Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သမီးဖြစ်သူကို အရိုက်အရာခံအဖြစ် ကင်မ်ဂျုံအွန်း ပုံဖော်နေတယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးဆို

အာဏာရ ကွန်မြူနစ်ပါတီရဲ့ ညီလာခံ မတိုင်ခင်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ သမီးဖြစ်သူကို အရိုက်အရာ ဆက်ခံမယ့် ပုဂ္ဂိုလ်အဖြစ် အခိုင်အမာ ပုံဖော်လာနေကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီက မှတ်ချက်ပေးခဲ့ပါတယ်။

အာဏာရ ကွန်မြူနစ်ပါတီရဲ့ ညီလာခံ မတိုင်ခင်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ သမီးဖြစ်သူကို အရိုက်အရာ ဆက်ခံမယ့် ပုဂ္ဂိုလ်အဖြစ် အခိုင်အမာ ပုံဖော်လာနေကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီက မှတ်ချက်ပေးခဲ့ပါတယ်။

ကင်မ်မိသားစုဟာ မြောက်ကိုရီးယားကို အစဉ်အဆက် အုပ်ချုပ်ခဲ့ပြီး ကင်မ်မင်းဆက်လို့တောင် တင်စားခေါ်ဝေါ် ခံရပါတယ်။ လက်ရှိ ခေါင်းဆောင် အဓိပတိကြီး ကင်မ်ဂျုံအွန်းဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း သူ့ရဲ့ ဆယ်ကျော်သက်အရွယ် သမီးငယ် ကင်မ်ဂျူအေးကို လူမြင်ကွင်းရှေ့မှာ စတင် ပွဲထုတ်လာခဲ့ပါတယ်။ ဂျူအေးဟာ အရေးကြီးတဲ့ နိုင်ငံရေး အခမ်းအနားတွေကိုပါ ဖခင်နဲ့အတူ တက်ရောက်လာခဲ့တဲ့နောက် ခေါင်းဆောင်ကြီးကင်မ်ဟာ ဒီမိန်းကလေးကို အရိုက်အရာ ဆက်ခံမယ့်သူအဖြစ် လျာထားကြောင်း ထင်ကြေးတွေ စတင် ပျံ့နှံ့လာပါတယ်။

တောင်ကိုရီးယား အမျိုးသား ထောက်လှမ်းရေးဌာနက လာမယ့် မြောက်ကိုရီးယား အာဏာရ အလုပ်သမား ပါတီ ညီလာခံ မတိုင်ခင်မှာ ကင်မ်ဟာ သမီးဖြစ်သူကို အရိုက်အရာခံ ပုဂ္ဂိုလ်အဖြစ် ပီပီပြင်ပြင် ပုံဖော်နေတယ်လို့ သုံးသပ်ခဲ့ပါတယ်။

မြောက်ကိုရီးယား အစိုးရဟာ ပါတီညီလာခံ ကျင်းပမယ့်ရက်ကို တိတိကျကျ မထုတ်ပြန်သေးပေမယ့် ဖေဖော်ဝါရီ လကုန်ပိုင်းမှာ ဖြစ်နိုင်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

Public Service Announcement

Public Service Announcement

ထောက်လှမ်းရေး အေဂျင်စီရဲ့ အစီရင်ခံချက်တွေကို ကြားနာမှု အစီအစဉ် အပြီးမှာတော့ တောင်ကိုရီးယား လွှတ်တော်အမတ် လီဆောင်ဂျောင်းက အခုအခါ ကင်မ်ဟာ ဂျူအေးကို သူ့ရဲ့ အရိုက်အရာခံမယ့်သူအဖြစ် တိတိကျကျ သတ်မှတ်ထားပြီးပြီလို့ ယုံကြည်ရကြောင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတော် ပွဲတက်အခမ်းအနားတွေကို ဂျူအေး တက်ရောက်ခဲ့တာ အပါအဝင် သူ့ရဲ့ လှုပ်ရှားမှုတွေကို စေ့စေ့စပ်စပ် ဆန်းစစ်ကြည့်ခဲ့တဲ့နောက် ဒီမိန်းကလေးဟာ အနာဂတ် မြောက်ကိုရီးယားခေါင်းဆောင် နေရာအတွက် လျာထားခံရတာ ကျိန်းသေနေကြောင်း ထောက်လှမ်းရေး ဌာနက ကောက်ချက်ချခဲ့တယ်လို့လည်း လီက ဆက်ပြောပါတယ်။

မနှစ်တုန်းက တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်ဆီ ကင်မ်သွားရောက်ခဲ့တဲ့ ခရီးစဉ်မှာ ဂျူအေး လိုက်ပါသွားခဲ့တဲ့နောက် သူဟာ ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံရမယ့်သူအဖြစ် တောင်ကိုရီးယား ထောက်လှမ်းရေးက စတင် ခန့်မှန်းလာခဲ့ပါတယ်။ အခုတော့ ပါတီ ညီလာခံ မတိုင်ခင် လှုပ်ရှားမှုတွေအရ အဲဒီ ယူဆချက်ဟာ ပိုခိုင်မာလာတယ်လို့ ထောက်လှမ်းရေးက သုံးသပ်ထားပါတယ်။

ဇန်နဝါရီလတုန်းက မြောက်ကိုရီးယား အစိုးရ မီဒီယာတွေက ဂျူအေးဟာ နိုင်ငံခေါင်းဆောင်ဟောင်းတွေဖြစ်တဲ့ အဘိုး ကင်မ်အီလ်ဆွန်၊ အဖိုး ကင်မ်ဂျုံအီတို့ကို မြှုပ်နှံထားရာ နေမင်းဂူဗိမန်ကို ဖခင်နဲ့အတူ သွားရောက် ဂါရဝ ပြုနေပုံတွေကို ဖော်ပြခဲ့ပါတယ်။

ပြုံယမ်းမြို့တော်မှာ ကျင်းပမယ့် ပါတီညီလာခံဟာ မြောက်ကိုရီးယားရဲ့ အကြီးဆုံး နိုင်ငံရေး စုဝေးမှုကြီးလည်း ဖြစ်ပါတယ်။ ၅ နှစ်တစ်ကြိမ် ကျင်းပတဲ့ ညီလာခံမှာ နိုင်ငံအနှံ့က ရောက်ရှိလာတဲ့ ပါတီခေါင်းဆောင်တွေဟာ လာမယ့် ၅ နှစ်တာ ကာလအတွက် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံခြားရေး မူဝါဒတွေကို စုစည်းတိုင်ပင် ဆုံးဖြတ်လေ့ရှိကြောင်း သိရပါတယ်။

ကိုးကား: AFP

ဓာတ်ပုံ – AP

ဆက်စပ်သတင်းများ