Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယ ပြင်ပမှာ နီပါဗိုင်းရပ်စ် ကူးစက်နိုင်ခြေ အရမ်းနည်းနေဆဲလို့ WHO ပြော

နီပါဗိုင်းရပ်စ် ကူးစက်မှုတွေဟာ အိန္ဒိယနိုင်ငံရဲ့ ပိုင်နက်ပြင်ပဆီ ရောက်လာဖို့ အလားအလာ အရမ်းနည်းပါးနေဆဲလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က မှတ်ချက်ပေးခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

နီပါဗိုင်းရပ်စ် ကူးစက်မှုတွေဟာ အိန္ဒိယနိုင်ငံရဲ့ ပိုင်နက်ပြင်ပဆီ ရောက်လာဖို့ အလားအလာ အရမ်းနည်းပါးနေဆဲလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က မှတ်ချက်ပေးခဲ့ပါတယ်။

သေနှုန်းမြင့်မားတဲ့ နီပါဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ လူနာနှစ်ဦးကို ပြီးခဲ့တဲ့ လပိုင်းအတွင်း အနောက်ဘင်္ဂလား ပြည်နယ်ထဲမှာ ဓာတ်ခွဲ အတည်ပြု တွေ့ရှိခဲ့ကြောင်း အိန္ဒိယ ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာခဲ့တဲ့နောက် အဲဒီဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ ကမ္ဘာတလွှားမှာ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

တချို့သော အာရှနိုင်ငံတွေကတော့ အိန္ဒိယနဲ့ တောင်အာရှ ဒေသတွင်း နိုင်ငံတချို့ကနေ ရောက်ရှိလာတဲ့ ခရီးသည်တွေကို လေဆိပ်မှာ ကိုယ်အပူချိန် စစ်ဆေးစေတာမျိုး ကြိုတင် အစီအမံတွေ စတင် အကောင်အထည် ဖော်နေပါတယ်။

ဇန်နဝါရီ ၃၀ မှာတော့ WHOကတော့ ရောဂါကာကွယ်ရေး အစီအမံအဖြစ် အိန္ဒိယကို အသွားအလာနဲ့ ကုန်သွယ်ရေးဆိုင်ရာ ကန့်သတ်မှုတွေ လုပ်ဆောင်တာမျိုးကို လုံးဝ မထောက်ခံကြောင်း ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ အတည်ပြုထားတဲ့ ကူးစက်လူနာ နှစ်ဦးထက်ပိုပြီး ရောဂါကူးစက်တာ၊ အိန္ဒိယရဲ့ ပြင်ပကို ကူးစက်မှုတွေ ရောက်ရှိသွားတာမျိုး ဖြစ်နိုင်ခြေ အရမ်းနည်းတယ်လို့ ယူဆကြောင်း WHOက ပြောကြားခဲ့ပါတယ်။

နောက်ပြီး နီပါဗိုင်းရပ်စ်ဟာ လူအချင်းချင်း ကူးစက်မှု လွယ်ကူလောက်အောင် မျိုးဗီဇ ဆင့်ကဲပြောင်းလဲလာတဲ့ အထောက်အထားမျိုးလည်း မတွေ့ရဘူးလို့ WHOက ဆိုပါတယ်။ အိန္ဒိယ ပြည်ပကို ရောဂါပျံ့နှံ့နိုင်ခြေ အရမ်းနည်းကြောင်း WHOက ကောက်ချက်ချထားပေမယ့် အိန္ဒိယနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေရဲ့ လင်းနို့တွေ ပေါများတဲ့ ဒေသတွေမှာတော့ ဗိုင်းရပ်စ် ပျံ့နှံ့နိုင်ခြေ အတိုင်းအတာ တစ်ခုထိ ရှိနိုင်ခြေကိုတော့ ပယ်ချမထားပါဘူး။

