Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဝက်သက် ကူးစက်မှုတွေအတွက် အရင်အစိုးရ နှစ်ရပ်ကို ဘင်္ဂလားဒေ့ရှ် အစိုးရ အပြစ်တင်

ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ ဝက်သက်ရောဂါ ကူးစက်မှုတွေအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရက အရင် အစိုးရ နှစ်ဆက်ကို အပြစ်တင်သွားခဲ့ပါတယ်။

ဓာတ်ပုံ - Getty

ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ ဝက်သက်ရောဂါ ကူးစက်မှုတွေအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရက အရင် အစိုးရ နှစ်ဆက်ကို အပြစ်တင်သွားခဲ့ပါတယ်။

ဓာတ်ပုံ – Getty

ကျန်းမာရေး ဝန်ကြီး ဆာဒါမာ့ဒ် ဆက်ခါဝတ် ဟူစိန်က အခုလို ကူးစက်ရောဂါအဆင့် တွင်ကျယ်ပျံ့နှံ့လာတဲ့ ပြဿနာဟာ အရင် အစိုးရတွေရဲ့ ဆိုးရွားလှတဲ့ စီမံခန့်ခွဲမှု အလွဲတွေကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဟူစိန် အပြစ်တင်ခဲ့တာဟာ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာ ဦးဆောင်တဲ့ အစိုးရနဲ့ ဒေါက်တာ မူဟာမက် ယူနွတ်စ် ဦးဆောင်ခဲ့တဲ့ ယာယီအစိုးရတို့ကို ဖြစ်ပါတယ်။

ဝက်သက်ရောဂါ ကူးစက်မှုတွေကို ဘယ်လိုစီမံကိုင်တွယ်မလဲ ဆိုတာနဲ့ ပတ်သက်လို့ လွှတ်တော်က မေးခွန်းထုတ်မှုတွေမှာ ဟူစိန်က အခုလို တုံ့ပြန်ခဲ့ပါတယ်။ အစိုးရနှစ်ဆက်ရဲ့ ညံ့ဖျင်းလှတဲ့ ဆုံးဖြတ်ချက်တွေဟာ ပြည်တွင်းမှာ ကာကွယ်ဆေး သိုလှောင်မှုကို လျော့ပါးသွားစေခဲ့ပြီး ဝက်သက်နဲ့ နောက်ထပ် ရောဂါ ၆ မျိုး ကူးစက်မှုတွေကို ခေါင်းထောင်လာစေခဲ့ကြောင်း သူက ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလနောက်ပိုင်း ပြည်တွင်းမှာ ဝက်သက်ရောဂါ တားဆီးတိုက်ဖျက်ရေး လှုပ်ရှားမှုတွေ အကြီးအကျယ် အကောင်အထည် ဖော်ခဲ့ဖူးပေမယ့် အဲဒီနောက်ပိုင်း အလားတူ လှုပ်ရှားမှုမျိုး လုံးဝ မတွေ့ရတော့ဘူးလို့လည်း ဟူစိန်က ဝေဖန်ခဲ့ပါတယ်။

ဟူစိန်ဟာ မတ်လကုန်တုန်းကလည်း ဂျာနယ်လစ်တွေရဲ့ မေးခွန်းတစ်ခုကို ဖြေကြားခဲ့ရာမှာ လွန်ခဲ့တဲ့ ၈ နှစ်တာအတွင်း အာရှတိုက်တောင်ပိုင်း ဒေသတွင်း နိုင်ငံမှာ ဝက်သက်ကာကွယ်ဆေး ထိုးတာတွေ မရှိခဲ့ဘူးလို့လည်း ပြောခဲ့ဖူးပါတယ်။

အသက် ၉ လကနေ ၁၅ လအရွယ် ကလေးတွေဟာ ဝက်သက် ကာကွယ်ဆေး နှစ်ကြိမ်ထိုးဖို့ လိုအပ်ပြီး ပုံမှန်အားဖြင့် ဘင်္ဂလားဒေ့ရှ်မှာ အထူးကာကွယ်ဆေးထိုး လှုပ်ရှားမှုတွေကို ၄ နှစ်တစ်ကြိမ် အကောင်အထည်ဖော်ဖို့ ရည်ရွယ်ထားပါတယ်။

