Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရေယာဉ်နစ်မြုပ်မှုကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေနဲ့ ရိုဟင်ဂျာတွေ စုစုပေါင်း ၂၅၀ လောက် ပျောက်ဆုံးနေ

ရွှေ့ပြောင်း အခြေချနိုင်ဖို့ ရည်ရွယ်ထားသူတွေကို တင်ဆောင်သွားတဲ့ လှေတစ်စီး နစ်မြုပ်ပြီး ရိုဟင်ဂျာတွေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ စုစုပေါင်း ၂၅၀ ဝန်းကျင် ပျောက်ဆုံးနေကြောင်း သိရပါတယ်။

ရွှေ့ပြောင်း အခြေချနိုင်ဖို့ ရည်ရွယ်ထားသူတွေကို တင်ဆောင်သွားတဲ့ လှေတစ်စီး နစ်မြုပ်ပြီး ရိုဟင်ဂျာတွေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ စုစုပေါင်း ၂၅၀ ဝန်းကျင် ပျောက်ဆုံးနေကြောင်း သိရပါတယ်။

ကုလသမဂ္ဂရဲ့ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ အေဂျင်စီတွေရဲ့ ထုတ်ပြန်ချက်မှာတော့ ပျောက်ဆုံးနေသူတွေထဲမှာ ကလေးငယ်တွေပါ ပါဝင်နေတယ်လို့ ပါရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ဘင်္ဂလားဒေ့ရှ်ကနေ ထွက်ခွာလာပြီး မလေးရှားနိုင်ငံဆီ ဦးတည်နေခဲ့တဲ့ ငါးဖမ်းလှေဟာ ကပ္ပလီ ပင်လယ်ပြင်မှာ ကြမ်းတမ်းပြင်းထန်တဲ့ လှိုင်းဒဏ်၊ လေဒဏ်တွေ ခံခဲ့ရပြီး နစ်မြုပ်သွားခဲ့တာလို့ အသက်ရှင် လွတ်မြောက်လာသူတွေက ပြောပါတယ်။

လှေရဲ့ အရွယ်အစားနဲ့ မမျှလောက်အောင် လူတွေ ပြွတ်သိပ် တင်ဆောင်လာတဲ့ လှေပေါ်ကနေ ဧပြီ ၉ ရက်နေ့မှာ လူ ၉ ဦးကိုသာ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်က ဆိုပါတယ်။ ရေယာဉ် နစ်မြုပ်ခဲ့တဲ့ နေ့ကိုတော့ တိတိကျကျ မသိရသေးပါဘူး။

မြန်မာ စစ်တပ်ရဲ့ ရက်စက်ကြမ်းတမ်းတဲ့ ဖြိုခွင်းမှုတွေကြောင့် ၂၀၁၇ တုန်းက မြန်မာနိုင်ငံကနေ ထွက်ပြေးပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေရော၊ ဒေသခံ ဆင်းရဲနွမ်းပါးတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေပါ ပိုမိုကောင်းမွန်တဲ့ ဘဝမျိုးကို မျှော်လင့်ပြီး မလေးရှားနဲ့ အင်ဒိုနီးရှားတို့လို နိုင်ငံတွေဆီ စွန့်စားထွက်ခွာလေ့ ရှိပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီအခါ ကြံ့ခိုင်မှု အားနည်းတဲ့ လှေတွေကို အသုံးပြုပြီး ရှည်လျားတဲ့ ပင်လယ်ခရီးကိုပဲ အားကိုးကြရတာကြောင့် အရင်ကလည်း ပင်လယ်ပြင်မှာ လှေနစ်ပြီး သေဆုံးမှု ဖြစ်စဉ်တွေ အများအပြား ကြုံခဲ့ပြီးသားပါ။

အခုဖြစ်ရပ်မှာ အသက်ရှင် လွတ်မြောက်လာသူ တစ်ဦးဖြစ်တဲ့ ရာဖီကာ အစ္စလာမ်က သူဟာ ကယ်ဆယ်ရေး အဖွဲ့တွေ ရှာမတွေ့ခင် ပင်လယ်ပြင်မှာ ၃၆ နာရီလောက် မျောပါနေခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ နောက်ပြီး နစ်မြုပ်သွားတဲ့ လှေကနေ ထွက်လာတဲ့ ဆီတွေကြောင့် သူ့အရေပြားတွေ လောင်ကျွမ်းခဲ့တယ်လို့ အစ္စလာမ်က ဆိုပါတယ်။

