Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ရဲ့ ဒေါ်လာ ၁ သန်းတန် အမေရိကန်ဗီဇာ ‘gold card’တွေ စတင်ထုတ်ပေး

ချမ်းသာကြွယ်ဝတဲ့ နိုင်ငံခြားသားတွေအတွက် သီးသန့်ဖြစ်လာမယ့် ဗီဇာအသစ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စတင် ခွင့်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ - @realDonaldTrump/Truth Social

ချမ်းသာကြွယ်ဝတဲ့ နိုင်ငံခြားသားတွေအတွက် သီးသန့်ဖြစ်လာမယ့် ဗီဇာအသစ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စတင် ခွင့်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

အဲဒီဗီဇာကို gold cardလို့ ခေါ်ဝေါ်ပြီး ကိုင်ဆောင်ထားသူတွေဟာ ဒေါ်လာ ၁ သန်းထိ ပေးချေပြီး ဗီဇာဝယ်ယူရမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် gold card ကိုင်ဆောင်သူတွေဟာ နိုင်ငံသားဖြစ်ခွင့် လမ်းကြောင်းထိ လွယ်လွယ်ကူကူ အခွင့်အရေးတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ကုမ္ပဏီကြီးတွေ အနေနဲ့လည်း ဒီဗီဇာအရ သူတို့ တန်ဖိုးထားရတဲ့ တကယ့် ကျွမ်းကျင်ပညာရှင်တွေကို ရေရှည် ထိန်းသိမ်းသွားနိုင်တော့မှာ ဖြစ်တယ်လို့ ထရမ့်က လူမှုကွန်ရက်ပေါ်မှာ ဒီဇင်ဘာ ၁၀ ရက်နေ့က ကြေညာခဲ့ပါတယ်။

ချမ်းသာကြွယ်ဝတဲ့ နိုင်ငံခြားသားတွေအတွက် အထူးဗီဇာ gold cardကို ရောင်းချဖို့ ထရမ့်က စီစဉ်နေကြောင်း နှစ်ဆန်းပိုင်းမှာ စတင် ကြေညာခဲ့ပါတယ်။ အခုတော့ အဲဒီ အစီအစဉ်က လက်တွေ့ ရုပ်လုံးပေါ်လာတာ ဖြစ်ပါတယ်။ ထရမ့်က အမေရိကန်အတွက် အမှန်တကယ် ကောင်းကျိုး ဖြစ်ထွန်းစေမယ်ဆိုတာ အခိုင်အမာ ပြသနိုင်သူတွေအတွက် အဲဒီဗီဇာကို ဖန်တီးပေးခဲ့တာလို့ ပြောပါတယ်။

ထရမ့်ရဲ့ မူဝါဒတွေအရ အမေရိကန်ဟာ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ မူဝါဒတွေကို တင်းကျပ်ပြီး အလုပ်လုပ်ခွင့် ဗီဇာကြေးတွေ မြှင့်တင်တာ၊ အထောက်အထားမဲ့ ရွှေ့ပြောင်း အခြေချသူတွေကို ဖိနှိပ်ဖြိုခွင်းတာတွေ လုပ်ဆောင်နေချိန်မှာ gold cardကို မိတ်ဆက်လာတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဗီဇာအသစ်တွေကို ကြေညာချက်အရ gold cardဟာ အမေရိကန်အတွက် ကျိန်းသေပေါက် အကျိုးစီးပွား ဖြစ်ထွန်းအောင် ကူညီပေးမယ့် နိုင်ငံခြားသားတွေအတွက် ရည်ရွယ်ပြီး ဒေါ်လာ ၁ သန်းနဲ့ ဝယ်ယူနိုင်မှာ ဖြစ်ကြောင်း၊ ပြီးတော့ သတ်မှတ် ကာလတစ်ခုအတွင်း အမေရိကန် နိုင်ငံသား ဖြစ်ခွင့် အာမခံချက်မျိုးပါ ရရှိစေမှာဖြစ်ကြောင်း သိရပါတယ်။

ဒါပေမဲ့ အရေးကြီးတဲ့ ပညာရှင် ဝန်ထမ်းတွေကို ခန့်အပ်ချင်တဲ့ အမေရိကန် ကုမ္ပဏီတွေကတော့ အဲဒီ ဝန်ထမ်းအတွက် ဒေါ်လာ ၂ သန်းနဲ့ တခြား အပိုဆောင်း စရိတ်စကတွေ ပါဝင်မယ့် platinum cardကို ဝယ်ယူရမှာ ဖြစ်ပါတယ်။ အထူးအခွန်ကင်းလွတ်မှုတွေလို အခွင့်အရေးတွေ ပါဝင်တဲ့ နောက်ထပ် ဗီဇာတစ်မျိုးကိုလည်း မကြာခင် မိတ်ဆက်သွားဖို့ ရှိနေပါတယ်။

တစ်နည်းအားဖြင့် ထရမ့်ဟာ အမေရိကန်မှာ နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့်တွေကို စျေးကြီးကြီး သတ်မှတ်ပြီး ရောင်းချတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။ လက်ရှိ သတ်မှတ်ထားတဲ့ ဗီဇာ စျေးနှုန်းတွေအပြင် လျှောက်ထားတဲ့ ဗီဇာ အမျိုးအစားအလိုက် အပိုဆောင်း ပေးချေစရာတွေလည်း ရှိမယ်လို့ ဆိုပါတယ်။

