Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကျားဖြန့် အပါအဝင်နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတိုက်ဖျက်ရေး FBI နဲ့ ထိုင်း ပိုမိုပူး​ပေါင်း​ဆောင်ရွက်ဖို့ သ​ဘောတူ

အမေရိကန်ဖက်ဒရယ်ထောက်လှမ်းရေး ဗျူရို (FBI) နဲ့ ထိုင်းအစိုးရတို့က ကျားဖြန့် အပါအဝင်နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတိုက်ဖျက်ရေးမှာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့ သဘောတူညီမှုရရှိခဲ့​ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားပါတယ်။

ဓါတ်ပုံ-The Nation

ဇူလိုင်-၂၁၊၂၀၂၆။People’s Spring

အမေရိကန်ဖက်ဒရယ်ထောက်လှမ်းရေး ဗျူရို (FBI) နဲ့ ထိုင်းအစိုးရတို့က ကျားဖြန့် အပါအဝင်နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတိုက်ဖျက်ရေးမှာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့ သဘောတူညီမှုရရှိခဲ့​ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားပါတယ်။

ဇူလိုင် ၂၁ ရက်နေ့က FBIရဲ့ ညွှန်ကြားရေးမှူးဖြစ်သူကက်ရှ်ပက်တဲလ်နဲ့ ထိုင်းဝန်ကြီးချုပ်အနူတင်တို့​တွေ့ဆုံဆွေးနွေးခဲ့ပြီး​နောက် ပြောကြားခဲ့တာပါ။ဒါ့အပြင် နယ်စပ်ဖြတ်ကျော်အွန်လိုင်း ငွေကြေးလိမ်လည်မှုလုပ်ငန်း (ကျားဖြန့်)တွေ တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ ထိုင်းအစိုးရရဲ့ ပါဝင် အားထုတ်မှုတွေအပေါ် အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရို (FBI)က ချီးကျူးခဲ့ပါတယ်။

FBIရဲ့ ညွှန်ကြားရေးမှူဟာ ထိုင်းနိုင်ငံကို အလည်အပတ် ခရီးစဉ် ရောက်ရှိနေချိန် အတောအတွင်း အစိုးရအိမ်တော်မှာ အနူတင်နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ကျားဖြန့်ဂိုဏ်းတွေ၊ မူးယစ်မှောင်ခိုဂိုဏ်းတွေ၊ လူမှောင်ခိုဂိုဏ်းတွေနဲ့ တခြား နယ်စပ်ဖြတ်ကျော် ဒုစရိုက်လုပ်ငန်းတွေတိုက်ဖျက်ရေးမှာ ထိုင်း-အမေရိကန်ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်နိုင်ခြေ ဖြစ်နိုင်ခြေတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အနူတင်က နယ်စပ်ဖြတ်ကျော်ဒုစရိုက်မှုတွေ နှိမ်နင်းရေးကိုထိုင်းကအမျိုးသားရေး ဦးစားပေး တာဝန်တစ်ခုအဖြစ် ခံယူပြီး အားထုတ် လုပ်ဆောင်နေတယ်လို့ FBI အကြီးအကဲဆီ အသိပေးခဲ့ပါတယ်။နောက်ပြီးရာဇဝတ် ကွန်ရက်တွေနဲ့ ဆက်စပ်တဲ့ ပိုင်ဆိုင်မှုတွေ၊ ငွေကြေး လွှဲပြောင်းမှုတွေကို ခြေရာခံပြီး ဘတ်ငွေ ဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ ပမာဏမျိုးတွေကို ထိန်းချုပ်ထားကြောင်းလည်း သူက ဆိုပါတယ်။

