Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိန်းချုပ်ထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကိုသုံးပြီး ယူကရိန်းကို ထောက်ပံ့ဖို့ ဥရောပ ခေါင်းဆောင်တွေ ပြင်ဆင်နေ

ယူကရိန်းအတွက် ယူရိုငွေ ဘီလီယံနဲ့ချီတဲ့ ငွေကြေး အထောက်အပံ့တွေ ရရှိစေဖို့အတွက် ဥရောပ အင်အားကြီး နိုင်ငံတွေကြား ညှိနှိုင်းမှုတွေက အားတက်စရာ တိုးတက်မှုတွေ ရရှိခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Getty Images

ယူကရိန်းအတွက် ယူရိုငွေ ဘီလီယံနဲ့ချီတဲ့ ငွေကြေး အထောက်အပံ့တွေ ရရှိစေဖို့အတွက် ဥရောပ အင်အားကြီး နိုင်ငံတွေကြား ညှိနှိုင်းမှုတွေက အားတက်စရာ တိုးတက်မှုတွေ ရရှိခဲ့ကြောင်း သိရပါတယ်။

ဒီဇင်ဘာ ၈ ရက်နေ့ ညပိုင်းက ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်ရဲ့ ဝန်ကြီးချုပ် အိမ်တော်မှာ ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာ၊ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်နဲ့ ဂျာမနီ အဓိပတိ ဖရိုင်းဒရစ်ချ် မားဇ်တို့ တွေ့ဆုံခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ အမေရိကန် ဦးဆောင် ညှိနှိုင်းပေးနေတဲ့ ရုရှား-ယူကရိန်း ငြိမ်းချမ်းရေး သဘောတူညီချက်မှာ ယူကရိန်းအတွက် ထိခိုက်လာနိုင်ခြေတွေကို ကာကွယ်လျှော့ချရေး ထိထိရောက်ရောက် အကူအညီပေးဖို့ ဖြစ်ပါတယ်။

ဆွေးနွေးမှုတွေမှာတော့ ဥရောပ နိုင်ငံတွေက ထိန်းချုပ်ထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေထဲကနေ ထုတ်နုတ်ပြီး ယူကရိန်းအတွက် ယူရို ဘီလီယံတွေနဲ့ချီ တန်ဖိုးရှိတဲ့ အထောက်အပံ့တွေ ပေးအပ်နိုင်ရေး လုပ်ထုံးလုပ်နည်းအဆင့် သဘောတူညီမှုတွေ ရရှိခဲ့တယ်လို့ ဥရောပ ကြီးသုံးကြီးရဲ့ ခေါင်းဆောင်တွေက အတည်ပြုခဲ့ပါတယ်။

အရင်ကတော့ အနောက်ဥရောပ နိုင်ငံတွေဟာ ရုရှားနဲ့ စစ်ပွဲမှာ ယူကရိန်းကို ခြွင်းချက်မရှိ ထောက်ခံနေတယ် ဆိုပေမယ့် ထိန်းချုပ်ထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကို ယူကရိန်းအတွက် ထုတ်ပြီး ချေးပေးဖို့ အစီအမံနဲ့ ပတ်သက်ရင်တော့ တိတိကျကျ အကောင်အထည်ဖော်ဖို့ တွန့်ဆုတ်နေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဗြိတိန် ဝန်ကြီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ ခေါင်းဆောင်လေးဦး တွေ့ဆုံမှုတွေ အပြီးမှာ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အများကြီး အပေါင်းလက္ခဏာဆန်တဲ့ အရွေ့မျိုးဆီ ဦးတည်လာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီဆွေးနွေးပွဲကို လူကိုယ်တိုင် မတက်ဖြစ်ပေမယ့် တခြား ဥရောပနိုင်ငံ ၇ ခုရဲ့ ခေါင်းဆောင်တွေကလည်း ဗီဒီယို ဖုန်းခေါ်ဆိုမှုနဲ့ ချိတ်ဆက် ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် တူရကီ အစိုးရ၊ NATO စစ်မဟာမိတ် အဖွဲ့နဲ့ ဥရောပ သမဂ္ဂ (EU)က စေလွှတ်တဲ့ ကိုယ်စားလှယ်တွေလည်း အစည်းအဝေး တက်ခဲ့ကြပါတယ်။

ဆွေးနွေးပွဲတွေမှာတော့ စစ်ပြီးကာလ ယူကရိန်းမှာ ငြိမ်းချမ်းရေး အဓွန့်ရှည်ဖို့၊ ခိုင်မာအားကောင်းတဲ့ လုံခြုံရေး အာမခံချက်မျိုး ရှိနေဖို့ လိုအပ်တယ်ဆိုတာ ခေါင်းဆောင် အသီးသီးက အလေးထား ဆုံးဖြတ်ခဲ့တယ်လို့ ဝန်ကြီးချုပ်ရုံး ကြေညာချက်မှာ ဖော်ပြထားပါတယ်။

EU ခေါင်းဆောင်တွေဟာ ဒီဇင်ဘာ ၁၈ နဲ့ ၁၉ တို့မှာ တွေ့ဆုံဖို့ စီစဉ်ထားပြီး လက်ရှိ ထိန်းချုပ်ထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေထဲက ယူရို ၉၀ ဘီလီယံလောက်ကို ယူကရိန်းဆီ ထုတ်ချေးရေးကိစ္စ အပြီးသတ် ဆွေးနွေး သဘောတူနိုင်ဖို့ မျှော်လင့်နေပါတယ်။ အဲဒီကိစ္စ အဆင်ပြေသွားရင်တော့ ယူကရိန်းဟာ ရန်ပုံငွေ ထောက်ပံ့မှုတွေကို နောက်နှစ်ကစပြီး တစ်သုတ်ချင်း လက်ခံရရှိသွားမယ့် သဘောပါ။

ဇီလန်စကီးကတော့ ရုရှားရဲ့ ရန်လိုမှုတွေကို ရှေ့တန်း ခံတပ်အဖြစ် ကြံ့ကြံ့ခံနေတဲ့ သူ့နိုင်ငံဟာ အမေရိကန်နဲ့ ဥရောပဆီက အထောက်အပံ့တွေ မရဘဲနဲ့ ဘယ်လိုမှ ဆက်ပြီး မရပ်တည်နိုင်ကြောင်း သတိပေးထားပါတယ်။ အမေရိကန်က ကြားဝင် စေ့စပ်ပေးနေတဲ့ စစ်ရပ်စဲရေး ကိစ္စနဲ့ ပတ်သက်လို့တော့ ဇီလန်စကီးက ငြိမ်းချမ်းရေးဆီ ဦးတည်တဲ့ အသေးစား တိုးတက်မှုတွေ ဖြစ်ထွန်းနေတယ်လို့ လန်ဒန်မှာ သတင်းထောက်တွေကို မှတ်ချက်ပေးသွားခဲ့ပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက မဟာဗျူဟာအရ အထူးအရေးကြီးတဲ့ မြို့တစ်မြို့နားမှာ ရုရှားတပ်တွေ စုဝေးနေတဲ့နောက် ယူကရိန်းရဲ့ ဒေသတွင်း ထိန်းချုပ်နယ်မြေတွေ လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။