Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟောင်ကောင်မှာ အထပ်မြင့်တိုက် အိမ်ရာ မီးလောင်ပြီး ၁၃ ဦးထက်မနည်း သေဆုံး

ဟောင်ကောင်မှာ အထပ်မြင့် တိုက်တွေပါတဲ့ အိမ်ရာတစ်ခုမှာ အကြီးအကျယ် မီးလောင်ပြီး လူဒါဇင်နဲ့ချီ သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

နိုဝင်ဘာ -၂၆ ၊၂၀၂၅

ဟောင်ကောင်မှာ အထပ်မြင့် တိုက်တွေပါတဲ့ အိမ်ရာတစ်ခုမှာ အကြီးအကျယ် မီးလောင်ပြီး လူဒါဇင်နဲ့ချီ သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုဝင်ဘာ ၂၆ ရက်နေ့ ညနေပိုင်းက ဟောင်ကောင် မြောက်ပိုင်းမှာရှိတဲ့ တိုင်ပိုရပ်ကွက်ထဲက အထပ်မြင့် တိုက်ကြီးတစ်လုံးမှာ မီးစတင် လောင်ကျွမ်းခဲ့တာပါ။ အဲဒီနောက် မီးတွေဟာ အနီးတဝိုက်က လေးဘလောက် အကွာမှာရှိတဲ့ အဆောက်အအုံတွေထိ ပျံ့နှံ့ ကူးစက်သွားခဲ့တာ ဖြစ်ပါတယ်။

Wang Fuk Court အိမ်ရာထဲက အထပ်မြင့် တိုက်ကြီးတွေမှာ မီးလောင်ပြီး မီးခိုးလုံးတွေ အူထွက်နေတဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ရက်ပေါ်မှာလည်း ပျံ့နှံ့နေခဲ့ပါတယ်။ တိုက်ကြီးတွေရဲ့ဘေးမှာ လက်ရှိ ပြင်ဆင်မွမ်းမံမှုတွေ လုပ်နေတာကြောင့် ကပ်ဆောက်ထားတဲ့ ဝါးငြမ်းတွေလည်း မီးလောင်ကုန်ပါတယ်။ အစောပိုင်းက အသေအပျောက် ၄ ဦး ရှိခဲ့ကြောင်း သတင်းတွေက ဖော်ပြခဲ့ပေမယ့် နာရီပိုင်း အတွင်းမှာတင် ၁၃ ဦးသေပြီး ၁၅ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း ကိန်းဂဏန်းတွေ မြင့်တက်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

၉ ဦးဟာ မီးလောင်ပြင်မှာပဲ သေဆုံးခဲ့တာဖြစ်ပြီး နောက်ထပ် ၄ ဦးကတော့ ဆေးရုံရောက်ပြီးမှ အသက်ဆုံးရှုံးခဲ့တာပါ။ သေဆုံးသူတွေထဲမှာ မီးသတ်သမား ၁ ဦးလည်း ပါဝင်ခဲ့ပါတယ်။

မီးသတ်ဝန်ထမ်းတွေဟာ မီးကို ကြိုးကြိုးစားစား ငြှိမ်းသတ်နေပေမယ့် အပူရှိန် အရမ်းမြင့်တာကြောင့် မီးလောင်တဲ့ အဆောက်အအုံတွေဆီ ချဉ်းကပ်ဖို့ ခက်ခဲနေပါတယ်။

မီးလောင်နေတဲ့ အဆောက်အအုံတွေထဲ ပိတ်မိနေကြောင်း ဆက်သွယ် အကူအညီတောင်းခံမှုတွေကို ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး ပိတ်မိနေသူ ဘယ်လောက် ရှိသလဲဆိုတာ အတိအကျ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။ မီးလောင်မှုကြောင့် လူ ၇၀၀ ကျော်လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

မီးဟာ အစောပိုင်းက Level 1အဆင့်အဖြစ် ကြေညာခဲ့ရာကနေ နောက်တော့ အမြင့်ဆုံး Level 5အဆင့် သတ်မှတ်ပြီး အစွမ်းကုန် ထိန်းချုပ် ငြှိမ်းသတ်ရတဲ့ အခြေအနေဆီ ရောက်သွားပါတယ်။ မီးသတ် တပ်ဖွဲ့ဝင်တွေကတော့ သေဆုံးစာရင်းဟာ လက်ရှိထက် မြင့်တက်လာမှာကို စိုးရိမ်နေပါတယ်။

မီးစတင်လောင်ကျွမ်းတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲပါ။ အဆောက်အအုံတွေကို မွမ်းမံပြင်ဆင်နေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်နဲ့ အခုမီးလောင်မှု ဆက်စပ်သလား ဆိုတာကိုလည်း မသိရသေးပါဘူး။ ဟောင်ကောင်မှာတော့ ဆောက်လုပ်ရေးနဲ့ ပြင်ဆင်မွမ်းမံရေး လုပ်ငန်းခွင်တွေမှာ ဝါးငြမ်းတွေကို အသုံးပြုကြတာ ပုံမှန် အခြေအနေ ဖြစ်ပါတယ်။ ဒါပေမဲ့ လုံခြုံရေး စိုးရိမ်စရာ အခြေအနေတွေကြောင့် ဆောက်လုပ်ရေး ပရောဂျက်တွေမှာ ဝါးငြမ်းတွေ အသုံးပြုခွင့်ကို တစ်ဆင့်ပြီးတစ်ဆင့် ဖယ်ရှားရှင်းလင်းသွားမယ်လို့ နှစ်ဆန်းပိုင်းမှာ အစိုးရက ကြေညာထားပါတယ်။

Wang Fuk Courtဟာ အစိုးရ ထောက်ပံ့မှုနဲ့ တည်ဆောက်ခဲ့တဲ့ အိုးအိမ်စီမံကိန်း အိမ်ရာတစ်ခုဖြစ်ပြီး ၁၉၈၃ ခုနှစ်မှာ ပြီးစီးခဲ့ကြောင်း သိရပါတယ်။

ကိုးကား – SCMP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောင်ကောင်ရဲ့ ထင်ရှားတဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ မီဒီယာ လုပ်ငန်းရှင် သူဌေးကြီး ဂျင်မီလိုင်ကို ထောင်ဒဏ် နှစ် ၂၀ စီရင် ချမှတ်လိုက်ပါတယ်။

သတင်း

အိမ်ရာ မီးလောင်မှုကြီးတစ်ခုနဲ့ ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့တဲ့နောက် ဟောင်ကောင်မှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်အားလုံး ငြမ်းဆင်ရာမှာ အသုံးပြုတဲ့ အစိမ်းရောင်ပိုက်တွေကို ဖယ်ရှားဖို့ ညွှန်ကြားလိုက်ပါတယ်။

နိုင်ငံတကာ

လူပေါင်း ၁၅၀ ကျော် သေဆုံးစေခဲ့တဲ့ အိမ်ရာ မီးလောင်မှုကြီးအပြီး ဟောင်ကောင် အာဏာပိုင်တွေဟာ လူ ၁၃ ဦးကို ဖမ်းဆီးထားပြီး ဖြစ်ပါတယ်။

နိုင်ငံတကာ

ဟောင်ကောင်မှာ ဖြစ်ပွားခဲ့တဲ့ အိမ်ရာ မီးလောင်မှုမှာ သေဆုံးစာရင်းဟာ ရာဂဏန်း နီးပါးထိ မြင့်တက်လာခဲ့ပြီ ဖြစ်ပါတယ်။