Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းမှာ အောင်ပွဲခံနိုင်မယ်ဆိုတာ ယုံကြည်ကြဖို့ နှစ်သစ်ကူး မိန့်ခွန်းမှာ ပူတင်တိုက်တွန်း

ယူကရိန်း စစ်ပွဲမှာ အောင်ပွဲခံနိုင်မယ်ဆိုတာ ယုံကြည်ကြဖို့ သူ့ရဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ထည့်သွင်း တိုက်တွန်းသွားခဲ့ပါတယ်။

ဓာတ်ပုံ - Sputnik

ယူကရိန်း စစ်ပွဲမှာ အောင်ပွဲခံနိုင်မယ်ဆိုတာ ယုံကြည်ကြဖို့ သူ့ရဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ထည့်သွင်း တိုက်တွန်းသွားခဲ့ပါတယ်။

ဒီဇင်ဘာ ၃၁ ရက်နေ့က ပြည်သူတွေကို လိပ်မူပြီး ၃ မိနစ် ဝန်းကျင် ကြာမြင့်တဲ့ မိန့်ခွန်းတစ်ခုကို ပူတင်က ပြောကြားခဲ့ပါတယ်။ သူက ၂၀၂၅ ခုနှစ်ဟာ ယူကရိန်း စစ်မြေပြင်မှာ ရုရှားရဲ့ ထိုးစစ်တွေ အောင်မြင်ပြီး ရှေ့တိုးနိုင်စေခဲ့တဲ့ ကာလအပိုင်းအခြား တစ်ခုအဖြစ် ညွှန်းဆိုသွားခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီနှစ်မှာပဲ ရုရှားရော၊ ယူကရိန်းပါ စစ်သည် အသေအပျောက် သိသိသာသာ မြင့်တက်လာတာကို ကြုံနေရပါတယ်။ ပြီးတော့ အမေရိကန်ကလည်း အဲဒီနှစ်နိုင်ငံကြားက စစ်ပွဲကို ရပ်ဆိုင်းနိုင်ဖို့ သံတမန်ရေး အားထုတ်မှုတွေ ပိုပြီး အင်တိုက်အားတိုက် ကြိုးစား လုပ်ဆောင်လာနေပါတယ်။

အခုသီတင်းပတ်ထဲမှာ ယူကရိန်းဟာ ပူတင်ပိုင်ဆိုင်တဲ့ နေအိမ်တစ်လုံးကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ရုရှားက စွပ်စွဲထားပြီး ယူကရိန်း အစိုးရကတော့ ငြင်းဆိုထားပါတယ်။ ပူတင်က သူ့ရဲ့ မိန့်ခွန်းထဲမှာ အဲဒီအကြောင်းကို ထည့်ပြောမသွားခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

သူက ယူကရိန်းရဲ့ နယ်မြေတချို့ကို ရုရှားပိုင်နက်အဖြစ် သွတ်သွင်းဖို့ အနုနည်းနဲ့ဖြစ်ဖြစ်၊ အကြမ်းနည်းနဲ့ဖြစ်ဖြစ် ရအောင် ကြိုးစားမယ်လို့ စိတ်ပိုင်းဖြတ်ထားကြောင်း၊ သူနဲ့ ရုရှားပြည်သူတွေက ရုရှားရဲ့ သူရဲကောင်း စစ်သည်တွေဟာ အဲဒီ ရည်မှန်းချက် အထမြောက်ပြီး အောင်ပွဲကို အရယူပေးနိုင်မယ်ဆိုတာ ယုံကြည်ထားကြောင်း၊ ပြည်သူတွေ အနေနဲ့လည်း အဲဒီအတိုင်း ယုံကြည်သင့်ကြောင်း ပြောပါတယ်။

ရုရှား-ယူကရိန်း စစ်ပွဲဟာ ၄ နှစ်နီးပါး ကြာမြင့်လာပြီဖြစ်ပြီး ရုရှားတပ်တွေဟာ ယူကရိန်းပိုင်နက်ရဲ့ ငါးပုံတစ်ပုံလောက်ကို ထိန်းချုပ်ထားပါတယ်။

လက်ရှိမှာ အမေရိကန်ဟာ စစ်ရပ်စဲရေးအတွက် ရုရှား၊ ယူကရိန်းတို့နဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးနေပြီး တိုးတက်မှု အလားအလာတွေ တွေ့မြင်နေရကြောင်း ပြောပါတယ်။ ဒါပေမဲ့ ထိန်းချုပ်နယ်မြေတွေ ခွဲဝေရေး ကိစ္စဟာ ညှိနှိုင်းမှုတွေ ရှေ့တိုးနိုင်ဖို့ အဓိက အဟန့်အတားအဖြစ် ဆက်လက် တည်ရှိနေဆဲလို့လည်း သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။