Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို အမေရိကန်ရဲ့ အဆင့်မြင့် တိုက်လေယာဉ်တွေ ဖြည့်တင်းပို့ဆောင်

အမေရိကန်ဟာ အီရန်နိုင်ငံတဝိုက်၊ အရှေ့အလယ်ပိုင်း ဒေသဆီကို တိုက်လေယာဉ် အစီးရေ ၅၀ ကျော်ထိ အလျင်အမြန် ပို့ဆောင်ထားကြောင်း သိရပါတယ်။

အမေရိကန်ဟာ အီရန်နိုင်ငံတဝိုက်၊ အရှေ့အလယ်ပိုင်း ဒေသဆီကို တိုက်လေယာဉ် အစီးရေ ၅၀ ကျော်ထိ အလျင်အမြန် ပို့ဆောင်ထားကြောင်း သိရပါတယ်။

အဲဒီတိုက်လေယာဉ်တွေထဲမှာ အမေရိကန် လေတပ်ရဲ့ ခေတ်အမီဆုံး အမျိုးအစားတွေဖြစ်တဲ့ F-22 ဝေဟင်စိုးမိုးရေး တိုက်လေယာဉ်တွေ၊ F-35A ဘက်စုံသုံး တိုက်လေယာဉ်တွေလည်း ပါဝင်ခဲ့ပါတယ်။ F-22နဲ့ F-35Aတွေဟာ ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်တိမ်းနိုင်တဲ့ အဆင့်အမြင့်ဆုံး ကိုယ်ပျောက်နည်းပညာ ပါဝင်တဲ့ ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေ ဖြစ်ကြပါတယ်။ F-35A ၁၈ စီးဟာ ဗြိတိန်နိုင်ငံမှာ အခြေစိုက်ရာကနေ အရှေ့အလယ်ပိုင်း ဒေသဆီ ပျံသန်းသွားခဲ့တာပါ။

အမေရိကန်က အရှေ့အလယ်ပိုင်းဆီ အဆောတလျင် ဖြန့်ကျက် ပို့ဆောင်ထားတဲ့ထဲမှာ အပေါ့စား F-16တွေနဲ့ ဘက်စုံသုံး F-15Eတို့လို စတုတ္ထမျိုးဆက် တိုက်လေယာဉ်တွေလည်း ပါဝင်ခဲ့ပါတယ်။

အီရန် နျူကလီးယား ထိန်းချုပ်ရေးကိစ္စအတွက် အမေရိကန်နဲ့ အီရန်တို့ကြား ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေပြီး နှစ်ပတ်လောက်အတွင်း အဖြေတစ်ခုခု ထွက်ပေါ်လာစေဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မျှော်လင့်နေပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်က တကယ်လို့ ဆွေးနွေးပွဲတွေကနေ အဖြေတစ်ခု မရှာဖွေနိုင်ဘူးဆိုရင် အီရန်အပေါ် စစ်ရေးအရ အရေးယူတာမျိုးတွေ ကြုံလာနိုင်တယ်လို့ ကြိုတင် ခြိမ်းခြောက်ထားပါတယ်။

အမေရိကန်ဟာ အီရန်နိုင်ငံ တဝိုက်က စစ်စခန်းတွေမှာ လေတပ်နဲ့ ကြည်းတပ်အင်အားတွေ တိုးချဲ့ဖြန့်ကျက်နေသလို အီရန်ကမ်းလွန်မှာလည်း လေယာဉ်တင် သင်္ဘောတွေနဲ့ ဖျက်သင်္ဘောတွေကို စေလွှတ်ထားပါတယ်။

စစ်ရေးတင်းမာမှုတွေ ရှိနေချိန် အီရန် တော်လှန်ရေး အစောင့်တပ်နဲ့ အီရန်ရေတပ်ကလည်း နိုင်ငံကမ်းလွန်က မဟာဗျူဟာ ရေပြင်ဖြစ်တဲ့ ဟောမုဇ် ရေလက်ကြားမှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နေခဲ့ပါတယ်။

နှစ်ဆန်းပိုင်းတုန်းက ဗင်နီဇွဲလားနိုင်ငံမှာ သမ္မတ နစ်ကိုလက်စ် မာဒူရိုကို ဝင်ရောက် ဖမ်းဆီးခဲ့တဲ့ စစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ အမေရိကန် F-35 တိုက်လေယာဉ်တွေဟာလည်း အခုအခါ အရှေ့အလယ်ပိုင်းကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ အိန္ဒိယ သမုဒ္ဒရာထဲမှာတော့ လေယာဉ် အစီး ၈၀ နီးပါးကို တင်ဆောင်လာတဲ့ USS Abraham Lincoln လေယာဉ်တင် သင်္ဘောကြီးက အခြံအရံ တိုက်ရေယာဉ် အုပ်စုနဲ့အတူ ဖြန့်ကျက်ထားပြီး ပိုကြီးမားတဲ့ USS Gerald R Fordကလည်း မကြာခင် အရှေ့အလယ်ပိုင်း ဒေသကို ရောက်ရှိလာမယ်လို့ အမေရိကန် စစ်တပ်က အတည်ပြုထားပါတယ်။

ကိုးကား: Air and Space Forces

ဓာတ်ပုံ – U.S. Air Force

ဆက်စပ်သတင်းများ