Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရန်သူမဟုတ်တဲ့ နိုင်ငံတွေရဲ့ သင်္ဘောတွေကို ဟောမုဇ် ရေလက်ကြား ဖြတ်ခွင့် ပေးနိုင်ကြောင်း အီရန်ပြော

အီရန်အပေါ် ရန်လိုမှု မရှိတဲ့ နိုင်ငံတွေရဲ့ သင်္ဘောတွေကို ဟောမုဇ် ရေလက်ကြားကနေ ဘေးကင်းကင်း ဖြတ်သန်းခွင့် ပေးမယ့် သဘောမျိုး အီရန်က ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အီရန်အပေါ် ရန်လိုမှု မရှိတဲ့ နိုင်ငံတွေရဲ့ သင်္ဘောတွေကို ဟောမုဇ် ရေလက်ကြားကနေ ဘေးကင်းကင်း ဖြတ်သန်းခွင့် ပေးမယ့် သဘောမျိုး အီရန်က ထုတ်ပြန်ခဲ့ပါတယ်။

မတ်လ ၂၄ ရက်နေတုန်းက အီရန်ရဲ့ ကုလသမဂ္ဂ မစ်ရှင်က ကြေညာချက် ထုတ်ပြန်ရာမှာ အီရန်အပေါ် ရန်လို တိုက်ခိုက်မှုတွေနဲ့ ဆက်စပ်မှု မရှိတာ၊ အဲဒီ တိုက်ခိုက်မှုတွေကို မထောက်ခံတာတွေကို ခိုင်ခိုင်မာမာ ပြသနိုင်တဲ့ ရေယာဉ်တွေဟာ အီရန်အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီးရင် ဟောမုဇ် ရေလက်ကြားကို နိုင်ငံတကာ လုံခြုံရေး စံနှုန်းတွေနဲ့အညီ ဖြတ်သန်းခွင့် ရလာနိုင်တယ်လို့ ဖော်ပြ ပါရှိခဲ့ပါတယ်။

အီရန်ဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့တုန်းက အမေရိကန်နဲ့ အစ္စရေးရဲ့ ပူးပေါင်း တိုက်ခိုက်မှုတွေကို ကြုံတွေ့ခဲ့တဲ့နောက် ဟောမုဇ် ရေလက်ကြားကို ပိတ်ချထားခဲ့ပါတယ်။ ဒါ့အပြင် ရေလက်ကြားကို ဖြတ်သန်းဖို့ ကြိုးစားတဲ့ အရပ်ဖက် ကုန်တင်သင်္ဘောတွေနဲ့ ရေနံတင် သင်္ဘောတွေလည်း အီရန်ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။ အဲဒီနောက် ကမ္ဘာပေါ်မှာ ရေနံတင်ပို့မှု စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းလောက် ဖြတ်သန်းနေရတဲ့ ဟောမုဇ် ရေလက်ကြားဟာ အန္တရာယ်ဇုန်တစ်ခု ဖြစ်လာခဲ့သလို နိုင်ငံတကာ ရေနံတင်ပို့မှု ကွန်ရက်မှာလည်း အကြီးအကျယ် ထိခိုက်မှုတွေ ဖြစ်ပေါ်လာပါတယ်။

ရန်သူနိုင်ငံတွေနဲ့ ဆက်စပ်မှု မရှိတဲ့ သင်္ဘောတွေဟာ အာဏာပိုင်တွေနဲ့ စနစ်တကျ ချိတ်ဆက် ညှိနှိုင်းပြီးရင် ရေလက်ကြားကို ဖြတ်သန်းခွင့် ရကြလိမ့်မယ်လို့ အီရန်က လူမှုကွန်ရက်ပေါ်မှာ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဟောမုဇ် ရေလက်ကြား အခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ရေလမ်းကြောင်း အဖွဲ့ချုပ် (IMO)ဆီ အစောပိုင်းမှာ အီရန်က အကြောင်းကြားစာတစ်စောင် ပေးပို့ခဲ့ရာမှာလည်း တူညီတဲ့ သဘောထား ကြေညာချက်မျိုးကို ဖော်ပြထားခဲ့ပါတယ်။

စစ်ပွဲကို ရပ်ဆိုင်းဖို့ နောက်ကွယ်မှာ အီရန်နဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ထုတ်ပြောခဲ့တဲ့နောက် အီရန်က ဟောမုဇ်ကို အကန့်အသတ်နဲ့ ပြန်ဖွင့်ပေးမယ့် သဘောထားမျိုး မှတ်ချက်ပေးလာတာ ဖြစ်ပါတယ်။

မတ်လ ၂၃ ရက်နေ့ကတော့ သင်္ဘော ၅ စီးဟာ ဟောမုဇ်ကို ဖြတ်သန်းသွားခဲ့ကြောင်း ရေကြောင်းခရီး လမ်းကြောင်းပြ ဝက်ဘ်ဆိုက်တွေက ဖော်ပြခဲ့ပါတယ်။ ပုံမှန်ဆိုရင်တော့ ဟောမုဇ်မှာ တစ်နေ့ကို ပျမ်းမျှ သင်္ဘော အစီး ၁၂၀ လောက် ကူးလူး ခုတ်မောင်းလေ့ရှိကြောင်း သိရပါတယ်။

ကိုးကား: Al Jazeera

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ဘနွန်မှာ အစ္စရေးက တိုက်ခိုက်မှုတွေ မရပ်တဲ့အတွက် ဟောမုဇ် ရေလက်ကြားကို ပြန်ပိတ်လိုက်ကြောင်း အီရန်စစ်တပ်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။