Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နောက်နှစ်မှာလည်း စစ်ပွဲကို ဆက်တိုက်ဖို့ ရုရှား အသင့်ဖြစ်နေပြီလို့ ယူကရိန်း သမ္မတပြော

ရုရှားဟာ စစ်ပွဲကာလ နောက်တစ်နှစ်ကို ဖြတ်သန်းဖို့ အသင့်ဖြစ်နေပြီလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

ရုရှားဟာ စစ်ပွဲကာလ နောက်တစ်နှစ်ကို ဖြတ်သန်းဖို့ အသင့်ဖြစ်နေပြီလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

ရုရှားက အိမ်နီးချင်း ယူကရိန်း နိုင်ငံကို ကျူးကျော်ရာက စတင်ခဲ့တဲ့ စစ်ပွဲဟာ ၄ နှစ်ပြည့်ခါနီး ဖြစ်လာပြီး လောလောဆယ်မှာ အမေရိကန်က စစ်ရပ်စဲရေးအတွက် နှစ်နိုင်ငံကြားမှာ ဝင်ရောက် စေ့စပ်ပေးနေပါတယ်။

မကြာသေးခင်မှာတော့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းမှာ ဆင်နွှဲနေတဲ့ ရုရှားရဲ့ ထိုးစစ်နဲ့ ပတ်သက်လို့ ရည်မှန်းချက်အားလုံး အထမြောက်တဲ့ထိ ရှေ့ဆက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီထဲမှာ ရုရှားပိုင်နက် ဖြစ်သင့်ကြောင်း ပူတင်က တစ်ဖက်သတ် အဆိုပြုထားတဲ့ ယူကရိန်း နယ်မြေတွေကို သိမ်းယူရေး ကိစ္စလည်း ပါဝင်ပါတယ်။

ပူတင်ရဲ့ စကားနဲ့ ပတ်သက်လို့ ဇီလန်စကီးက တုံ့ပြန် မှတ်ချက် ပေးခဲ့ရာမှာတော့ ရုရှားဟာ လာမယ့် ၂၀၂၆ ခုနှစ်ကိုလည်း စစ်ပွဲကာလအဖြစ် ဆက်ပြီး ဖြတ်သန်းဖို့ အဆင်သင့် ဖြစ်နေပြီ ဆိုတာကို မြင်သာစေခဲ့တယ်လို့ ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန အရာရှိတွေနဲ့ မော်စကိုမှာ တွေ့ဆုံချိန်မှာ ပူတင်က ရုရှားရဲ့ အထူးစစ်ဆင်ရေး ရည်မှန်းချက်တွေဟာ ကျိန်းသေ အောင်မြင်ဖို့ လိုတယ်လို့ တွန်းအားပေးခဲ့ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ဒီစစ်ရေး ပဋိပက္ခရဲ့ အခြေခံ အကျဆုံး အကြောင်းတရားတွေကို သံတမန်ရေးနည်းနဲ့ ရှင်းလင်းဖယ်ရှားဖို့ ရုရှားက ပိုလိုလားတယ်လို့ သူက ပြောပါတယ်။ အထူးစစ်ဆင်ရေး ဆိုတာဟာ ယူကရိန်းအပေါ် ကျူးကျော်တဲ့ စစ်ပွဲနဲ့ ပတ်သက်ပြီး ရုရှားက တရားဝင် ရည်ညွှန်းသုံးနှုန်းလေ့ရှိတဲ့ ဝေါဟာရ ဖြစ်ပါတယ်။

ဇီလန်စကီးက စစ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရ ကိုယ်စားလှယ် အဖွဲ့နဲ့ ယူကရိန်းကြား ဆွေးနွေးမှုတွေက ရလဒ်ပိုင်း တိုးတက်တာတွေ မြင်နေရပေမယ့် အပြီးသတ်ရမယ့် အပိုင်းတွေ အတော်များများ ကျန်နေဆဲလို့ ဝန်ခံထားပါတယ်။ အထူးသဖြင့် ရုရှားတောင်းဆိုတဲ့ နယ်မြေတွေကို စွန့်လွှတ်ဖို့ ယူကရိန်းဖက်က လက်မခံနိုင်တာကြောင့် ညှိနှိုင်းမှုတွေ ခရီးရောက်ဖို့ ခက်ခဲနေပါတယ်။ အမေရိကန်ဖက်ကလည်း ကြားဝင်စေ့စပ်ပေးမှုမှာ တိုးတက်လာတဲ့ အပိုင်းတွေ ရှိပေမယ့် အခုလို စိန်ခေါ်မှုတွေ ကြုံနေဆဲ ဆိုတာကို ဝန်ခံထားပါတယ်။

