Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပူတင်ရဲ့ နေအိမ်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲချက်ကို ယူကရိန်း ငြင်းဆို

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ပိုင်တဲ့ နေအိမ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲချက်တွေကို ယူကရိန်းက ငြင်းဆိုသွားပါတယ်။

ဓာတ်ပုံ - Getty Images

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ပိုင်တဲ့ နေအိမ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲချက်တွေကို ယူကရိန်းက ငြင်းဆိုသွားပါတယ်။

ဓာတ်ပုံ – Getty Images

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ယူကရိန်းဟာ ဒရုန်း ၉၁ စီးကို အသုံးပြုပြီး ပူတင်ရဲ့ နေအိမ်တစ်လုံးကို တိုက်ခိုက်ခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်က အတိအလင်း စွပ်စွဲခဲ့ပါတယ်။

ဒါပေမဲ့ ရုရှားနိုင်ငံ အရှေ့မြောက်ပိုင်း၊ နော့ဗ်ဂိုရော့ဒ် ဒေသမှာရှိတဲ့ ပူတင်ရဲ့ ကိုယ်ပိုင် စံအိမ်ကို တိုက်ခိုက်ခဲ့တဲ့ ဒရုန်းတွေ အားလုံးကို ရုရှား လေကြောင်း ကာကွယ်ရေး တပ်ဖွဲ့တွေက ကြားဖြတ် ပစ်ချနိုင်ခဲ့ကြောင်း၊ ဒါကြောင့် ထိခိုက် ပျက်စီးမှုတွေနဲ့ ဒဏ်ရာရသူတွေ မရှိခဲ့ကြောင်း လက်ဗ်ရော့ဗ်က ပြောပါတယ်။

သူက ယူကရိန်းရဲ့ လုပ်ရပ်ဟာ ဘောင်ကျော်နေပြီး စစ်ရပ်စဲရေး ဆွေးနွေးမှုတွေ မအောင်မြင်အောင် ရည်ရွယ်ချက်ရှိရှိ ကြံစည်မှု ဖြစ်တယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ လက်ဗ်ရော့ဗ်ရဲ့ စွပ်စွဲချက်တွေကို ချေပ ငြင်းဆိုသွားခဲ့ပါတယ်။ ဒီလို စွပ်စွဲတာမျိုးဟာ ယူကရိန်းကို အပြစ်ပုံချဖို့ ရုရှားက လုပ်နေကျ လိမ်လည်မှု နည်းလမ်း တစ်ခုသာ ဖြစ်တယ်လို့ ဇီလန်စကီးက လူမှုကွန်ရက်မှာ ရေးသားထားခဲ့ပါတယ်။

ရုရှားဟာ စစ်ပွဲကို တကယ်တမ်း မရပ်တန့်ချင်လို့ အကြောင်းပြချက်တွေကို လုပ်ကြံ ဖန်တီးနေကြောင်း၊ ကမ္ဘာကြီး အနေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး အားထုတ်မှုတွေကို ရုရှားက ကပျက်ကချော် လုပ်နေတာတွေကို ခွင့်မပြုဖို့လိုကြောင်း ဇီလန်စကီးက ဆိုပါတယ်။

လောလောဆယ်မှာတော့ အမေရိကန် အစိုးရဟာ ၄ နှစ်နီးပါး ကြာမြင့်လာတဲ့ စစ်ပွဲကို ရပ်တန့်စေဖို့အတွက် ရုရှား၊ ယူကရိန်းတို့နဲ့ သီးခြားစီ စေ့စပ် ဆွေးနွေးပေးနေပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဆွေးနွေးမှုတွေက အပြုသဘောဆောင်ပြီး တိုးတက်နေတယ်လို့ ပြောပေမယ့် ခက်ခဲတဲ့ အတားအဆီး တချို့လည်း ကျန်နေသေးကြောင်း ဝန်ခံထားပါတယ်။

သူက ပူတင်နဲ့ ဖုန်းပြောခဲ့ပြီး နေအိမ် တိုက်ခိုက်မှု ခံရတယ်ဆိုတဲ့ အကြောင်းကို ကြားသိခဲ့တယ်လို့လည်း ဆိုပါတယ်။ အဲဒီကိစ္စ တကယ်သာဆိုရင် ကောင်းမွန်တဲ့ အခြေအနေတော့ မဟုတ်ကြောင်း၊ လက်ရှိ ကာလဟာ အရာရာ ထိလွယ်ရှလွယ် ဖြစ်နေကြောင်း၊ ဒီလို အချိန်မျိုးမှာ ပူတင်ရဲ့ နေအိမ်ကို တိုက်ခိုက်ဖို့ဆိုတာ လုံးဝ မသင့်တော်ကြောင်း သတင်းထောက်တွေကို ပြောကြားသွားပါတယ်။

ကိုးကား Telegraph

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။