Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးက ကိုရီးယား နှစ်နိုင်ငံကို သံတမန် ခရီးစဉ်တွေက ဆက်တိုက် သွားရောက်

စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဗီဗီယန် ဘာလက်ခ်ရစ်ရှ်နန်ဟာ ကိုရီးယား နှစ်နိုင်ငံဆီ ဆက်တိုက် သံတမန် ခရီးစဉ်တွေ သွားရောက်ခဲ့ပါတယ်။

ဓာတ်ပုံ - KCNA

စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဗီဗီယန် ဘာလက်ခ်ရစ်ရှ်နန်ဟာ ကိုရီးယား နှစ်နိုင်ငံဆီ ဆက်တိုက် သံတမန် ခရီးစဉ်တွေ သွားရောက်ခဲ့ပါတယ်။

သူဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ မြို့တော် ပြုံယမ်းကို မေလ ၂၆ နဲ့ ၂၇ ရက်နေ့တွေမှာ သွားရောက်ခဲ့ပါတယ်။ ဘာလက်ခ်ရစ်ရှ်နန်ဟာ ပြုံယမ်းမှာ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ချိုဆွန်ဟွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဘာလက်ခ်ရစ်ရှ်နန်ရဲ့ ခရီးစဉ်ကို အလုပ်ခရီးစဉ်လို့ သုံးနှုန်း ထုတ်ပြန်ခဲ့ပါတယ်။ ဝန်ကြီးနှစ်ဦးဟာ ဒေသတွင်းနဲ့ နိုင်ငံတကာ အရေးကိစ္စတွေ အပါဝင် ကျယ်ပြန့်တဲ့ အကြောင်းအရာ အများအပြားကို ဆွေးနွေးခဲ့ကြကြောင်း မေလ ၂၇ ရက်နေ့မှာ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

မေလ ၂၈ ရက်နေ့မှာတော့ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးဟာ ဆိုးလ်မြို့မှာ တောင်ကိုရီးယား ဝန်ကြီး ချိုဟွန်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ ချိုက ကိုရီးယားနှစ်နိုင်ငံ ပြန်လည် သင့်မြတ်ရေး တောင်ကိုရီးယား အစိုးရရဲ့ ရည်မှန်းချက်တွေကို စင်ကာပူနဲ့ တခြား အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အဖွဲ့ဝင်တွေက ကူညီဖြည့်စွမ်းပေးဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဘာလက်ခ်ရစ်ရှ်နန်ကလည်း ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် တောင်ကိုရီးယားနဲ့ စင်ကာပူကြား အနီးကပ် ညှိနှိုင်း အလုပ်လုပ်မှုတွေ လိုအပ်ကြောင်း အလေးအနက် ပြောဆိုခဲ့ပါတယ်။

စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးက ကိုရီးယား နှစ်နိုင်ငံစလုံးရဲ့ မြို့တော်တွေဆီ အခုလို သွားရောက်တာမျိုးဟာ ရှားပါးတဲ့ အခြေအနေ တစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က တရုတ်နိုင်ငံဆီ အရင်ဆုံး သွားရောက်ခဲ့ပြီး အဲဒီကနေတဆင့် ကိုရီးယားကျွန်းဆွယ်ဖက်ကို ခရီးဆက်ခဲ့တာ ဖြစ်ပါတယ်။

စင်ကာပူဟာ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးဆိုင်ရာ သံတမန်ရေး လှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင် ကူညီဖူးတဲ့ သမိုင်းကြောင်းမျိုးလည်း ရှိနေပါတယ်။

၂၀၁၈ တုန်းက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းတို့ရဲ့ ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးမှုကို စင်ကာပူမှာ ကျင်းပခဲ့ပါတယ်။ အဲဒီတုန်းက နှစ်ဖက်ကြားမှာ ငြိမ်းချမ်းရေး ကိစ္စတွေ ဆွေးနွေးဖို့၊ ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီးယားလက်နက် ကင်းစင်ရေး ကိစ္စတွေ ညှိနှိုင်းဖို့ ကနဦး သဘောတူညီမှု ရရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အခြေအနေတွေက ပြန်လည် ဆုတ်ယုတ်သွားခဲ့ပါတယ်။

ကိုးကား: Yonhap

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။