လောလောဆယ်မှာတော့ ဥရောပ မဟာမိတ် နိုင်ငံတွေဟာ ရုရှားဆီက ထိန်းချုပ်ထားတဲ့ ပိုင်ဆိုင်မှု၊ ကြွယ်ဝမှုတွေကို ယူကရိန်းရဲ့ စစ်ရေး အသုံးစရိတ်အတွက် ထုတ်နုတ်ပြီး ငွေချေးပေးရေး ကိစ္စကို တိုင်ပင်နေပါတယ်။ အဲဒီ အစည်းအဝေးကို ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ဇီလန်စကီးလည်း ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့ဆီ သွားပြီး တက်ရောက်ဖို့ ရှိနေပါတယ်။

ဇီလန်စကီးကတော့ ပူတင်ရဲ့ နယ်ချဲ့လိုတဲ့ အလိုရမ္မက် စက်ကွင်းထဲ ကျရောက်နေတာ ယူကရိန်း တစ်နိုင်ငံတည်း မဟုတ်ကြောင်း ဥရောပ ခေါင်းဆောင်တွေကို သတိပေးထားပါတယ်။ အမေရိကန် အပါအဝင် ယူကရိန်းရဲ့ မိတ်ဖက်တွေ အနေနဲ့ အဲဒီ အရှိတရားကို သဘောပေါက်ထားဖို့ အရေးကြီးကြောင်း၊ ရုရှားက စစ်ပွဲကို ရပ်ဆိုင်းဖို့ လိုလားနေပါတယ်လို့ အမေရိကန်က ယူဆနေတဲ့တိုင် လက်တွေ့မှာတော့ ရုရှားဟာ သံတမန်ရေး အားထုတ်မှုတိုင်းကို အနှောင့်အယှက် ပေးနေကြောင်း ဇီလန်စကီးက စွပ်စွဲသွားပါတယ်။

ကိုးကား: France24

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်း လက်ခံရရှိနေတဲ့ လေကြောင်းကာကွယ်ရေးဆိုင်ရာ ခဲယမ်းမီးကျောက်တွေဟာ ရုရှားရဲ့ ရန်လိုမှုကို တုံ့ပြန် တားဆီးဖို့ လုံလောက်မှု မရှိကြောင်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဥရောပ သမဂ္ဂ (EU)က ထုတ်ချေးထားတဲ့ ငွေကြေးတွေနဲ့ အမေရိကန် လက်နက်တွေ ဝယ်ယူမယ့် ယူကရိန်းရဲ့ အစီအစဉ်ကို ပြင်သစ် အစိုးရက ကန့်ကွက် တားဆီးထားကြောင်း သိရပါတယ်။

သတင်း

ရုရှားနဲ့ စစ်ဖြစ်နေတဲ့ ယူကရိန်းအတွက် EUက ယူရိုငွေ ၉၀ ဘီလီယံကို ထုတ်ချေးဖို့ စီစဉ်ထားပြီး အမေရိကန်က အဲဒီငွေကြေးကို အမေရိကန်ဆီက စစ်လက်နက်တွေ ဝယ်ယူရေးအတွက် သုံးစွဲဖို့ ပြင်ဆင်နေတာပါ။ ဒါပေမဲ့ ဥရောပ အင်အားကြီး နိုင်ငံတစ်ခုဖြစ်တဲ့ ပြင်သစ်ကတော့ EUက ထောက်ပံ့ထားတဲ့ ငွေကြေးကို...

နိုင်ငံတကာ

ယူကရိန်း စစ်ပွဲမှာ အောင်ပွဲခံနိုင်မယ်ဆိုတာ ယုံကြည်ကြဖို့ သူ့ရဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ထည့်သွင်း တိုက်တွန်းသွားခဲ့ပါတယ်။