Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်ဝမ်နားက ကျွန်းမှာ ဒုံးကျည်တွေ ဖြန့်ကျက်ဖို့ ဂျပန်စီစဉ်

ထိုင်ဝမ်နဲ့ နီးကပ်တဲ့ နိုင်ငံပိုင် ကျွန်းတစ်ကျွန်းမှာ ဒုံးကျည်တွေ ဖြန့်ကျက်ထားဖို့ ဂျပန် အစိုးရက စီစဉ်နေပါတယ်။

ထိုင်ဝမ်နဲ့ နီးကပ်တဲ့ နိုင်ငံပိုင် ကျွန်းတစ်ကျွန်းမှာ ဒုံးကျည်တွေ ဖြန့်ကျက်ထားဖို့ ဂျပန် အစိုးရက စီစဉ်နေပါတယ်။

ဂျပန်ဟာ နိုင်ငံအနောက်ပိုင်း နယ်နိမိတ် အစွန်းလောက်မှာ ရှိနေတဲ့ ယိုနာဂူနီကျွန်းမှာ ၂၀၃၁ ခုနှစ်၊ မတ်လ မတိုင်ခင် မြေပြင်က ဝေဟင်ပစ် ဒုံးကျည်တွေ ဖြန့်ကျက်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ဂျပန်ဟာ အဲဒီကျွန်းမှာ လေကြောင်းကာကွယ်ရေး စွမ်းဆောင်ရည် တိုးမြှင့်မယ့် အစီအစဉ်ကို ၂၀၂၂ မှာ စတင် ကြေညာခဲ့ပါတယ်။ ကျွန်းပေါ်မှာ ဂျပန်ရဲ့ စစ်စခန်းတစ်ခု ရှိနှင့်ပြီးသား ဖြစ်ပါတယ်။

ဂျပန် ကာကွယ်ရေး ဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီက ကျွန်းပေါ်မှာ ဒုံးကျည်တွေ ဖြန့်ကျက်မှုကို ၂၀၃၀ ဘဏ္ဍာရေးနှစ်မှာ စတင်မှာဖြစ်ပြီး နောက်တစ်နှစ်၊ မတ်လ မတိုင်ခင် အပြီးသတ်မယ်လို့ ဖေဖော်ဝါရီ ၂၄ ရက်နေ့၊ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ထိုင်ဝမ်ကို အကြောင်းပြုပြီး ဂျပန်နဲ့ တရုတ်ကြား တင်းမာမှုတွေ လနဲ့ချီ မြင့်တက်နေချိန်မှာ ဂျပန်ဖက်က အခုကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဂျပန်မှာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ဝန်ကြီးချုပ် စနအဲ တကအိချိ အာဏာရလာချိန်မှာ တကယ်လို့ တရုတ်ကသာ ထိုင်ဝမ်ကို စစ်ရေးအရ ကျူးကျော် တိုက်ခိုက်ရင် ထိုင်ဝမ်ကို ကူဖို့ ဂျပန်တပ်တွေ စေလွှတ်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီစကားဟာ ရန်လိုတဲ့၊ စစ်လိုလားမှုကို ပြသတဲ့ အဓိပ္ပါယ်လို့ တရုတ်က စွပ်စွဲပြီး ဂျပန်ကို သံတမန်ရေး၊ ကုန်သွယ်ရေးအရ တင်းမာတဲ့ မူဝါဒတွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။ တရုတ်ဟာ ထိုင်ဝမ်ကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာရင် စစ်အင်အားသုံး တိုက်ခိုက်သိမ်းယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ထိုင်ဝမ်ကတော့ ကိုယ်ပိုင်သီးခြား ရပ်တည်မှုကိုသာ လိုလားနေပါတယ်။

ကိုအီဇူမီဟာ ယိုနာဂူနီကျွန်းကို နိုဝင်ဘာလတုန်းက သွားရောက်လည်ပတ်ပြီး ကျွန်းပေါ်က စစ်စခန်းကို စစ်ဆေးခဲ့ပါတယ်။ အဲဒီကျွန်းဟာ တိုကျိုမြို့ရဲ့ အနောက်တောင်ဖက် ၁၉၀၀ ကီလိုမီတာ အကွာမှာ တည်ရှိပြီး ထိုင်ဝမ်ကနေ ၁၁၀ ကီလိုမီတာလောက်ပဲ ဝေးပါတယ်။

ကာကွယ်ရေး ဝန်ကြီးက ဂျပန်စစ်တပ်ဟာ ဒုံးကျည်တွေ ဖြန့်ကျက်မယ့် အစီအစဉ်အတွက် ဒေသခံတွေနဲ့ ဆွေးနွေးမှုတွေကို လာမယ့် သီတင်းပတ်မှာ စတင်သွားမယ်လို့လည်း ပြောပါတယ်။

တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အခုလထဲမှာ ကျင်းပခဲ့တဲ့ မြူးနစ် လုံခြုံရေး ညီလာခံမှာ ဂျပန်ဟာ စစ်ဝါဒကို တကျော့ပြန် အသက်သွင်းနေပြီလို့ စွပ်စွဲသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန် လွှတ်တော် မိန့်ခွန်းမှာတော့ တကအိချိက တရုတ်ဟာ တောင်တရုတ် ပင်လယ်နဲ့ အရှေ့တရုတ် ပင်လယ်ထဲက အချုပ်အခြာ အာဏာပိုင်နက် သတ်မှတ်ချက်တွေကို အင်အားသုံး ပြောင်းလဲပစ်ဖို့ ကြံစည်နေပြီး ဂျပန်အနေနဲ့လည်း ကိုယ်ပိုင် ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်ဖို့ ပိုမိုလိုအပ်လာနေကြောင်း ပြောကြားသွားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန်အစိုးရရဲ့ ဖွဲ့စည်းပုံတွေကို ဝန်ကြီးချုပ် စနအဲ တကအိချိက အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဒီဇိုင်းတည်ဆောက်ပုံက ဒရုန်းနဲ့တူနေတဲ့ ဒရုန်းတစ်ပိုင်း၊ ဒုံးကျည်တစ်ပိုင်း ခရုစ်ဒုံးကျည် အမျိုးအစားသစ်တွေကို အီဂျစ်မှာ ကျင်းပတဲ့ လေကြောင်းနည်းပညာ ပြပွဲမှာ ရုရှားက ပွဲထုတ် ပြသလာခဲ့ပါတယ်။