Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘန်ကောက်မှာ အမေရိကန် တစ်ဦးကို သတ်မှုနဲ့ မြန်မာလူငယ် ၄ ဦး အဖမ်းခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာအမေရိကန် နိုင်ငံသား တစ်ဦးကို သေဆုံးအောင် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲချက်နဲ့ မြန်မာလူငယ် ၄ ဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

(အဖမ်းခံရတဲ့ မြန်မာ​လေးဦး ၊ ​သေဆုံးခဲ့တဲ့အ​မေရီကန်နိုင်ငံသား နဲ့ အခင်းဖြစ်ပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-Maichon )

​ဖေ​ဖော်ဝါရီ-၁၇၊၂၀၂၆။People’s Spring

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာအမေရိကန် နိုင်ငံသား တစ်ဦးကို သေဆုံးအောင် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲချက်နဲ့ မြန်မာလူငယ် ၄ ဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

ဘန်ကောက်ရဲ့ ဂျောင်သောင်ခရိုင်မှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့က လူသတ်မှု ဖြစ်ပွားခဲ့တာပါ။ သေဆုံးသူဟာ အသက် ၅၅ နှစ်အရွယ် အမေရိကန် နိုင်ငံသား ကိုးလ်စတိန်းဟိသ် ဆိုသူဖြစ်ပြီး ဓားထိုးခံရတဲ့ ဒဏ်ရာ ၅ ချက်၊ ခြေထောက်ကျိုး ဒဏ်ရာတွေနဲ့ အခင်းဖြစ်တဲ့ နေရာမှာပဲ အသက်ဆုံးရှုံးခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

သူ့ကို တိုက်ခိုက်ခဲ့သူတွေကတော့ပစ္စည်းအဟောင်းတွေကို ပြန်လည်မွမ်းမံတဲ့ လုပ်ငန်းတစ်ခုမှာ အလုပ်လုပ်နေတဲ့ ဇော်ငြိမ်းဦး၊ ဇော်သက်၊ ရဲမင်းသူနဲ့ သီယိုတို့ ဖြစ်တယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ပြီးတော့ ဇော်ငြိမ်းဦးလည်း ဒဏ်ရာတွေ ရခဲ့တယ်လို့ ရဲတွေက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အခင်းဖြစ်တဲ့နေရာမှာတော့လူသေတဲ့ထိ တိုက်ခိုက်မှုမှာ အသုံးပြုခဲ့တဲ့ အသွား ၁၀ လက်မရှိတဲ့ ဓားတစ်ချောင်းနဲ့သုံးပေခွဲလောက်ရှည်တဲ့ သံတုတ်တို့ကိုပါ သိမ်းဆည်း ရမိခဲ့ပါတယ်။

ကနဦး စုံစမ်းမှုတွေအရ သေဆုံးသူ ဟိသ်ဟာ မြန်မာလူငယ်လေးဦးထဲကတစ်ဦးရဲ့ညီမနဲ့ချစ်ကြိုက်ခဲ့ဖူးတယ်လို့ သိရှိရပါတယ်။ ပြီးခဲ့တဲ့လမှာ အမျိုးသမီးက ဟိသ်ကို အဆက်ဖြတ်ဖို့ ကြိုးစားခဲ့ပေမယ့် ဟိသ်က လက်မခံခဲ့ပါဘူး။ ဒါကြောင့် အမျိုးသမီးက ဟိသ်မသိနိုင်လောက်တဲ့ နေရာတစ်ခုဆီ ပြောင်းရွှေ့ နေထိုင်ခဲ့ပါတယ်။

ဟိသ်ဟာ သူမသေခင် တစ်ရက်အလို ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာအမျိုးသမီးရဲ့အခန်းကိုဓားကိုင်ပြီး ရောက်လာခဲ့ပါတယ်။ဒါပေမဲ့မိန်းကလေးကိုမတွေ့ဘဲမြန်မာလူငယ်တွေကိုသာတွေ့ခဲ့ပြီးဟိသ်က ဓားနဲ့ထိုးဖို့ ကြိုးစားခဲ့ပါတယ်။နောက်တော့သူက အခန်းတံခါးကိုပဲ ဓားနဲ့ထိုးပြီးဒေါသတကြီး ထွက်ခွာသွားခဲ့ပါတယ်။နောက်တော့လူငယ်တွေရဲ့ အလုပ်ရှင်က ဒီကိစ္စကို ရဲတွေဆီ တိုင်ကြားခဲ့ပါတယ်။

အခင်းဖြစ်တဲ့ နေ့မှာတော့ ဟိသ်ဟာ ဓားကိုင်ပြီး လူငယ်တွေ အလုပ်လုပ်တဲ့ နေရာကို ရောက်လာပြန်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ လူငယ်တွေက ရှောင်မနေတော့ဘဲ ဟိသ်ကို ခုခံရင်း လက်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ရဲတွေက စုံစမ်းမေးမြန်းတဲ့အခါ အားလုံးက ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ ကြိုးစားခဲ့ပြီးဟိသ်ကိုသေစေဖို့ဆန္ဒမရှိခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။

ထိုင်းမီဒီယာ စာမျက်နှာ တစ်ခုကတော့ ဟိသ်နဲ့ ပတ်သက်ခဲ့တဲ့ အမျိုးသမီးဟာ အိမ်ထောင်သည် တစ်ဦးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ဟိသ်က အရမ်း သဝန်တိုစိတ်ကြီးပြီး ရန်လိုအကြမ်းဖက်တတ်တဲ့ညာဉ်မျိုးရှိတာကြောင့်အမျိုးသမီးကသူတို့ရဲ့ တိတ်တိတ်ပုန်း ဆက်ဆံရေးကို အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့တာလို့လည်းဆိုပါတယ်။ရဲတွေကတော့ အဲဒီ အချက်အလက်တွေကို အတည်ပြုမထားပါဘူး။

လက်ရှိမှာတော့ အမှုကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီးမြန်မာလူငယ် ၄ ဦးကိုဘယ်လိုပုဒ်မနဲ့ စွဲချက်တင်မလဲ ဆိုတာကို ရဲတွေက အတိအကျမဆုံးဖြတ်ရသေးကြောင်းလည်းသိရပါတယ်။

ကိုးကား-Thaiger

ဆက်စပ်သတင်းများ