Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း နယ်မြေတွေကို မရရင် စစ်ရပ်စဲရေးလည်း ဖြစ်မလာနိုင်ဘူးလို့ ပူတင်သတိပေး

စစ်ရပ်စဲစေချင်ရင် ယူကရိန်းဟာ ပိုင်နက်နယ်မြေ အများအပြားကို ရုရှားဆီ လွှဲပြောင်းပေးရမယ်ဆိုတဲ့ တောင်းဆိုမှုကို ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ထပ်လောင်း အတည်ပြုခဲ့ပါတယ်။

ဓာတ်ပုံ - EPA

စစ်ရပ်စဲစေချင်ရင် ယူကရိန်းဟာ ပိုင်နက်နယ်မြေ အများအပြားကို ရုရှားဆီ လွှဲပြောင်းပေးရမယ်ဆိုတဲ့ တောင်းဆိုမှုကို ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ထပ်လောင်း အတည်ပြုခဲ့ပါတယ်။

တကယ်လို့ ယူကရိန်းကသာ လက်ရှိ ရုရှားသိမ်းပိုက်ထားရာ ယူကရိန်း ပြည်နယ်တွေထဲက တပ်တွေကို ရုပ်သိမ်းမပေးရင် ဘယ်လို ငြိမ်းချမ်းရေး သဘောတူညီမှုမှာ ထွက်ပေါ်လာနိုင်စရာ မရှိဘူးလို့ ပူတင်က ပြောပါတယ်။

လောလောဆယ်မှာတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ရုရှားနဲ့ ယူကရိန်းတို့ကြားမှာ စစ်ရပ်စဲရေး သဘောတူညီမှုတစ်ခု ပေါ်ထွက်လာစေဖို့ ကြားဝင်စေ့စပ် ညှိနှိုင်းပေးနေပါတယ်။

ပူတင်က တောင်းဆိုထားတဲ့ ယူကရိန်း နယ်မြေတွေထဲမှာတော့ ၂၀၂၂ ခုနှစ်၊ စစ်ပွဲစတင်ပြီးမှ သိမ်းယူခဲ့တဲ့ ဒေသတွေအပြင် ၂၀၁၄ ကတည်းက ရုရှားတပ်တွေ တရားမဝင် ကျူးကျော်ပြီး ထိန်းချုပ်ထားခဲ့တဲ့ ခရိုင်းမီးယား ကျွန်းဆွယ်လည်း ပါဝင်နေပါတယ်။

Public Service Announcement

Public Service Announcement

ပူတင်ဟာ ခရိုင်းမီးယားကို ရုရှားရဲ့ တရားဝင် ပိုင်နက်အဖြစ် သွတ်သွင်းဖို့ လိုလားနေပေမယ့်လည်း နိုင်ငံတကာကတော့ အသိအမှတ် မပြုပါဘူး။ ပူတင် အလိုရှိနေတဲ့ထဲမှာ ယူကရိန်း အရှေ့ပိုင်းက ဒွန်းညက်စ်ခ် ဒေသလည်း ပါဝင်ပါတယ်။ ဒွန်းညက်စ်ခ်ရဲ့ အစိတ်အပိုင်း အတော်များများကို ရုရှားက ထိန်းချုပ်ထားပေမယ့် ယူကရိန်း တပ်တွေလည်း ရှိနေကြဆဲပါ။

ကာဂျစ္စတန် နိုင်ငံကို ရောက်ရှိနေစဉ် အတောအတွင်း နိုဝင်ဘာ ၂၇ ရက်နေ့တုန်းက ပူတင်ဟာ ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေး အလားအလာနဲ့ ပတ်သက်လို့ မှတ်ချက်ပေးခဲ့ရာမှာ ရုရှား အနေနဲ့ ခိုင်မာတဲ့ အခြေခံမူ သတ်မှတ်ချက်တွေ တောင်းဆိုပြီး ဆွေးနွေးမှုတွေကို ရှေ့ဆက်ဖို့ အသင့်ရှိနေပြီလို့ ပြောကြားခဲ့ပါတယ်။

