Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားမှာ အီရန် စစ်ရေးလေ့ကျင့်

နိုင်ငံရဲ့ ကမ်းလွန်ရေပြင်ဖြစ်တဲ့ ဟောမုဇ် ရေလက်ကြားမှာ အီရန်က ခဲယမ်းမီးကျောက် အစစ်တွေကိုပါ အသုံးပြု ပစ်ခတ်တဲ့ စစ်ရေးလေ့ကျင့်မှု တစ်ခုကို စတင်ခဲ့ပါတယ်။

နိုင်ငံရဲ့ ကမ်းလွန်ရေပြင်ဖြစ်တဲ့ ဟောမုဇ် ရေလက်ကြားမှာ အီရန်က ခဲယမ်းမီးကျောက် အစစ်တွေကိုပါ အသုံးပြု ပစ်ခတ်တဲ့ စစ်ရေးလေ့ကျင့်မှု တစ်ခုကို စတင်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ စတင်တဲ့ စစ်ရေးလေ့ကျင့်မှုကို အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ တော်လှန်ရေး အစောင့်တပ်က ဦးဆောင်ခဲ့ပြီး အီရန် အစိုးရ ရေတပ်ကလည်း ပူးပေါင်း ပါဝင်ခဲ့တယ်လို့ အစိုးရပိုင် IRNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဒါဟာ အီရန် နျူကလီးယား ထိန်းချုပ်ရေး ကိစ္စအတွက် အမေရိကန် ကိုယ်စားလှယ် အဖွဲ့နဲ့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ မတွေ့ဆုံခင် တစ်ရက်အလိုမှာ စတင်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုလည်း ဖြစ်လာပါတယ်။ စစ်ရေးလေ့ကျင့်မယ့် ကာလက ဘယ်လောက် ကြာမလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

အီရန်နဲ့ အမေရိကန်တို့ဟာ လက်ရှိမှာတော့ စစ်ရေးတင်းမာမှုတွေ မြင့်တက်နေပြီး အီရန်တဝိုက်မှာ အမေရိကန်က ရေတပ်၊ လေတပ် အင်အား အလုံးအရင်း တိုးမြှင့်ပြီး ဖြန့်ကျက်ထားပါတယ်။

Public Service Announcement

Public Service Announcement

အီရန် တော်လှန်ရေး အစောင့်တပ်ကတော့ အခုစစ်ရေးလေ့ကျင့်မှုဟာ လိုအပ်လာတဲ့ အခြေအနေရောက်ရင် ဟောမုဇ် ရေလက်ကြားကို ဘယ်လို ထိန်းချုပ်မလဲ ဆိုတာကို ကြိုတင် ပြင်ဆင်တဲ့ အဓိပ္ပါယ် ဖြစ်တယ်လို့ ပြောပါတယ်။

ဟောမုဇ် ရေလက်ကြားဟာ ကမ္ဘာပေါ်မှာ ရေနံတင်ပို့မှု စုစုပေါင်းရဲ့ ငါးပုံတစ်ပုံလောက် ဖြတ်သန်းနေတဲ့ မဟာဗျူဟာ ရေလမ်းကြောင်း အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အီရန်က နိုင်ငံကို ရန်ပြုတိုက်ခိုက်မှု တစ်ခုခု ကြုံလာရင် အဲဒီ ကျဉ်းမြောင်းသွယ်လျတဲ့ ရေလက်ကြားကို စစ်အင်အားသုံး ပိတ်ဆို့ပစ်မယ်လို့ ခြိမ်းခြောက်ထားဖူးပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်အနေနဲ့ နျူကလီးယား ထိန်းချုပ်ရေးကိစ္စ ဆွေးနွေးမှုတွေမှာ ပါးရည်နပ်ရည်ရှိပြီး သဘောတူညီမှု တစ်ခုကို ရှာဖွေဖို့ တိုက်တွန်းထားပါတယ်။ ဒါပေမဲ့ သဘောတူညီမှု တစ်ခုခု ရမလာနိုင်ဘူး ဆိုရင်တော့ အမေရိကန်က စစ်ရေးအရ ကိုင်တွယ်တာမျိုး အပါအဝင် တခြားနည်းလမ်းတွေကို အသုံးပြုနိုင်ကြောင်း ထရမ့်က ခြိမ်းခြောက်ထားပါတယ်။

ဒီအတောအတွင်း အမေရိကန် ဗဟိုစစ်ရေး ကွပ်ကဲမှုဌာန (CENTCOM)ဟာ အရှေ့အလယ်ပိုင်းမှာ စစ်အင်အား အလုံးအရင်း ဆက်လက် ဖြန့်ကျက်နေမှုတွေကို ထုတ်ဖော် ပြသခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက်နေ့က လူမှုကွန်ရက် မီဒီယာ Xပေါ်မှာ တင်ထားတဲ့ ဓာတ်ပုံတွေမှာတော့ အီလက်ထရောနစ် စစ်ဆင်ရေးအတွက် အသုံးပြုတဲ့ EA-18G Growler တိုက်လေယာဉ်တွေ၊ F-35 ကိုယ်ပျောက် တိုက်လေယာဉ်တွေ အမေရိကန် လေယာဉ်တင် သင်္ဘောကြီး USS Abraham Lincolnပေါ်ကနေ ပျံတက်ဖို့ ပြင်ဆင်နေပုံတွေကို တွေ့ခဲ့ရပါတယ်။

ကိုးကား: Fox

ဓာတ်ပုံ – Getty Images

ဆက်စပ်သတင်းများ