Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ် စစ်တပ်ရဲ့ အဂတိ တိုက်ဖျက်ရေး အားထုတ်မှုတွေကို ရှီကျင့်ဖျင် ချီးကျူး

အဂတိ တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ စစ်တပ်ရဲ့ အားထုတ် လုပ်ဆောင်ချက်တွေကို သမ္မတ ရှီကျင့်ဖျင်က အထူး အသိအမှတ်ပြု ချီးကျူးခဲ့ကြောင်း တရုတ် အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။

အဂတိ တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ စစ်တပ်ရဲ့ အားထုတ် လုပ်ဆောင်ချက်တွေကို သမ္မတ ရှီကျင့်ဖျင်က အထူး အသိအမှတ်ပြု ချီးကျူးခဲ့ကြောင်း တရုတ် အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။

စစ်တပ်ရဲ့ ရာထူးအကြီးဆုံး စစ်ဗိုလ်ချုပ်ကြီး အပါအဝင် ထိပ်တန်း အရာရှိတွေဟာ အဂတိ စွပ်စွဲချက်အတွက် တာဝန်က ဆိုင်းငံ့ ခံထားရပြီး သီတင်းပတ်တချို့ အကြာမှာ တရုတ် အစိုးရ အာဘော် CCTV သတင်းဌာနက အခုလို ဖော်ပြလာတာ ဖြစ်ပါတယ်။

ဇန်နဝါရီလတုန်းက တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ် (PLA)ရဲ့ အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး ကျန်ယုရှကို ဆိုးရွားတဲ့ ကျင့်ဝတ်စည်းမျဉ်း ချိုးဖောက်မှု စွပ်စွဲချက်တွေအတွက် စစ်ဆေးနေပြီး ရာထူးကနေ ဆိုင်းငံ့ထားကြောင်း ကြေညာခဲ့ပါတယ်။ သူနဲ့အတူ နောက်ထပ် ဗိုလ်ချုပ် တစ်ဦးဖြစ်တဲ့ လျိုကျိလီလည်း စစ်ဆေးမှုတွေ ခံယူနေရတယ်လို့ ဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။

ကျန်နဲ့ လျိုဟာ တရုတ်ရဲ့ ဩဇာကြီးမားတဲ့ ဗဟိုစစ်ရေး ကော်မရှင် (CMC) အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ ကျန်ဟာ တပ်အင်အား သန်းနဲ့ချီ များပြားတဲ့ PLAကို တိုက်ရိုက် ကြီးမှူးရတဲ့ အဲဒီ ကော်မရှင်မှာ သမ္မတရှီပြီးရင် ဒုတိယ ရာထူးအမြင့်ဆုံး ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

သူတို့နှစ်ဦးဟာ အဂတိ စွပ်စွဲချက်တွေကြောင့် စစ်ဆေးအရေးယူ ခံနေရတာလို့ ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပေမယ့် တခြားတစ်ဖက်မှာတော့ ရှီက စစ်တပ်အပေါ် ဩဇာညောင်းမှုကို လက်ဝါးကြီး အုပ်ချင်လို့ သူတို့ကို ဖယ်ထုတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိနေပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့တုန်းက တရုတ်စစ်သားတွေကို လိပ်မူတဲ့ မိန့်ခွန်းမှာတော့ ရှီက PLAဟာ အဂတိ တိုက်ဖျက်မှုဆိုင်ရာ တော်လှန်ရေး ကာလတစ်ခုကို ဖြတ်သန်းခဲ့ကြောင်း ပြောကြားသွားပါတယ်။

အဂတိ တိုက်ဖျက်ရေးဟာ တရုတ်အစိုးရနဲ့ အာဏာပိုင် အဖွဲ့အစည်းတွေမှာ ပိုမိုထိရောက် အားကောင်းတဲ့ စည်းကမ်း ကြပ်မတ်မှုမျိုး ဖြစ်ပေါ်လာစေပေမယ့် တစ်ဖက်မှာလည်း အဲဒီ စည်းမျဉ်းတွေကို သုံးပြီး ရှီက နိုင်ငံရေး ပြိုင်ဘက်တွေကို ဖယ်ရှားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိနေပါတယ်။

CMCမှာ ၂၀၂၂ တုန်းက စုစုပေါင်း အဖွဲ့ဝင် ၇ ဦးရှိခဲ့ပေမယ့် လက်ရှိမှာတော့ ရှီနဲ့ နောက်ထပ် ဗိုလ်ချုပ် တစ်ဦးပဲ ကျန်တော့ပြီး ကျန်တာတွေက အဂတိ စွပ်စွဲချက်တွေကြောင့် စစ်ဆေးခံရ၊ ဖယ်ရှားခံရတာတွေ ကြုံထားရပါတယ်။

ရှီက PLAဟာ ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း ပုံမှန်မဟုတ်ဘဲ ထူးခြားတဲ့ အခြေအနေတွေကို အများကြီး ဖြတ်သန်းခဲ့ရပေမယ့် တရုတ် စစ်သားတွေဟာ အပြည့်အဝ ယုံကြည် ကိုးစားထိုက်ကြောင်း ရာနှုန်းပြည့် သက်သေပြခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

CCTVရဲ့ အဆိုအရ CMCမှာ လောလောဆယ် ရှီနဲ့ နောက်ဆုံး ကျန်နေတဲ့ ဗိုလ်ချုပ် ကျန်ရှန်မင်းဟာလည်း သမ္မတ မိန့်ခွန်းပြောချိန်မှာ အတူရှိနေခဲ့ကြောင်း သိရပါတယ်။ CCTVက ပြသခဲ့တဲ့ ဗီဒီယိုမှာတော့ ကျန်နဲ့အတူ ကာကွယ်ရေး ဝန်ကြီး တောင်ကျန့်ကလည်း ရှီရဲ့နားမှာ ရှိနေတာကို တွေ့ခဲ့ရပါတယ်။

ကိုးကား: AFP

ဓာတ်ပုံ – Reuters, EPA

ဆက်စပ်သတင်းများ