ဒွန်းညက်စ်ခ်နဲ့ လူဟန့်စ်ခ် ပြည်နယ်နှစ်ခု ပေါင်းစည်းထားရာ ဒွန်းညက်စ်ခ် ဒေသကြီး တစ်ခုလုံးကနေ ယူကရိန်းတပ်တွေ ရုပ်သိမ်းမသွားမချင်း တိုက်ပွဲတွေကတော့ ရပ်မသွားနိုင်ဘူးလို့ ပူတင်က ဆိုပါတယ်။ ဒွန်းညက်စ်ခ်ဒေသ တစ်ခုလုံးကို ထိန်းချုပ်ဖို့ဟာ ရုရှားရဲ့ စစ်ရေး ရည်မှန်းချက်ဖြစ်ပြီး ယူကရိန်းက အသာတကြည် နောက်မဆုတ်ရင် ရုရှားက အင်အားသုံး သိမ်းယူဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်တယ်လို့လည်း ပူတင်က သတိပေးသွားပါတယ်။

စစ်ရေးသုတေသီတွေကတော့ ရုရှားဟာ ယူကရိန်း အရှေ့ပိုင်း စစ်မြေပြင်မှာ တဖြည်းဖြည်းချင်းစီ ရှေ့တိုး ချီတက်လာနေနိုင်ပေမယ့် တပ်အင်အား မတန်တဆ ပြုန်းတီးမှုတွေနဲ့ ရုန်းကန်နေရတယ်လို့ သုံးသပ်ထားကြပါတယ်။ ပြီးတော့ တိုးတက်နှုန်းကလည်း နှေးကွေးတာကြောင့် လက်ရှိ နှုန်းအတိုင်းသာ ဆက်သွားရင် ဒွန်းညက်စ်ခ် ဒေသတစ်ခုလုံးကို သိမ်းယူဖို့ ရုရှားဟာ နောက်ထပ် ၂ နှစ်ကျော်လောက် အချိန်ယူရနိုင်တယ်လို့ ဆိုပါတယ်။

ယူကရိန်း အစိုးရကတော့ စစ်ပွဲ ရပ်ဆိုင်းဖို့အတွက် အချုပ်အခြာ အာဏာပိုင် နယ်မြေတွေကို လက်လွှတ်ခံရမယ်ဆိုတဲ့ တောင်းဆိုချက်ကို ငြင်းပယ်နိုင်ဖို့ ကြိုးစားနေဆဲပါ။ ပူတင်ဆီက သတိပေးစကားကို ကြားပြီးတဲ့နောက် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရုရှားဟာ အမေရိကန် ကြားဝင်စေ့စပ်ပေးနေတဲ့ ငြိမ်းချမ်းရေး အားထုတ် ဆွေးနွေးမှုတွေကို ကပျက်ကချော် လုပ်နေတာဖြစ်တယ်လို့ စွပ်စွဲသွားခဲ့ပါတယ်။

လက်ရှိမှာတော့ ရုရှားဟာ ယူကရိန်းပိုင်နက် ၂၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားပြီး နိုင်ငံအရှေ့ပိုင်း မြို့ရွာတွေကို ထပ်မံသိမ်းယူဖို့ ဆက်ပြီး ထိုးစစ်ဆင်နေပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နဲ့ ဂျပန် ဆက်ဆံရေး တင်းမာနေချိန် ဂျပန်နိုင်ငံနားမှာ တရုတ်နဲ့ ရုရှား စစ်လေယာဉ်တွေ ပူးပေါင်းပြီး ကင်းလှည့် ပျံသန်းခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းအတွက် ယူရိုငွေ ဘီလီယံနဲ့ချီတဲ့ ငွေကြေး အထောက်အပံ့တွေ ရရှိစေဖို့အတွက် ဥရောပ အင်အားကြီး နိုင်ငံတွေကြား ညှိနှိုင်းမှုတွေက အားတက်စရာ တိုးတက်မှုတွေ ရရှိခဲ့ကြောင်း သိရပါတယ်။

သတင်း

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမျိုးသား လုံခြုံရေး မဟာဗျူဟာ မူဝါဒ အသစ်ဟာ ရုရှားရဲ့ သဘောထား အမြင်၊ အတွေးအခေါ်တွေနဲ့ အများကြီး ကိုက်ညီကြောင်း ရုရှား အစိုးရက ချီးကျူး ပြောဆိုလိုက်ပါတယ်။

သတင်း

ယူကရိန်းမှာ နျူကလီးယား ကပ်ဘေးတစ်ခု ကြုံခဲ့ဖူးရာ ချာနိုဘိုင်း နျူကလီးယား ဓာတ်အားပေးစက်ရုံ နေရာကို ဖုံးကာထားတဲ့ အကာအကွယ် အလွှာဟာ ဒရုန်းတိုက်ခိုက်မှုဒဏ် ခံရပြီး ကတည်းက စွမ်းဆောင်ရည် သိသိသာသာ ကျဆင်းသွားကြောင်း သိရပါတယ်။

Facebook