Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိုးကန့်ကျားဖြန့် မြီမိသားစုဝင် ၄ ဦးကို တရုတ် ကွပ်မျက်

ကိုးကန့်ဒေသ အခြေစိုက် ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်တဲ့ နောက်ထပ် ဒုစရိုက် ဂိုဏ်းခေါင်းဆောင် ၄ ဦးကို တရုတ်က သေဒဏ်စီရင် ကွပ်မျက်လိုက်ပါတယ်။

ကိုးကန့်ဒေသ အခြေစိုက် ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်တဲ့ နောက်ထပ် ဒုစရိုက် ဂိုဏ်းခေါင်းဆောင် ၄ ဦးကို တရုတ်က သေဒဏ်စီရင် ကွပ်မျက်လိုက်ပါတယ်။

တရုတ် အစိုးရ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ မြန်မာနိုင်ငံမှာ ကျားဖြန့်လုပ်ငန်း အပါအဝင် ဒုစရိုက်မှုတွေကို ဂိုဏ်းဂဏဖွဲ့ ကျူးလွန်ခဲ့တဲ့ ပယ်မိသားစုထဲက ၄ ဦးကို စီရင်ခဲ့တာလို့ သိရပါတယ်။

ကွပ်မျက်ခံရသူတွေဟာ ကွမ်တုံပြည်နယ် တရားရုံးတစ်ခုရဲ့ ဆုံးဖြတ်ချက်အရ လိမ်လည်မှု၊ လူသတ်မှု၊ အပြင်းအထန် နာကျင်စေမှုနဲ့ တခြား ရာဇဝတ်မှုတွေအတွက် ပြစ်မှုထင်ရှားကြောင်း တွေ့ရှိထားသူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ လက်ချက်ကြောင့် အနည်းဆုံး တရုတ်နိုင်ငံသား ၆ ဦး သေဆုံးခဲ့တယ်လို့ အစိုးရ ရှေ့နေတွေက စွပ်စွဲထားပါတယ်။

ပယ်မိသားစုဝင် စုစုပေါင်း ၅ ဦးဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက သေဒဏ်စီရင်ချက် ချမှတ် ခံထားခဲ့ရပြီး ဖေဖော်ဝါရီ ၂ ရက် မနက်ပိုင်းမှာတော့ ရှန်ဇန်း အလတ်တန်း ပြည်သူ့ တရားရုံးက သူတို့ကို ကွပ်မျက်လိုက်တဲ့အကြောင်း အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ပြစ်ဒဏ်ကို ဘယ်အချိန်မှာ စီရင်ခဲ့သလဲ ဆိုတာကိုတော့ တိတိကျကျ ဖော်ပြမထားခဲ့ပါဘူး။ ကွပ်မျက်ခံရသူ ၄ ဦးပဲ ရှိခဲ့တာကတော့ မိသားစု ခေါင်းဆာင် ပယ်ဆောက်ချိန်ဟာ ဖမ်းဆီးခံထားရချိန် အတောအတွင်း သေဆုံးသွားခဲ့တာကြောင့် ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း ကိုးကန့်ဒေသ ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ မြီမိသားစုဝင် ၁၁ ဦးကို ကွပ်မျက်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီ မိသားစု ဒုစရိုက်ဂိုဏ်းတွေကြောင့် ထောင်သောင်းချီတဲ့ တရုတ်နိုင်ငံသားတွေဟာ ကြီးမားတဲ့ နစ်နာဆုံးရှုံးမှုတွေ ကြုံခဲ့ကြောင်း တရုတ် အာဏာပိုင်တွေက ပြောပါတယ်။

ပယ်နဲ့ မြီမိသားစုတွေဟာ မြန်မာရဲ့ နယ်စပ်မြို့ တစ်ခုဖြစ်တဲ့ လောက်ကိုင်မှာ နှစ်ရှည်လများ တန်ခိုးထွားခဲ့ကြပြီး ကာစီနိုရုံတွေ၊ ပြည့်တန်ဆာခန်းတွေနဲ့ ကျားဖြန့်လုပ်ငန်းတွေကို လည်ပတ်ခဲ့ကြပါတယ်။

ပယ်မိသားစုဟာ ကိုယ်ပိုင် စစ်တပ်လည်းရှိပြီး ဆိုက်ဘာ ရာဇဝတ်ဂိုဏ်းတွေနဲ့ ဆက်စပ်တဲ့ တရားမဝင် လုပ်ငန်းတွေ လည်ပတ်ဖို့ နေရာ ၄၁ ခုကို ချုပ်ထိန်းထားခဲ့ကြောင်း တရုတ် အာဏာပိုင်တွေက ပြောပါတယ်။

ပယ်ဆောက်ချိန် ဦးဆောင်တဲ့ ပယ်မိသားစုဟာ စစ်တပ်နဲ့ ပေါင်းပြီး လောက်ကိုင်မြို့ကို ၂၀၀၀ ပြည့်နှစ် အစောပိုင်းတွေမှာ ထိုးစစ်ဆင် သိမ်းယူပြီးတဲ့နောက် ဩဇာကြီးမားလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ နယ်စပ်ဒေသမှာရှိတဲ့ ပယ်မိသားစုရဲ့ ဒုစရိုက် အင်ပါယာဟာ ၂၀၂၃ ခုနှစ်မှာတော့ ပြိုကွဲသွားခဲ့ပြီး ပယ်နဲ့ မြီမိသားစုတွေကိုလည်း တစ်ချိန်က မဟာမိတ် ဖြစ်ခဲ့တဲ့ မြန်မာစစ်တပ်က တရုတ်ဆီ လက်လွှဲပေးခဲ့ပါတယ်။

တရုတ်အစိုးရဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းတဲ့ အားထုတ်မှုတွေကို ပိုပြီး အရှိန်အဟုန် မြှင့်တင်လာခဲ့သလို အာဏာသိမ်း မြန်မာစစ်တပ်နဲ့ ထိုင်း၊ ကမ္ဘောဒီးယား အစိုးရတွေကိုလည်း ကျားဖြန့်နှိမ်နင်းရေးအတွက် ပိုမို ဖိအားပေးလာခဲ့ပါတယ်။

ကိုးကား: Global Times

ဓာတ်ပုံ – CCTV

ဆက်စပ်သတင်းများ