အသက် ၄၀ အရွယ် အမျိုးသားက သူဟာ မလေးရှားမှာ ကောင်းမွန်တဲ့ အလုပ်တစ်ခု ရရှိမယ်ဆိုတဲ့ ကတိစကားကြောင့် အခုလို စွန့်စားရတဲ့ ပင်လယ်ပြင် ခရီးကို ရွေးချယ်ခဲ့တာလို့ ရှင်းပြခဲ့ပါတယ်။

ဒီကြေကွဲစရာ ဖြစ်ရပ်ဟာ အန္တရာယ်များလှတဲ့ ရွှေ့ပြောင်းအခြေချမှု နည်းလမ်းတွေကြောင့် ဘယ်လောက် ဆိုးရွားတဲ့ အကျိုးဆက်တွေ ကြုံတွေ့စေနိုင်သလဲ ဆိုတာကို မြင်သာစေသလို ရိုဟင်ဂျာတွေရဲ့ ဒုက္ခတွေအတွက် အရှည်တည်တဲ့ ဖြေရှင်းမှုတွေ မရှိသေးဘူးဆိုတာ ပေါ်လွင်စေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)နဲ့ နိုင်ငံတကာ ရွှေ့ပြောင်းအခြေချမှုအဖွဲ့ကြီး (IOM)က ပူးတွဲ ကြေညာခဲ့ပါတယ်။

ဧပြီ ၁၄ ရက် ထုတ်ပြန်ချက်မှာတော့ ကုလသမဂ္ဂရဲ့ အေဂျင်စီ နှစ်ခုက နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ သူတို့ကို လက်ခံ စောင့်ရှောက်ထားတဲ့ ဘင်္ဂလားဒေ့ရှ် လူ့အဖွဲ့အစည်းအတွက် ရန်ပုံငွေတွေ ဆက်လက် ပံ့ပိုး ကူညီပေးနေကြဖို့လည်း တိုက်တွန်း တောင်းဆိုထားခဲ့ပါတယ်။

ကိုးကား: BBC
ဓာတ်ပုံ – Getty

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ အမြင်အာရုံ ချွတ်ယွင်းနေတဲ့ ရိုဟင်ဂျာ အမျိုးသား တစ်ဦးကို နယ်စပ် လုံခြုံရေး အေးဂျင့်တွေက မိသားစုဆီ သေချာ မအပ်နှံဘဲ ပြန်လွှတ်ပေးခဲ့ရာက သေဆုံးသွားခဲ့ပါတယ်။

သတင်း

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ စစ်တပ်က အရပ်သားအစိုးရအဖွဲ့ကို ထပ်မံအာဏာသိမ်းဖို့အထိ အတင့်ရဲလာခဲ့တယ်လို့ ဂမ်ဘီယာ တရားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။

သတင်း

■သီတဂူဆရာ​တော်၊ဦးဝီရသူ ၊မဘသနဲ့ အစွန်း​ရောက်အမျိုးသားရေးဘုန်းကြီးတွေလူမျိုးတုံးသတ်ဖြတ်ဖို့ဝါဒဖြန့်ချီလှုံ့​ဆော်မှု​တွေမှာပါဝင်ခဲ့ကြောင်းသက်သေတွေနဲ့တကွICJမှာတင်ပြ ဇန်နဝါရီ-၁၄၊၂၀၂၆။လီလီယန်/People’s Spring ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ စစ်တပ်က အရပ်သားအစိုးရအဖွဲ့ကို ထပ်မံအာဏာသိမ်းဖို့အထိ အတင့်ရဲလာခဲ့တယ်လို့ ဂမ်ဘီယာ တရားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ ဂမ်ဘီယာ ရှေ့နေချုပ်လည်းဖြစ်သူ တရားရေးဝန်ကြီး မစ္စတာဒေါ်ဒါဂျယ်လိုက အခုလို ပြောကြားခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံဟာ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိမှုတွေရဲ့...

သတင်း

ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအပေါ် စွပ်စွဲထားတဲ့ အမှုကို နယ်သာလန်နိုင်ငံမှာရှိတဲ့အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)ရဲ့ကြားနာမှုဟာ ဒီက​နေ့မှာစတင်မှာဖြစ်ပါတယ်။

Facebook