ဗီဇာ လျှောက်ထားသူတိုင်းဟာ သူတို့ရဲ့ လျှောက်ထားမှုတွေကို စိစစ်နေဆဲ ကာလအတွင်း ဒေါ်လာ ၁၅၀၀၀ ကို ကြိုတင် ပေးသွင်းထားရမှာဖြစ်ပြီး အဲဒီငွေကြေးကို ပြန်အမ်းမှာ မဟုတ်ပါဘူး။

ထရမ့်ရဲ့ gold card ဗီဇာ စီမံကိန်းဟာ စတင်မိတ်ဆက်တဲ့ ဖေဖော်ဝါရီလ ကတည်းက ဝေဖန်မှုတွေနဲ့ ကြုံခဲ့ရပြီး အတိုက်အခံ ဒီမိုကရက်တစ်ပါတီ အမတ်တွေက ဒီအခွင့်အရေးဟာ ချမ်းသာတဲ့သူတွေပဲ လက်လှမ်းမီနိုင်တော့မယ့်အပေါ် ရှုတ်ချ ကန့်ကွက်ခဲ့ပါတယ်။

ထရမ့်ကတော့ gold cardဆိုတာဟာ လက်ရှိ အသုံးပြုနေတဲ့ green card ဗီဇာနဲ့ သဘောတရား မကွာလှဘူးလို့ ကာကွယ် ပြောကြားခဲ့ပါတယ်။ အဲဒီ green cardမှာတော့ ဝင်ငွေအဆင့် မတူညီတဲ့ နိုင်ငံခြားသားတွေဟာ အမေရိကန်မှာ နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့်တွေ ရကြပြီး ၅ နှစ်ကြာရင်တော့ အမေရိကန် နိုင်ငံသား လျှောက်ထားခွင့် ရနိုင်ပါတယ်။ ဒါပေမဲ့ gold cardကတော့ တကယ့် ထိပ်တန်းအဆင့် ပရော်ဖက်ရှင်နယ်တွေအတွက် ရည်ရွယ်ပြီး ထုတ်ပေးမယ့် အဆင့်မြှင့်ထားတဲ့ green cardအမျိုးအစားလို့ ထရမ့်က ဆိုပါတယ်။ အမေရိကန် အနေနဲ့ တကယ့်ကို ကောင်းကျိုးပြုနိုင်တဲ့ သူတွေကိုပဲ လိုချင်တယ်လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။

အမေရိကန် အစိုးရဆီ ဒေါ်လာ ၅ သန်းလောက် အလွယ်တကူ ပေးအပ်နိုင်တဲ့ လူတန်းစားမျိုးဟာ ပြည်တွင်းမှာ အလုပ်အကိုင်တွေလည်း ဖန်တီးပေးနိုင်မှာ ဖြစ်ကြောင်း၊ တကယ်ဆိုရင် ဗီဇာတွေအတွက် သတ်မှတ်ထားတဲ့ စျေးဟာ ရူးနှမ်းသလို များပြားနေတာ မဟုတ်ဘဲ သက်သာတယ်လို့တောင် ဆိုနိုင်ကြောင်း ထရမ့်က တုံ့ပြန်ထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂရင်းလန်ကျွန်းကိစ္စ အငြင်းပွားမှုကို အကြောင်းပြုပြီး အမေရိကန်က ဗိုလ်ကျ အကျပ်ကိုင်တဲ့ သဘောမျိုး လုပ်လာတာကို သင့်တော်သလို တုံ့ပြန်ဖို့ ဥရောပ သမဂ္ဂ (EU)ဖက်က စဉ်းစားနေပါတယ်။

နိုင်ငံတကာ

ဂရင်းလန်ကျွန်းကို သိမ်းယူချင်တဲ့ သူ့ရဲ့ ဆန္ဒကို ဆန့်ကျင်တဲ့ နိုင်ငံတွေအပေါ် သွင်းကုန်အခွန် စည်းကြပ်မှုတွေ မြှင့်တင်ဖို့ စဉ်းစားနေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်လိုက်ပါတယ်။

သတင်း

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်နှေးနေရင် ဂရင်းလန်ကျွန်းဟာ ရုရှားပိုင်နက် ဖြစ်လာဖို့ အခွင့်အရေး ရှိလိမ့်မယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ လက်ရုံးက ပြောကြားလိုက်ပါတယ်။ အာတိတ် ဒေသမှာရှိတဲ့ ဒိန်းမတ် လက်အောက်ခံ ဂရင်းလန်ကျွန်းကို အမေရိကန် ပိုင်နက်အဖြစ် သိမ်းသွင်း ရယူနိုင်ဖို့...

နိုင်ငံတကာ

နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ကိုယ့်သဘောနဲ့ကိုယ် လွှဲပြောင်းပေးလို့ မရဘူးလို့ ဆုရွေးချယ်ရေး အဖွဲ့က ပြောကြားလိုက်ပါတယ်။