နီပါဗိုင်းရပ်စ်ကို သစ်သီးစား လင်းနို့တွေက အဓိက သယ်ဆောင်ပြီး ဝက်နဲ့ လူတွေဆီ ကူးစက်နိုင်ပါတယ်။ ရောဂါပိုး သယ်ဆောင်တဲ့ လင်းနို့တွေနဲ့ ထိတွေ့ထားတဲ့ သစ်သီးတွေကို စားသုံးမိရင် ကူးစက်မှု ဖြစ်ပွားနိုင်ပါတယ်။ လူအချင်းချင်း ကူးစက်မှုက သီအိုရီအရ ဖြစ်နိုင်ပေမယ့် ရောဂါရှိသူနဲ့ ကာလရှည်ကြာ လက်ပွန်းတတီး ထိတွေ့မှုမျိုး မဟုတ်ရင်တော့ စိုးရိမ်စရာ မရှိပါဘူး။

လူတွေဆီ ကူးစက်နိုင်ခြေ နည်းပေမယ့် သေဆုံးမှုနှုန်းက ၄၀ ကနေ ၇၀ ရာခိုင်နှုန်းထိ ရှိတာကြောင့် နီပါဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ စိုးရိမ်ကြတာပါ။ အဲဒီဗိုင်းရပ်စ်ဟာ ကမ္ဘာ့ကပ်ရောဂါကြီး အဆင့်ထိ ကျယ်ပြန့်သွားနိုင်ခြေလည်း ရှိနေတာကြောင့် အလေးထား စောင့်ကြည့်မှု စာရင်းထဲမှာ WHOက အရင်ကတည်းက ထည့်သွင်းထားပါတယ်။ အိန္ဒိယ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ အစောပိုင်း ထုတ်ပြန်ချက်မှာတော့ လက်ရှိ ကူးစက်မှုတွေကို အချိန်မီ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

WHOကလည်း အိန္ဒိယ ကျန်းမာရေးဌာန တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ဆွေးနွေးခဲ့ပြီးတဲ့နောက် လူအချင်းချင်း ကူးစက်မှု လုံးဝမရှိခဲ့ကြောင်း အတည်ပြုထားပါတယ်။

ကူးစက်ခံရတဲ့ လူနာတွေဟာ အပြင်းဖျားတာ၊ ကိုယ်လက်အင်္ဂါတွေ ကိုက်ခဲတာ၊ အသက်ရှူလမ်းကြောင်းမှာ ပြဿနာတွေ ပေါ်တာ၊ ဦးနှောက်ရောင်ရမ်းတာ၊ တက်တာစတဲ့ လက္ခဏာတွေ ပြသနိုင်ပြီး ပြင်းထန်တဲ့ အခြေအနေဆိုရင် အသက်အန္တရာယ်ပို စိုးရိမ်ရပါတယ်။

နီပါဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးတချို့ တီထွင်နေပေမယ့် စမ်းသပ်ဆဲ အဆင့်မှာသာ ရှိကြပါသေးတယ်။ ပထမဆုံး နီပါဗိုင်းရပ်စ် ကူးစက်မှုတွေကို ၁၉၉၈ ခုနှစ်တုန်းက မလေးရှားနိုင်ငံမှာ တွေ့ရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အိန္ဒိယနဲ့ အာရှဒေသတွင်း နိုင်ငံတချို့မှာ ကြိုကြားကြိုကြား ကူးစက်မှုတချို့ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲမှာ နီပါဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှု ရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က အတည်ပြုခဲ့ပါတယ်။

သတင်း

အိန္ဒိယမှာ နီပါဗိုင်းရပ်စ် ကူးစက်မှုတွေ ထောက်လှမ်း တွေ့ရှိခဲ့တဲ့နောက် အာရှနိုင်ငံ တချို့ဟာ လေဆိပ်မှာ ကိုယ်အပူချိန် တိုင်းတာ စစ်ဆေးမှုတွေ လုပ်ဆောင်လာနေကြောင်း သိရပါတယ်။

သတင်း

နီပါဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှုတွေကို ထောက်လှမ်း တွေ့ရှိခဲ့တဲ့နောက် အိန္ဒိယ အာဏာပိုင်တွေက ရောဂါထိန်းချုပ်ရေး အစီအမံတွေကို အပူတပြင်း လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ဆီကနေ အမေရိကန် နုတ်ထွက်မှုဟာ လုပ်ထုံးလုပ်နည်းအားလုံး ပြီးစီးခဲ့ပြီလို့ သိရပါတယ်။