Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန် နျူကလီးယားအရေး ဆွေးနွေးမှုမှာ သွယ်ဝိုက်ပြီး ဝင်ပါမယ်လို့ ထရမ့်ပြော

အီရန် နျူကလီးယား ထိန်းချုပ်ရေး ဆွေးနွေးမှုတွေမှာ သွယ်ဝိုက်တဲ့ အခြေအနေမျိုးနဲ့ ပါဝင်ဖွယ်ရှိကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အီရန် နျူကလီးယား ထိန်းချုပ်ရေး ဆွေးနွေးမှုတွေမှာ သွယ်ဝိုက်တဲ့ အခြေအနေမျိုးနဲ့ ပါဝင်ဖွယ်ရှိကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့က သမ္မတ စီးတော်လေယာဉ် Air Force Oneပေါ်မှာ ထရမ့်က သတင်းထောက်တွေကို အခုလို မှတ်ချက်ပေးခဲ့တာပါ။ သူလည်း အဲဒီ ဆွေးနွေးမှုတွေမှာ သွယ်ဝိုက်တဲ့ နည်းနဲ့ ဝင်ပါမှာ ဖြစ်ကြောင်း၊ ဒီတွေ့ဆုံ ဆွေးနွေးမှုတွေက သိပ်အရေးကြီးကြောင်း ထရမ့်က ဆိုပါတယ်။ ဒါပေမဲ့ ဘယ်လိုဘယ်ပုံ ဝင်ပါမလဲ ဆိုတာကိုတော့ တိတိကျကျ ပြောမသွားခဲ့ပါဘူး။

အီရန်နျူကလီးယား ထိန်းချုပ်ရေး ကိစ္စ ဆွေးနွေးဖို့ အမေရိကန်နဲ့ အီရန် ကိုယ်စားလှယ်တွေဟာ ဖေဖော်ဝါရီ ၁၆ ရက်နေ့ကျရင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

ထရမ့်က အီရန်ဖက်ကလည်း သဘောတူညီမှုတစ်ခုခု ရရှိဖို့ ဆန္ဒရှိမယ်လို့ သူယုံကြည်ကြောင်း ပြောပါတယ်။ တကယ်လို့ သဘောတူညီမှုတစ်ခု မတည်ဆောက်နိုင်ခဲ့ဘူးဆိုရင် ကြုံလာရမယ့် အကျိုးဆက်တွေကို အီရန် လိုချင်လောက်မှာ မဟုတ်ဘူးလို့ ထရမ့်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဆွေးနွေးမှုတွေဟာ ခက်ခဲပြင်းထန်နေတာ မှန်ပေမယ့် အီရန်က အခြေအနေကို အရှိအတိုင်း သုံးသပ်တတ်မယ်ဆိုရင် သဘောတူညီမှု ရရှိရေးကိုပဲ ဦးတည်လိမ့်မယ်လို့လည်း ထရမ့်က ပြောကြားသွားပါတယ်။ နောက်ပြီး ဒီတစ်ကြိမ် ဆွေးနွေးမှုတွေမှာ အီရန်ဖက်က တက်တက်ကြွကြွ ရှိနေတယ်လို့လည်း သူက ပြောပါတယ်။

လက်ရှိမှာတော့ အမေရိကန်ဟာ အီရန်နိုင်ငံတဝိုက်မှာ ရေတပ်နဲ့ လေတပ်တွေကို အင်အားအလုံးအရင်း ဖြန့်ကျက်ထားပြီး နှစ်နိုင်ငံကြား စစ်ရေး တင်းမာမှုတွေ မြင့်တက်နေပါတယ်။ ထရမ့်က ဆွေးနွေးမှုတွေ အဆင်မပြေဘူးဆိုရင် အီရန်အပေါ် စစ်ရေးအရ ဖိအားပေး အရေးယူတာမျိုးတွေ လုပ်လာနိုင်ကြောင်း ခြိမ်းခြောက်ထားပါတယ်။

အီရန်ပိုင်နက်ထဲမှာ ယူရေနီယမ် ဓာတ်သတ္တု သန့်စင်ရေးကို အလုံးစုံ စွန့်လွှတ်ရမယ်ဆိုတဲ့ အမေရိကန်ရဲ့ တောင်းဆိုမှုက လက်ရှိ ဆွေးနွေးမှုတွေကို ရှေ့တိုးဖို့ ခက်ခဲနေစေပါတယ်။ အီရန်ကတော့ ယူရေနီယမ် သန့်စင်မှု ဆိုတာဟာ နိုင်ငံရဲ့ ကိုယ်ပိုင် အခွင့်အရေးတစ်ခုဖြစ်ပြီး လက်လွှတ်မခံလိုကြောင်း ငြင်းဆိုနေပါတယ်။

အစ္စရေးနဲ့ အမေရိကန်တို့က အီရန်ဟာ နျူကလီးယားလက်နက်တွေ တည်ဆောက်ဖို့ ကြံစည်နေကြောင်း စွပ်စွဲထားပြီး အီရန်ကတော့ စွမ်းအင် ထုတ်လုပ်ရေးအတွက် ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်နဲ့သာ နျူကလီးယား နည်းပညာကို မြှင့်တင်နေတာ ဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။

ကိုးကား: Reuters

ဓာတ်ပုံ – AP

ဆက်စပ်သတင်းများ