Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိုလံဘီယာမှာ စစ်လေယာဉ် ပျက်ကျပြီး ၃၃ ဦးထက်မနည်း သေဆုံး

ကိုလံဘီယာ နိုင်ငံမှာ စစ်လေယာဉ်တစ်စီး ပျက်ကျခဲ့ပြီး လူဒါဇင်နဲ့ချီ သေဆုံးကြောင်း သိရပါတယ်။

ဓာတ်ပုံ - AP

ကိုလံဘီယာ နိုင်ငံမှာ စစ်လေယာဉ်တစ်စီး ပျက်ကျခဲ့ပြီး လူဒါဇင်နဲ့ချီ သေဆုံးကြောင်း သိရပါတယ်။

စစ်သားအများစု လိုက်ပါသွားတဲ့ စစ်တပ် သယ်ယူပို့ဆောင်ရေး လေယာဉ်ဟာ မတ်လ ၂၃ ရက်နေ့တုန်းက ပွာတို လီဂူဇာမိုမြို့ကနေ ပျံတက်ပြီး မကြာခင်မှာပဲ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ လူပေါင်း ၁၂၁ ဦးကို တင်ဆောင်သွားခဲ့တဲ့ လေယာဉ်ပေါ်မှာ အနည်းဆုံး ၃၃ ဦး သေဆုံးခဲ့တယ်လို့ ယူဆရကြောင်း ဒုတိယ မြို့တော်ဝန် ကားလို့စ်ကားလို့စ်က ပြောပါတယ်။

သေဆုံးသူတွေကို မြို့ငယ်လေးထဲက ဆေးရုံရဲ့ ရေခဲတိုက်ဆီ ပို့ဆောင်ထားကြောင်း လူမှုကွန်ရက်ပေါ်မှာ ကားလို့စ်က ပြောကြားထားပါတယ်။ ဒဏ်ရာ ရသူတွေကိုတော့ မြို့ကြီးတွေက ဆေးရုံတွေဆီ အရေးပေါ် ပို့ဆောင်ဖို့ စီစဉ်နေတယ်လို့ သူက ဆိုပါတယ်။ ဒေသခံ မီဒီယာတွေကတော့ အသေအပျောက် ကိန်းဂဏန်းဟာ ပိုမို မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

ပွာတို လီဂူဇာမိုဟာ အီကွေဒေါ၊ ပီရူးနိုင်ငံတွေနဲ့ နယ်နိမိတ် ထိစပ်နေပြီး အမေဇုန် သစ်တောဧရိယာထဲမှာ ပါဝင်တဲ့ ပူတူမာယိုပြည်နယ်ထဲက မြို့တစ်မြို့ပါ။ အရေးကြုံချိန်မှာ အမြန်ဆုံး ရှေ့ထွက်လာပြီး ဒုက္ခရောက်နေသူတွေကို အကူအညီ ပေးခဲ့တဲ့ မြို့ခံတွေကို ကျေးဇူးတင်ကြောင်း ကားလို့စ်က ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကာကွယ်ရေး ဝန်ကြီး ပက်ဒရို ဟွမ်းချက်ဇ်က လေယာဉ်ဟာ ပူတူမာယို ပြည်နယ်ထဲက တခြားမြို့တစ်ခုဆီ တပ်ဖွဲ့ဝင်တွေကို ပို့ဆောင်တဲ့ ခရီးစဉ်မှာ ပျက်ကျခဲ့တာလို့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

သတင်းဌာနတွေက ဖော်ပြထားတဲ့ ဓာတ်ပုံတွေမှာတော့ မီးခိုးတွေ အူထွက်နေတဲ့ နေရာဆီကို စစ်ထရပ်ကားတွေ အပူတပြင်း မောင်းနှင်သွားပုံတွေ၊ အမြီးပိုင်းလောက်သာ အကောင်းအတိုင်း ကျန်တော့တဲ့ လေယာဉ်ပျက် နေရာနားမှာ လူတွေ စုဝေးနေပုံတွေကို တွေ့ခဲ့ရပါတယ်။

