Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျပန်ကို အားကောင်းပြီး ကြွယ်ဝတဲ့ နိုင်ငံတစ်ခု ဖြစ်လာစေမယ်လို့ ဝန်ကြီးချုပ်ပြော

ဂျပန်ကို ခိုင်မာ တောင့်တင်းပြီး ကြွယ်ဝတဲ့ နိုင်ငံတစ်ခု ဖြစ်လာအောင် ဦးဆောင်သွားမယ်လို့ ဝန်ကြီးချုပ် စနအဲ တကအိချိက ပြောကြားခဲ့ပါတယ်။

ဂျပန်ကို ခိုင်မာ တောင့်တင်းပြီး ကြွယ်ဝတဲ့ နိုင်ငံတစ်ခု ဖြစ်လာအောင် ဦးဆောင်သွားမယ်လို့ ဝန်ကြီးချုပ် စနအဲ တကအိချိက ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ပြတ်သားတဲ့ အနိုင်ရလဒ်ကို ဆောင်ယူနိုင်ခဲ့ပြီး အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ (LDP)က လွှတ်တော် အမတ်နေရာ သုံးပုံနှစ်ပုံလောက်ကို ထိန်းချုပ်လာနိုင်ခဲ့တဲ့နောက် တကအိချိ ဦးဆောင်တဲ့ ဂျပန်အစိုးရဟာ မကြုံစဖူး လုပ်ပိုင်ခွင့်မျိုး ရရှိလာကြောင်း နိုင်ငံရေး အကဲခတ်တွေက ပြောကြားထားပါတယ်။

ဖေဖော်ဝါရီ ၂၀ မှာတော့ တကအိချိက ဂျပန်ကို အားကောင်း ခိုင်မာလာအောင် ဦးဆောင်သွားမယ်လို့ ကတိပြုခဲ့သလို ပြိုင်ဘက်နိုင်ငံ တရုတ်ကိုလည်း ဝေဖန် ထိုးနှက်သွားခဲ့ပါတယ်။

တရုတ် အစိုးရဟာ တောင်တရုတ်ပင်လယ်နဲ့ အရှေ့တရုတ်ပင်လယ်ရဲ့ နိုင်ငံတကာ အသိအမှတ်ပြု နယ်နိမိတ်တွေကို ပြောင်းလဲဖို့ တစ်ဖက်သတ် အားထုတ်နေကြောင်း၊ အဲဒီဒေသတွေရဲ့ ရေပြင်နဲ့ ပတ်ဝန်းကျင် နိုင်ငံတွေ တဝိုက်မှာ တရုတ်က စစ်ရေး လှုပ်ရှားမှုတွေကို အရှိန်မြှင့်နေကြောင်းလည်း ဂျပန်ဝန်ကြီးချုပ်က စွပ်စွဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လွှတ်တော်မှာ ပြောကြားတဲ့ မိန့်ခွန်းမှာတော့ တကအိချိက သူ့မတိုင်ခင် ဝန်ကြီးချုပ်ဟောင်း ရှီဂီရူ အီချီဘာရဲ့ မှတ်ချက်ကို ထောက်ခံပြီး ဂျပန်ဟာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အရေးအကြီးဆုံး၊ အရှုပ်ထွေးဆုံး လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှု အခြေအနေတွကို ကြုံတွေ့နေတယ်လို့လည်း ထောက်ပြသွားပါတယ်။

အဲဒီအတွက်လည်း ဂျပန်ဟာ ကာကွယ်ရေး ကဏ္ဍမှာ ပိုမို အားစိုက်ဖို့ လိုအပ်ပြီး လက်ရှိ စစ်မက်ရေးရာ အစီအမံတွေအတွက် နည်းလမ်းသစ်တွေ ရှာဖွေတာ၊ ရေရှည် ပဋိပက္ခတွေအတွက် ကြိုတင် ပြင်ဆင်တာတွေ လုပ်ဆောင်သွားရမယ်လို့ တကအိချိက ပြောပါတယ်။

ဂျပန်ဟာ ပြည်တွင်းဖြစ် စစ်လက်နက်တွေကို ပြည်ပတင်ပို့ရောင်းချမှုကို ကိုယ်တိုင် ပိတ်ပင်ထားပေမယ့် အဲဒါကို ပြန်သုံးသပ်နိုင်ဖို့အတွက် ဆွေးနွေးမှုတွေ အလျင်အမြန် လုပ်ဆောင်သင့်နေပြီလို့လည်း တကအိချိက မှတ်ချက်ပေးခဲ့ပါတယ်။

ဂျပန်သမိုင်းမှာ ပထမဆုံး ဝန်ကြီးချုပ် ဖြစ်လာခဲ့တဲ့ တကအိချိဟာ နိုဝင်ဘာလတုန်းက တရုတ်ကို အကြီးအကျယ် ဒေါသထွက်စေတဲ့ မှတ်ချက်စကား တစ်ခွန်းကို ပြောခဲ့ပါတယ်။ တရုတ်ကသာ ထိုင်ဝမ်ကို စစ်အင်အားသုံး တိုက်ခိုက်ခဲ့မယ်ဆိုရင် ထိုင်ဝမ်ကို ကူဖို့ ဂျပန်ကလည်း တပ်တွေ စေလွှတ်မယ်လို့ သူက ပြောဆိုခဲ့တာပါ။ အဲဒီကိစ္စကို တရုတ်က တင်းတင်းမာမာ တုံ့ပြန်ခဲ့ပြီး ဂျပန်ကို သံတမန်ရေး၊ ကုန်သွယ်ရေးတွေအရ ဖိအားပေးလာခဲ့ပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ဂျပန်အစိုးရဟာ စစ်ဝါဒကို ပြန်လည် အသက်သွင်းနေတယ်လို့တောင် စွပ်စွဲခဲ့ပေမယ့် ဂျပန်ဖက်ကတော့ ငြင်းဆိုထားပါတယ်။

ကိုးကား: AFP

ဓာတ်ပုံ – AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။