Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိမ်ဖြူတော်မှာ ballroom ချဲ့ထွင် ဆောက်လုပ်နေတဲ့ ထရမ့်ရဲ့ အစီအစဉ်ကို တရားရုံး တားမြစ်

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စိတ်ကူးအတိုင်း အိမ်ဖြူတော်ရဲ့ ဧည့်ခံ တည်ခင်းဆောင်ကို ချဲ့ထွင်နေတာကို ဆိုင်းငံ့ထားဖို့ အမေရိကန် တရားသူကြီး တစ်ဦးက ညွှန်ကြားလိုက်ပါတယ်။

ဓာတ်ပုံ - AP

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စိတ်ကူးအတိုင်း အိမ်ဖြူတော်ရဲ့ ဧည့်ခံ တည်ခင်းဆောင်ကို ချဲ့ထွင်နေတာကို ဆိုင်းငံ့ထားဖို့ အမေရိကန် တရားသူကြီး တစ်ဦးက ညွှန်ကြားလိုက်ပါတယ်။

ဓာတ်ပုံ – AP

အိမ်ဖြူတော်ရဲ့ အရှေ့ခြမ်းဆောင် တစ်ခုလုံးဟာ ထရမ့်ရဲ့ ballroom ခန်းမဆောင်သစ်ကြီး တည်ဆောက်မယ့် အစီအစဉ်အတွက် ဖြိုချ ခံထားရပြီး ဖြစ်ပါတယ်။ မတ်လ ၃၁ ရက်နေ့မှာတော့ အမေရိကန် တရားသူကြီး ရစ်ချတ် လီယွန်က ထရမ့် စီစဉ်နေတဲ့ အဲဒီကိစ္စကို တားမြစ်တဲ့ အမိန့်ကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

လီယွန်က ထရမ့်ဟာ အိမ်ဖြူတော်ကို တာဝန်ယူ စောင့်ရှောက်သူသာဖြစ်ပြီး ပိုင်ရှင် မဟုတ်ဘူးလို့ ပြောပါတယ်။ ဒီတော့ အိမ်ဖြူတော်ကို အကြီးစား ပြင်ဆင်မွမ်းမံတဲ့ ကိစ္စမျိုးမှာ အမေရိကန် လွှတ်တော်ရဲ့ ထောက်ခံချက်ကို မဖြစ်မနေ တောင်းခံရမယ်လို့ တရားသူကြီးက ဆိုပါတယ်။

သမိုင်းဝင် အဆောက်အအုံတွေကို ကာကွယ်ရေးအတွက် ရည်ရွယ် ဖွဲ့စည်းထားတဲ့ National Trust for Historic Preservation အဖွဲ့က ထရမ့်ရဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး တားဆီးပေးဖို့ လျှောက်ထားခဲ့တဲ့နောက် ကိုလံဘီယာခရိုင် အကြီးတန်း တရားသူကြီး လီယွန်က အခုလို ဆုံးဖြတ်ပေးခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အိမ်ခြံမြေ လုပ်ငန်းရှင် ဘီလီယံနာ သူဌေးကြီး တစ်ဦးဖြစ်တဲ့ ထရမ့်က အိမ်ဖြူတော်မှာ ခမ်းနားတဲ့ ballroom တည်ဆောက်ရေးကို အထူး အာသီသ ပြင်းပြနေခဲ့တာ ဖြစ်ပါတယ်။

တရားသူကြီး လီယွန်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းတဲ့အခါ ထရမ့်က အဲဒီတရားသူကြီးရဲ့ လုပ်ရပ်က အင်မတန် လွဲနေတယ်လို့ ဝေဖန်သွားပါတယ်။ ဒီပရောဂျက်အတွက် ဝိုင်းဝန်း အကုန်အကျ ခံသူတွေဟာ သူ့ကို လေးစားခင်မင်တဲ့ အလှူရှင်တွေဖြစ်ပြီး အခွန်ထမ်း ပြည်သူတွေ မဟုတ်ကြောင်း၊ ဒါကြောင့်လည်း ပြည်သူက ရွေးကောက် တင်မြှောက်ထားတဲ့ လွှတ်တော်အမတ်တွေဆီက ခွင့်ပြုချက် သီးခြားတောင်းနေစရာလည်း မလိုကြောင်း ထရမ့်က ဆိုပါတယ်။

ထရမ့်ဟာ ဒီကိစ္စကို အထူးအလေးအနက်ထားကြောင်း မြင်သာစေတဲ့ အခြေအနေ တစ်ခုအဖြစ် တရားရုံး ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီး နာရီပိုင်း အတွင်းမှာတင် အယူခံ ဝင်ထားကြောင်း သိရပါတယ်။

အိမ်ဖြူတော်မှာ ballroom ချဲ့ထွင် တည်ဆောက်ရေးအတွက် ဒေါ်လာ သန်း ၄၀၀ လောက် ကုန်ကျမှာဖြစ်ပြီး ပုဂ္ဂလိက အလှူရှင်တွေရဲ့ ငွေကြေးနဲ့ပဲ အဲဒီ ပရောဂျက်ကို အကောင်အထည် ဖော်မှာ ဖြစ်ပါတယ်။ ထရမ့်က ballroom အသစ်ဟာ ကမ္ဘာပေါ်မှာ တွေ့ဖူးမြင်ဖူးသမျှ အလားတူ အဆောက်အအုံတွေ အားလုံးထဲမှာ အကောင်းဆုံး ဖြစ်လာလိမ့်မယ်လို့လည်း ကြွေးကြော်ထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

ဉာဏ်ရည်တု နည်းပညာ (AI)နဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ကြီးလာအောင် အင်မတန် အဆိုးမြင်တဲ့ အစုအဖွဲ့တွေက ပုံကြီးချဲ့ သတင်းလွှင့်နေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လွန်ခဲ့တဲ့ ၂၅ နှစ်က ကြုံတွေ့ခဲ့တဲ့ 9/11 အကြမ်းဖက် တိုက်ခိုက်မှုကြီးရဲ့ နှစ်ပတ်လည် အောက်မေ့မှု အခမ်းအနားမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အဲဒီ ဆိုးရွားလှတဲ့ ကိစ္စကြီးကို အမေရိကန်က ဘယ်တော့မှ မေ့သွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

သတင်း

ကြားကာလ ရွေးကောက်ပွဲမှာ အာဏာရ ရီပတ်ဘလစ်ကန်ပါတီ ဆက်လက် အနိုင်ရပြီး လွှတ်တော် နှစ်ရပ်စလုံးကို ထိန်းချုပ်ထားနိုင်မယ်ဆိုရင် အမေရိကန် နိုင်ငံသားတွေကို ဒေါ်လာ ၅၀၀၀ စီ ပေးမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။