Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လေထုညစ်ညမ်းမှုနဲ့ တောမီးကြောင့် ချင်းမိုင်အပါအဝင် ထိုင်းမြောက်ပိုင်း ပြည်နယ် ၃ ခုကို အရေးပေါ်ဇုန်အဖြစ်ကြေညာ

ချင်းမိုင် အပါအဝင် ထိုင်းမြောက်ပိုင်း ပြည်နယ် ၃ ခုကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ် ဇုန်တွေအဖြစ် သတ်မှတ် ကြေညာလိုက်ပါတယ်။

ချင်းမိုင်ပြည်နယ်မှာ​တောမီးငြိမ်းသတ်​နေသူ​တွေ နဲ့ ချင်းမိုင်မြို့မှာ​လေထုညစ်ညမ်း​နေတာကို​တွေ့ရစဥ်။ဓါတ်ပုံ-Chiang Mai News

■ချင်းမိုင်မှာ မြန်မာနိုင်ငံသားအနည်းဆုံး ၆၀၀၀ ​ကျော်ရှိ

ဧပြီ-၄၊၂၀၂၆။People’s Spring

ချင်းမိုင် အပါအဝင် ထိုင်းမြောက်ပိုင်း ပြည်နယ် ၃ ခုကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ် ဇုန်တွေအဖြစ် သတ်မှတ် ကြေညာလိုက်ပါတယ်။

အဲဒီဒေသတွေမှာ တောမီးလောင်ကျွမ်းမှုတွေကို ကြိုးစား ငြှိမ်းသတ်နေရသလို အဆိပ်အတောက် ဓာတ်ငွေ့တွေ အရမ်းများပြားပြီး လေထုညစ်

Public Service Announcement

Public Service Announcement

ညမ်းမှုကလည်း ဆိုးရွားနေတာကြောင့် အခုလို အရေးပေါ် အခြေအနေတွေ အသီးသီး ကြေညာခဲ့တာလို့ သိရပါတယ်။

ချင်းမိုင်၊ လမ်ဖမ်း နဲ့ ဖရားအို ပြည်နယ်တွေမှာ နေ့စဉ် လေထုညစ်ညမ်းမှု အခြေအနေ ဆက်တိုက် ဆိုးရွားနေခဲ့ပါတယ်။ အခုလို အရေးပေါ် အခြေ

အနေ ကြေညာလိုက်ခြင်းအားဖြင့် ပြည်နယ် အစိုး

ရ အသီးသီးဟာ အရေးပေါ် ရန်ပုံငွေ ခွဲတမ်းတွေကို ထုတ်နုတ်သုံးစွဲခွင့် ရှိလာတော့မှာ ဖြစ်ပါတယ်။

ပြည်ထဲရေး ဝန်ကြီး အွန်ဆစ် ဆမ်ပွန်သာရတ်က ပြည်နယ်သုံးခုကို အရေးပေါ်ဇုန်တွေအဖြစ် ကြေ

ညာကြောင်း သတင်းကို ဧပြီ ၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ချင်းမိုင်ဟာ ဧပြီ ၄ ရက်နေ့မှာ ကမ္ဘာ့လေထုညစ်ညမ်းမှု အခြေအနေ အဆိုးဆုံး မြို့အဖြစ် ၅ ရက်ဆက်တိုက် မှတ်တမ်းဝင်ထားခဲ့တယ်လို့ ဆွစ်ဇာလန် အခြေစိုက် လေထု ညစ်ညမ်းမှု စောင့်ကြည့်ရေးအဖွဲ့ iQAir ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

အွန်ဆစ်က ပြည်နယ်သုံးခုမှာအရေးပေါ် အခြေ

အနေတွေ သတ်မှတ် ကြေညာခဲ့တာနဲ့ ပတ်သက်ဖို့ ဒေသခံတွေ အလွန်အကျွံ စိုးရိမ်ဖို့ မလိုကြောင်းလည်း ပြောကြားခဲ့ပါတယ်။

အဲဒီလို ကြေညာခဲ့ခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာကူညီထောက်ပံ့ရေးရန်ပုံငွေတွေပိုပြီးထိထိရောက်ရောက်ဖြန့်ဖြူးနိုင်စေဖို့နဲ့ လက်ရှိ ကြုံနေတဲ့ စိန်ခေါ်မှုတွေကိုထိထိရောက်ရောက်တုံ့ပြန်နိုင်အောင်သာဖြစ်တယ်လို့ ဝန်ကြီးကရှင်းပြသွားခဲ့ပါတယ်။

ချင်းမိုင်မြို့မှာ မြန်မာ​တွေ​နေထိုင်တာလည်းများပါတယ်။စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းချင်းမိုင်ကို​ပြောင်း​​ရွေ့အ​ခြေချလာတဲ့မြန်မာ​တွေများလာပြီး ၂၀၂၅ နှစ်လယ်ပိုင်းအထိတရာဝင်စာရွက်

စာတမ်းနဲ့ ​နေထိုင်သူ ၆၀၀၀ ​ကျော်ရှိတယ်လို့

Surin Pitsuwan ​ဖောင်​ဒေးရှင်းရဲ့ စစ်တမ်း​အရသိရပါတယ်။

ကိုးကား- Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံက ချင်းမိုင်ပြည်နယ်ထဲမှာ ခုခံအား ကျဆင်းမှုရောဂါ (AIDS) ဖြစ်ပွားစေတဲ့ HIVပိုး ကူးစက်မှုတွေ ဆက်လက် မြင့်တက်နေဆဲလို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

ဖမ်းဝရမ်း​ထုတ်ခံထားသူ​တွေထဲမှာတရုတ်၊ အိန္ဒိယ၊ ဗြိတိန်၊ ထိုင်း နဲ့ မြန်မာနိုင်ငံသားတွေပါဝင်

သတင်း

ကမ္ဘာလှည့် ခရီးသွားတွေအဖြစ် ဟန်ဆောင်ထားတဲ့ ထိုင်းရဲတွေဟာ တရားဝင် ခွင့်ပြုချက် မရှိဘဲ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်နေတဲ့ မြန်မာတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

သတင်း

ချင်းမိုင်မှာ ခွင့်ပြု လုပ်ငန်းလိုင်စင် မရှိဘဲ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်နေတယ်ဆိုပြီးမြန်မာ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။