ပက်တဲလ်ကလည်း ထိုင်းရဲ့ လတ်တလော အကောင်အထည် ဖော်နေတဲ့ ကျားဖြန့် နှိမ်နင်းရေး ဆောင်ရွက်ချက်တွေကို ချီးကျူးခဲ့ပြီး FBIဟာ ထိုင်းတော်ဝင် ရဲတပ်ဖွဲ့နဲ့ ပိုပြီး နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ဖို့ သံန္နိဋ္ဌာန် ချထားကြောင်း အနူတင်ကို အသိပေးခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ်နဲ့ FBI အကြီးအကဲတို့ တွေ့ဆုံတဲ့အခါ တရားဥပဒေ စိုးမိုးရေး၊ ဒုစရိုက် ကွန်ရက်တွေ တိုက်ဖျက်ရေးဆိုတဲ့ အပိုင်းနှစ်ခုမှာ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ သဘောတူညီမှု ရရှိခဲ့ကြပါတယ်။

ပက်တဲလ်ကကျားဖြန့်တိုက်ဖျက်ရေးအစည်းအဝေး တစ်ခုကို ဘန်ကောက်မှာ ဇူလိုင် ၂၀ နဲ့ ၂၁ ရက်နေ့တွေတုန်းက လက်ခံ ကျင်းပပေးတဲ့အတွက် အနူတင်ကို ကျေးဇူးတင်စကား ပြောခဲ့သလို ထိုင်းဟာ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု တိုက်ဖျက်ရေးအတွက် FBIရဲ့ ဒေသတွင်း အဓိက လက်တွဲဖော် နိုင်ငံအဖြစ် ယူဆကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင်နယ်စပ်ဖြတ်ကျော်ဒုစရိုက်ကွန်ရက်တွေကို တိုက်ဖျက်ရာမှာအဓိကကျတဲ့ သံသယ တရားခံတွေ ဖမ်းဆီးနိုင်ရေးအတွက် ပိုမို ပူးပေါင်း ဆောင်ရွက်ကြဖို့ ကတိထားရှိခဲ့ကြပါတယ်။ ဒါ့အပြင် ထိုင်းအစိုးရနဲ့ FBIတို့ဟာ ထောက်လှမ်းရေး သတင်းအချက်အလက်တွေ အပြန်အလှန် ဝေမျှဖို့ကိုလည်း သဘောတူခဲ့ပါတယ်။

အဲဒီဒုစရိုက်ကွန်ရက်တွေဟာပိုမိုကျယ်ပြန့် ပျံ့နှံ့လာပြီး တစ်ကမ္ဘာလုံးက ပြည်သူတွေအပေါ် ပိုမို ခြိမ်းခြောက်လာနေတဲ့နောက် ထိရောက်တဲ့ တုံ့ပြန်မှုတွေ အကောင်အထည် ဖော်နိုင်ဖို့ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုတွေက အရမ်းအရေးကြီးလာကြောင်း အနူတင်နဲ့ ပက်တဲလ်တို့က တစ်သဘောတည်း လက်ခံခဲ့ကြောင်းလည်း သိရပါတယ်။

ကိုးကား-Thai PBS

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေကြောင့် အာရှ-ပစိဖိတ် ဒေသမှာ ပြီးခဲ့တဲ့နှစ်က ဆုံးရှုံးမှုတန်ဖိုး အနည်းဆုံး ဒေါ်လာ ၈၈ ဘီလီယံ ရှိခဲ့ကြောင်း ကုလသမဂ္ဂ (UN)က ခန့်မှန်းခဲ့ပါတယ်။

နိုင်ငံတကာ

ကနေဒါဆီကနေ တင်သွင်းတဲ့ ကုန်စည်အမျိုးအစား အများအပြားအပေါ် တန်ဖိုးရဲ့ ၅၀ ရာခိုင်နှုန်းထိ အခွန်တိုးမြှင့် စည်းကြပ်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညွှန်ကြားလိုက်ပါတယ်။

နိုင်ငံတကာ

နှုတ်ခမ်းမွေးဆိုတဲ့ နာမည်ပြောင်နဲ့ လူသိများတဲ့ အစွန်းရောက် အမျိုးသားရေးဝါဒီ Te Achaewက ထိုင်းအစိုးရ အနေနဲ့ နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားတွေကြောင့် ဝန်ထုပ်ဝန်ပိုး ဖြစ်စေမယ့် အခြေအနေ နှစ်ရပ်ကို ပြန်လည် စဉ်းစားသင့်ကြောင်း တိုက်တွန်း ပြောကြားခဲ့ပါတယ်။

Facebook