လေတပ်ရဲ့ အဆိုအရ ပျက်ကျခဲ့တာဟာ Hercules C-130 အမျိုးအစား လေယာဉ်ဖြစ်ပြီး စစ်သား ၁၁၀ ဦးနဲ့ အမှုထမ်း ၁၁ ဦး လိုက်ပါသွားခဲ့ကြောင်း သိရပါတယ်။ လေတပ်ဟာ စုစုပေါင်း ၇၄ ကုတင် ဝင်ဆံ့တဲ့ လူနာတင် လေယာဉ်တွေကိုလည်း ပွာတို လီဂူဇာမိုမြို့ဆီ စေလွှတ်ခဲ့ပြီး ဒဏ်ရာရ စစ်သားတွေကို မြို့တော် ဘိုဂိုတာဆီ ပို့ဆောင်ဖို့ စီစဉ်ပေးခဲ့ကြောင်း သိရပါတယ်။

လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ အဲဒီ လေယာဉ်ကို ၂၀၂၀ ပြည့်နှစ်တုန်းက အမေရိကန်က ကိုလံဘီယာ စစ်တပ်အတွက် လက်လွှဲပေးထားပြီး ၂၀၂၃ ခုနှစ်မှာတော့ အင်ဂျင် အစိတ်အပိုင်း အစားထိုး လဲလှယ်မှုတွေ အပါအဝင် လိုအပ်တဲ့ အကြီးစား ပြင်ဆင် မွမ်းမံမှုတွေ လုပ်ဆောင်ထားကြောင်း သိရပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ရဲ့ စစ်လေယာဉ်တွေ အမေရိကန် တိုက်ခိုက်ဖျက်ဆီးတာ ခံရမှာစိုးလို့ ပါကစ္စတန်က လက်ခံပေးထားကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ CBS သတင်းဌာနက ပါကစ္စတန်ဟာ နိုင်ငံရဲ့ လေတပ်စခန်းတွေ၊ လေယာဉ်ကွင်းတွေမှာ အီရန် စစ်လေယာဉ်တွေ ပြောင်းရွှေ့ အခြေစိုက်မှုကို လက်ခံပေးထားတာ ဖြစ်တယ်လို့ ဖော်ပြခဲ့တာပါ။ ပါကစ္စတန်ဟာ အီရန်နဲ့...

နိုင်ငံတကာ

ဧပြီ-၈၊၂၀၂၆။People’s Spring ထိုင်းနိုင်ငံ​တောင်ပိုင်းက ခရာဘီလေဆိပ်မှာ အမေရိကန် စစ်လေယာဉ်တွေ အဆင်းအတက် ပြုလုပ်နေခဲ့တာနဲ့ ပတ်သက်ပြီး ဒေသခံတွေ စိုးရိမ်စရာ မလိုကြောင်း ထိုင်းလေတပ်က ရှင်းလင်း ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ခရာဘီ နိုင်ငံတကာ လေဆိပ်မှာ အမေရိကန်ရဲ့ C-130 စစ်ဘက် သယ်ယူပို့ဆောင်ရေး...

နိုင်ငံတကာ

ထိုင်ဝမ်နိုင်ငံ တဝိုက်မှာ တရုတ် စစ်လေယာဉ်တွေရဲ့ ပုံမှန် ပျံသန်းမှုတွေဟာ နှစ်ပတ်လောက်ကြာအောင် ထူးထူးခြားခြား ပျောက်ကွယ်နေခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကိုလံဘီယာ နိုင်ငံမှာ လေယာဉ်ပျက်ကျမှုကြောင့် လွှတ်တော်အမတ်တစ်ဦး အပါအဝင် လိုက်ပါသွားသူ ၁၅ ဦးစလုံး သေဆုံးသွားခဲ့ပါတယ်။