၂၀၂၄ ခုနှစ်မှာတော့ အဲဒီလို ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်မျိုး လုပ်ဆောင်ရမှာ ဖြစ်ပေမယ့် နိုင်ငံရေး အပြောင်းအလဲတွေကြောင့် လက်တွေ့ အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။

လောလောဆယ်တော့ ဘင်္ဂလားဒေ့ရှ်မှာ ဝက်သက်ရောဂါ အတည်ပြုနိုင်သူနဲ့ သံသယရှိသူ လူနာပေါင်း ၈၅၀၀ ကို တွေ့ရှိထားပြီး ကလေး ၉၀ ကနေ ၁၂၀ ကြားလောက်ထိ သေဆုံးခဲ့ပြီးဖြစ်ကြောင်း ယူဆရပါတယ်။ အစိုးရကတော့ အစိုးရ ဆေးရုံတွေမှာ ဝက်သက်လူနာဆောင်တွေ ထားရှိပြီး ကူးစက်မှုတွေ ပြင်းထန်နေတဲ့ ရက်ဂျ်ရှာဟီ ဒေသမှာ နောက်ထပ် သီးသန့်လူနာဆောင် ၂၅၀ ကို ယာယီ ချဲ့ထွင်ထားတယ်လို့ ဟူစိန်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အတွက် လိုအပ်တဲ့ ကာကွယ်ဆေးတွေကို အပူတပြင်း ထုတ်လုပ်နေပြီး ကမ္ဘာ့ဘဏ်ကလည်း အဲဒီအတွက် လိုအပ်တဲ့ ချေးငွေ ထုတ်ပေးမယ်လို့ ကတိပြုထားကြောင်း သူက ဆိုပါတယ်။

လက်ရှိမှာတော့ ဘင်္ဂလားဒေ့ရှ် အစိုးရဟာ ယူနွတ်စ်နဲ့ အရင် ယာယီအစိုးရ အဖွဲ့ဝင် အရာရှိ တချို့ကို အသွားအလာ ကန့်သတ်ပြီး ခြေချုပ်သဘော သတ်မှတ်ထားပါတယ်။ ယူနွတ်စ် ဦးဆောင်တဲ့ အစိုးရက ဝက်သက် ကာကွယ်ဆေး ထိုးနှံမှုတွေကို အစိုးရ ကွပ်ကဲနေတဲ့ လုပ်ထုံးလုပ်နည်းကနေ ပုဂ္ဂလိက လုပ်ပိုင်ခွင့်ဆီ လွှဲပေးလိုက်တဲ့ မူဝါဒ အလွဲကြောင့် ရောဂါ ကူးစက်မှုတွေ ပိုဆိုးလာတာဖြစ်ပြီး အဲဒီအတွက် ထိရောက်တဲ့ စစ်ဆေးမှုတွေ လိုအပ်ကြောင်း အစိုးရက ပြောကြားထားပါတယ်။

ကိုးကား: Daily Star

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အခုနှစ်အတွင်း ဝက်သက်ရောဂါကြောင့် သေဆုံးတဲ့ ကလေးဦးရေ ၁၀၀၀ ကျော်လွန်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

လက်တွေ့ ပစ်ခတ်မှု စစ်ရေးလေ့ကျင့်နေရင်း တင့်ကားတစ်စီး ပေါက်ကွဲသွားတဲ့ ဖြစ်စဉ်အတွက် ဘင်္ဂလားဒေ့ရှ် စစ်တပ်က စုံစမ်းစစ်ဆေးမှုတွေ စတင်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လေတပ်ကို အဆင့်မြှင့်မယ့် စီမံကိန်းအတွက် တရုတ်လုပ် တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထွက်ပြေးတိမ်းရှောင်နေသူ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာကို လက်လွှဲမပေးမချင်း အိန္ဒိယနိုင်ငံဆီ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က သွားရောက်မှာ မဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောကြားခဲ့ပါတယ်။