Connect with us

Hi, what are you looking for?

နိုင်ငံတကာ

EU ချေးငွေကိုသုံးပြီး ဆွီဒင်ဆီက တိုက်လေယာဉ်တွေဝယ်ဖို့ ယူကရိန်း စီစဉ်

ဥရောပ သမဂ္ဂ (EU)ဆီက ချေးငွေတွေကို အသုံးပြုပြီး ဆွီဒင်လုပ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ယူကရိန်းက စီစဉ်နေကြောင်း သိရပါတယ်။

ဥရောပ သမဂ္ဂ (EU)ဆီက ချေးငွေတွေကို အသုံးပြုပြီး ဆွီဒင်လုပ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ယူကရိန်းက စီစဉ်နေကြောင်း သိရပါတယ်။

ယူကရိန်း ကာကွယ်ရေး ဝန်ကြီး မစ်ခိုင်လို ဖီဒိုရော့ဗ်နဲ့ တွေ့ဆုံပြီးတဲ့နောက် ဆွီဒင် ကာကွယ်ရေး ဝန်ကြီး ပါလ်ဂျွန်ဆန်က Gripen တိုက်လေယာဉ်တွေ ရောင်းချပေးရေး ဆွေးနွေးခဲ့မှုအကြောင်း အတည်ပြုခဲ့ပါတယ်။

EU အဖွဲ့ဝင် နိုင်ငံတွေဟာ ထိန်းချုပ်ထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေထဲက ယူရို ၉၀ ဘီလီယံလောက်ကို ယူကရိန်းဆီ ထုတ်ချေးပေးဖို့ စီစဉ်ထားပြီး အဲဒီထဲက အစိတ်အပိုင်း တချို့ကို ဆွီဒင်လုပ် Gripen တိုက်လေယာဉ်တွေ ဝယ်ယူရာမှာ ယူကရိန်းက ပြန်လည် အသုံးပြုမှု ဖြစ်ပါတယ်။

အဲဒီ ယူရို ၉၀ ဘီလီယံ ရန်ပုံငွေထဲက အစိတ်အပိုင်းတစ်ရပ်ကို တိုက်လေယာဉ်တွေ ဝယ်ဖို့၊ လေကြောင်း ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်ဖို့ ယူကရိန်းက စိတ်ပိုင်းဖြတ်ထားတယ်လို့ ဂျွန်ဆန်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

EUရဲ့ ဥပဒေပြု အစုအဖွဲ့ဖြစ်တဲ့ ဥရောပ ကော်မရှင်ဟာ ၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ်အတွက် ယူကရိန်းကို အရေးပေါ် ချေးငွေ ယူရို ၉၀ ဘီလီယံ ထုတ်ပေးနိုင်ရေး ကိစ္စကို အခုသီတင်းပတ်ထဲမှာ ညှိနှိုင်း သဘောတူခဲ့ပါတယ်။

ယူကရိန်း အနေနဲ့ Gripen တိုက်လေယာဉ်တွေကို ဘယ်အချိန်မှာ ဝယ်ယူခွင့် ရနိုင်မလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဂျွန်ဆန်ကတော့ လက်ရှိ ဆွေးနွေးမှုတွေဟာ အစပျိုးတဲ့အဆင့်မှာပဲ ရှိသေးတယ်လို့ ပြောပါတယ်။

မနှစ်က အောက်တိုဘာ လကုန်ပိုင်းတုန်းက ယူကရိန်းဟာ ဆွီဒင်ဆီက Gripen တိုက်လေယာဉ် အစီး ၁၅၀ ထိ ဝယ်ယူရေး နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ လေ့လာသူတွေကတော့ ယူကရိန်းဟာ ပထမဆုံးအသုတ် Gripenတွေကို ၂၀၂၆ ခုနှစ်ထဲမှာ စတင် လက်ခံရရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဆွီဒင် ဝန်ကြီးချုပ် ယူလ်ခရစ္စတာဆန်ကတော့ ယူကရိန်းအတွက် တိုက်လေယာဉ်တွေ ရောင်းချပေးသွားမယ့် ကိစ္စဟာ ၁၀ နှစ်ကနေ ၁၅ နှစ်လောက်ထိ ကြာမြင့်နိုင်တဲ့ ရေရှည် ပရောဂျက် တစ်ခုလို့ ပြောပါတယ်။ ဆွီဒင်နဲ့ ယူကရိန်းတို့ဟာ Gripen တိုက်လေယာဉ်တွေကို ယူကရိန်း ပိုင်နက်ထဲမှာ ထုတ်လုပ်နိုင်ရေး အတွက်လည်း သဘောတူညီထားကြောင်း သိရပါတယ်။

ကိုးကား: Militarnyi

ဆက်စပ်သတင်းများ