Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်း​တောင်ပိုင်းက ခရာဘီလေဆိပ်မှာ အမေရိကန် စစ်လေယာဉ်တွေ အတက်အဆင်း လုပ်နေတဲ့အ​ပေါ်ဒေသခံ​တွေ မစိုးရိမ်ဖို့ထိုင်းလေတပ်​ပြော

ဧပြီ-၈၊၂၀၂၆။People’s Spring

ထိုင်းနိုင်ငံ​တောင်ပိုင်းက ခရာဘီလေဆိပ်မှာ အမေရိကန် စစ်လေယာဉ်တွေ အဆင်းအတက် ပြုလုပ်နေခဲ့တာနဲ့ ပတ်သက်ပြီး ဒေသခံတွေ စိုးရိမ်စရာ မလိုကြောင်း ထိုင်းလေတပ်က ရှင်းလင်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ခရာဘီ နိုင်ငံတကာ လေဆိပ်မှာ အမေရိကန်ရဲ့ C-130 စစ်ဘက် သယ်ယူပို့ဆောင်ရေး လေယာဉ်တွေ၊ MV-22 Osprey လေယာဉ်တွေ နဲ့ H-60 Seahawk အမျိုးအစား ရဟတ်ယာဉ်တွေ မကြာခဏ အတက်အဆင်း လုပ်နေတာကြောင့် ဒေသခံတွေကြားမှာ သို့လောသို့လော အတွေးတွေ ဝင်ခဲ့ပါတယ်။

မြင်နေတွေ့နေကျ အခြေအနေ မဟုတ်ဘဲ စစ်ဘက် သယ်ယူပို့ဆောင်ရေး လေယာဉ်တွေ အတက်အဆင်း အရမ်းများပြားလာတာကထိုင်းနိုင်ငံရဲ့ အန်ဒမန်ပင်လယ်ကမ်းခြေမှာအမေရိကန် စစ်စခန်းတစ်ခု အခြေစိုက် တည်ဆောက်ဖို့ ဖြစ်နိုင်ကြောင်း ခန့်မှန်းချက်တွေလည်း ထွက်ပေါ်လာပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ထိုင်းတော်ဝင်လေတပ်ရဲ့ပြောရေးဆိုခွင့်ရ အရာရှိ ချက်ကရစ်သမ်မာဗင်ချိုင်ကတော့ ဒီလို လေယာဉ်တွေအတက်အဆင်းအများအပြား လုပ်နေတာဟာ ထိုင်းမှာရှိတဲ့ အမေရိကန် တပ်တွေကို အလဲအလှယ် လုပ်နေတဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ်ကိစ္စ တစ်ခုသာဖြစ်ပြီး ပြည်သူတွေ ဘာမှ စိုးရိမ်စရာ မလိုဘူးလို့ ဧပြီ ၈ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

တချို့တွေ ပြောဆိုနေသလိုမျိုး အမေရိကန် လေယာဉ်တွေ အများအပြား အတက်အဆင်း လုပ်နေခြင်းနဲ့ အရှေ့အလယ်ပိုင်း ဒေသတွင်းက စစ်ရေးပဋိပက္ခ ဆက်စပ်နိုင်တယ်ဆိုတာလည်း လုံးဝ မမှန်ဘူးလို့ သူကရှင်းပြပါတယ်။

ထိုင်းနဲ့အမေရိကန်ကြားရေရှည်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတွေရဲ့ အစိတ်အပိုင်းအဖြစ် ပုံမှန် ပျံသန်းနေမှုတွေသာ ဖြစ်တယ်လို့လည်း ချက်ကရစ်က ရှင်းလင်းခဲ့ပါတယ်။

နောက်ပြီးနိုင်ငံတကာလေဆိပ်မှာအမေရိကန် စစ်လေယာဉ်တွေ အတက်အဆင်း လုပ်ရာမှာလည်း စည်းမျဉ်းစည်းကမ်းတွေနဲ့အညီတိတိကျကျ လိုက်နာမှု ရှိကြောင်း၊ အမေရိကန် လေယာဉ်တွေဟာ သံတမန်ရေး ကင်းလွတ်ခွင့်တွေကို ရယူပြီး ကျန်တဲ့ လုပ်ထုံးလုပ်နည်းတွေ အတွက်လည်း သက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေဆီ ဆက်သွယ် ခွင့်ပြုချက် ယူခဲ့ကြောင်း သူကဆက်​ပြောပါတယ်။

အမေရိကန် စစ်လေယာဉ်တွေရဲ့ ပျံသန်းမှုတွေဟာ ဒေသခံတွေရဲ့ လုံခြုံရေးနဲ့ ပုံမှန်ဝန်ဆောင်မှု အခြေအနေတွေကိုထိခိုက်သက်ရောက်မှုမရှိတာ သေချာအောင် ထိုင်းလေတပ်ဟာ ခရာဘီ ဒေသ အုပ်ချုပ်ရေးဌာန တာဝန်ရှိသူတွေကို ဆက်သွယ်ပြီး သေသေချာချာ စီမံပေးထားကြောင်းလည်း ချက်ကရစ်က ပြောကြားသွားပါတယ်။

ကိုးကား: Thai PBS

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားမှာ ဖြတ်သန်း ခုတ်မောင်းနေတဲ့ ရေယာဉ်တစ်စီးကို အီရန်က ရန်ပြုတိုက်ခိုက်တိုင်း အီရန်ရဲ့ တံတားတစ်စင်း၊ ဒါမှမဟုတ် ဓာတ်အားပေး စက်ရုံတစ်ခုလည်း ဖျက်ဆီးခံရစေမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။

နိုင်ငံတကာ

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အစည်းအဝေး တက်ရောက်ရင်း တရုတ်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နဲ့ ဆော်ဒီအာရေးဘီးယား အစိုးရတွေဟာ နျူကလီးယား စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။