစ်ပင်တွေကို အမေရိကန် သမ္မတကတော် မယ်လာနီယာ ထရမ့်က လက်ခံယူခဲ့ပါတယ်။

အထူးရွေးချယ်ထားတဲ့ ထင်းရှူးဖြူမျိုးနွယ် သစ်ပင်ကို မစ်ချီဂန်က စိုက်ပျိုးခြံ တစ်ခုကနေ ယူဆောင်လာပြီး နိုဝင်ဘာ ၂၄ ရက်နေ့တုန်းက အိမ်ဖြူတော်ဆီ မြင်းရထားနဲ့ ပို့ဆောင်ပေးခဲ့ပါတယ်။

အိမ်ဖြူတော် မြောက်ဖက် ဆင်ဝင်အောက်ဆီ ရောက်လာတဲ့ ခရစ္စမတ် ထင်းရှူးပင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဇနီးဖြစ်သူ မယ်လာနီယာ ကိုယ်တိုင်က လက်ခံခဲ့ပါတယ်။

မယ်လာနီယာက ထင်းရှူးပင်ကို လှည့်ပတ်ကြည့်ရှုရင်း မြင်းရထားနဲ့အတူ ဓာတ်ပုံအရိုက် ခံခဲ့ပါသေးတယ်။ ပြီးတော့ ထင်းရှူးပင်က အရမ်းလှပတယ်လို့ သမ္မတကတော်က ချီးကျူးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထင်းရှူးပင်ကို လက်ခံပြီးရင် အိမ်ဖြူတော်ရဲ့ ခရစ္စမတ် အခမ်းအနားအတွက် အလှဆင်ဖို့ကိုလည်း ကြိုပြင်ထားပြီးပြီလို့ မယ်လာနီယာက ပြောပါတယ်။ အစဉ်အလာ အရတော့ အိမ်ဖြူတော်ရဲ့ ခရစ္စမတ် အလှဆင်မှုတွေကို သမ္မတကတော်က ကြီးမှူးရလေ့ ရှိပါတယ်။

အိမ်ဖြူတော်ရဲ့ ခန်းဆောင်ပြာမှာ ထားရှိမယ့် ခရစ္စမတ် သစ်ပင်ဟာ ၁၈ ပေခွဲ မြင့်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီနှစ်အတွက် အိမ်ဖြူတော်ဆီ ခရစ္စမတ်သစ်ပင် ပို့ဆောင်ပေးခွင့်ကိုတော့ Korson’s Tree Farms စိုက်ပျိုးရေး လုပ်ငန်းက ရရှိခဲ့ပါတယ်။

အဲဒီလုပ်ငန်းဟာ အမျိုးသား ခရစ္စမတ်သစ်ပင်များ အဖွဲ့ချုပ်ရဲ့ ပြည်လုံးကျွတ် ပြိုင်ပွဲမှာ အနိုင်ရထားတာပါ။ ၁၉၆၆ ခုနှစ်ကစလို့ နှစ်စဉ် ပြိုင်ပွဲမှာ အနိုင်ရတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေက အိမ်ဖြူတော်မှာ ထားရှိမယ့် ခရစ္စမတ် သစ်ပင်ကို ပေးပို့ခွင့် ရရှိလာခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: ABC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗင်နီဇွဲလား စက်လှေတစ်စီးကို တိုက်ခိုက်ပြီး အသက်ရှင်နေသူတွေကို အမေရိကန် ကာကွယ်ရေး ဝန်ကြီးက အပြတ်ရှင်းခိုင်းခဲ့ကြောင်း သတင်းတွေကို အိမ်ဖြူတော်က ငြင်းဆန်ခဲ့ပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ပစ်ခတ်ခံခဲ့ရတဲ့ အမေရိကန် စစ်မှုထမ်း နှစ်ဦးထဲက အသက် ၂၀ အရွယ် အမျိုးသမီးငယ် တစ်ဦးဟာ ဒဏ်ရာတွေကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအပြီး အမေရိကန် အစိုးရဟာ အာဖဂန် နစ္စတန် နိုင်ငံသားတွေရဲ့ ပြည်ဝင်ခွင့် လျှောက်ထားမှု မှန်သမျှကို ဆိုင်းငံ့ထားစေလိုက်ပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ပစ်ခတ်မှုတစ်ခု ဖြစ်ပွားပြီး အမေရိကန် လုံခြုံရေး တပ်ဖွဲ့ဝင်နှစ်ဦး အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

Facebook